Features
မိမိ၏ ဒေတာအချက်အလက်များဖြင့် မြေပုံများ၊ အက်ပလီကေးရှင်းများကို လွယ်ကူလျင်မြန်စွာ ဖန်တီး၍၊ မိမိအဖွဲ့အစည်းများနှင့် အများပြည်သူများကို မျှဝေနိုင်ပါသည်။ အရေးကြီးသည့် တည်နေရာအချက်အလက်များ၊ သတင်းအချက်အလက်များကို မိမိ၏ကွန်ပျူတာ၊ browser များ၊ tablet များ နှင့် စမတ်ဖုန်းများမှတစ်ဆင့် အချိန်၊နေရာ မရွေး လွယ်ကူစွာရယူအသုံးပြုနိုင်ပါသည်။
လူတိုင်းအတွက်အက်ပလီကေးရှင်း(application)
မိမိ ဖော်ပြချင်သော အကြောင်းအရာများကို အကျိုးရှိရှိနှင့် လျင်လျင်မြန်မြန် အကောင်အထည်ဖော်နိုင်ရန် ArcGIS အက်ပလီကေးရှင်း (applications)က လုပ်ဆောင်ပေးပါသည်။ သတ်မှတ်ထားသော လုပ်ငန်းတာဝန်များအား အမြန်ဆုံးနှင့် စနစ်တကျ ပြီးမြောက်နိုင်ရန် တည်ဆောက်ထားပါသည်။ configuration အနည်းငယ် လုပ်ရုံဖြင့် အင်တာနက်ရရှိချိန် (online)သာမက အင်တာနက်မရရှိသည့်အချိန် (offline)တွင်လည်း အသုံးပြုနိုင်ပါသည်။
အကြောင်းအရာ(content)များ
မိမိလုပ်ငန်းအစီအစဉ်များ တိုးချဲ့ရန် (သို့မဟုတ်) စတင်ရန်အကြောင်းအရာများ ရှာဖွေရန် ကမ္ဘာတစ်ဝှမ်းရှိ အရေးကြီးသော ပထဝီဝင်အချက်အလက်များ စုဆောင်းထားသော ArcGIS Living Atlas မှ ဒေတာများကို တိုက်ရိုက်အသုံးပြုနိုင်ပါသည်။ မြေပုံများ၊ အက်ပလီကေးရှင်း(application) များနှင့် ဒေတာ layerများအား အမျိုးအစားအလိုက် လွယ်ကူလျင်မြန်စွာရှာဖွေပြီး မိမိလုပ်ငန်းနယ်ပယ်များတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ အမျိုးအစားများမှာ-
အောက်ခံဓာတ်ပုံများ
ရှေးနှစ်ပေါင်းများစွာမှစ၍ ယနေ့အချိန်ထိ ရိုက်ယူထားသော အရည်အသွေးကောင်းမွန်သော ကမ္ဘာတစ်ဝှမ်းရှိ ကောင်းကင်ဂြိုဟ်တုဓါတ်ပုံများကို အောက်ခံမြေပုံအဖြစ် ရယူအသုံးပြုနိုင်ပါသည်။
အောက်ခံမြေပုံများ
အခြေခံမြေပုံများသည် မိမိ၏ သတင်းအချက်အလက်များကို ပိုမိုနားလည်စွာ ဖော်ပြနိုင်ရန် အထောက်အပံ့ပေးသော အရေးကြီးသော အချက်ဖြစ်သည်။ ဤအခြေခံမြေပုံများကို Esri မှအကောင်းဆုံးသောဒေတာများဖြင့်တည်ဆောက်ထားပြီး ပုံစံအမျိုးမျိုးဖြင့် ဖော်ပြထားပါသည်။
လူဦးရေအချိုးအစားပြမြေပုံများ
လူဦးရေနှင့် ပတ်သက်သောအချက်အလက်များကို အသုံးပြု၍ လူဦးရေအချိုးအစား နှင့် လူနေမှုပုံစံ အခြေအနေများကို ဖော်ပြနိုင်ပါတယ်။
အခြေခံလိုအပ်ချက်များ
မြို့ပြမှစ၍ ကျေးလက်ဒေသထိတိုင်အောင် ဆက်သွယ်ထားသော သယ်ယူပို့ဆောင်ရေးကွန်ယက်စနစ်များ ကဲ့သို့သော စနစ်များအတွက် layer များ ပြုလုပ်နိုင်ပါသည်။
အုပ်ချုပ်ရေးဆိုင်ရာနယ်နိမိတ်များအတွက်GIS
အုပ်ချုပ်ရေးဆိုင်ရာနယ်နိမိတ်များ၊ ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်များ၊ ပထဝီနယ်မြေဇုန်သတ်မှတ်မှုများကို အမျိုးမျိုးသော စကေးအတိုင်းအတာများဖြင့် ပြုလုပ်နိုင်ပါသည်။ ၎င်းအချက်အလက်များကို ကိုးကား၍ ခွဲခြမ်းလေ့လာဆန်းစစ်မှုများ ဆောင်ရွက်နိုင်ပါသည်။
သဘာဝပတ်ဝန်းကျင်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်မှုများကို ခန့်မှန်းတွက်ချက်နိုင်ရန် Esri မှ ဖော်ပြထားသော မြေမျက်နှာသွင်ပြင်များ၊ သမုဒ္ဒရာများ၊ ကုန်းမြေများ စသော ဒေတာအချက်အလက်များသည် ပိုမိုကောင်းမွန်သင့်လျော်သော လုပ်ဆောင်မှုများနှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးလျက်ရှိပါသည်။
အချက်အလက်များ
ဂြိုလ်တုဓာတ်ပုံများ နှင့် လူမှုကွန်ယက်မီဒီယာများမှ ရေကြီးမှုဖြစ်ပွားရာတည်နေရာအချက်အလက်များ ရယူ၍၊ ရရှိလာသော အချက်အလက်များကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်းဖြင့် (Spatial analysis) ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ ထိခိုက်မှုများ၊ ဆက်လက်ဖြစ်ပေါ်နိုင်သည့်နေရာများကို တွက်ချက်ဖော်ထုတ်နိုင်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါသည်။
Geocoding
တည်နေရာများနှင့် လိပ်စာအချက်အလက်များကို ကိုသြဒိနိတ်များအဖြစ်ပြောင်းလဲ၍ database၌ သိမ်းထားနိုင်ပါသည်။ လိပ်စာ သို့မဟုတ် အမည်များရိုက်ထည့် ခြင်းဖြင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း (၁၃၀) ကျော်ကို geocoding ဖြင့် ရှာဖွေနိုင်ပါသည်။
လမ်းကြောင်းစီမံခန့်ခွဲမှု- လမ်ကြောင်းများ နှင့်သယ်ယူပို့ဆောင်ရေး
တည်နေရာ A မှ တည်နေရာ B သို့ သွားရန် အမြန်ဆုံးလမ်းကြောင်းများ ရှာဖွေရန်၊ သတ်မှတ်အချိန်အတွင်း ရောက်ရှိနိုင်သော ဧရိယာအကျယ်အဝန်းကို တွေ့မြင်ရန်၊ ယာဉ်မောင်းသမားများအတွက် သတ်မှတ်ထားသောအချိန်အတွင်းရောက်ရှိနိုင်သော ကားမှတ်တိုင်အရေအတွက်များ သတ်မှတ်ပေးခြင်း၊ ရောင်းအားမြှင့်တင်ရန်အတွက် အမှာစာအော်ဒါများကို အချိန်မီပို့ဆောင်ရန် လမ်းကြောင်းများ သတ်မှတ်ပေးခြင်းတို့ဖြင့် လုပ်ငန်းပိုင်းဆိုင်ရာနှင့် ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို ပိုမိုအဆင်ပြေချောမွေ့စေပါသည်။
စီမံခန့်ခွဲခြင်း
အသုံးပြုတစ်ဦးစီ၏ လုပ်ပိုင်ခွင့်များနှင့် content များကို Adminကိုယ်တိုင် စီမံခန့်ခွဲနိုင်ပါသည်။ Adminသည် လိုင်စင်ခွင့်ပြုချက်များနှင့် Systemတစ်ခုလုံး၏ ကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ပါသည်။
ArcGIS Marketplace
Esri ၏မိတ်ဖက်အဖွဲ့အစည်းများနှင့် အခြားသောအဖွဲ့အစည်းများမှ မျှဝေထားသော အက်ပလီကေးရှင်းများနှင့် ဝန်ဆောင်မှုများ ရရှိနိုင်သော နေရာဖြစ်ပါသည်။
ArcGIS Solutions
မိမိလုပ်ငန်းနယ်ပယ်များအတွက် ကြိုတင်ပြင်ဆင်ထားသော မြေပုံများ နှင့် အက်ပလီကေးရှင်း(application)များသည် လုပ်ငန်းဆောင်ရွက်ချိန်ကို မြန်ဆန်သက်သာစေပါသည်။ အဆင်သင့် ပြုလုပ်ထားသော application template များဖြင့် လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ပါသည်။ ArcGIS Solution သည်အစိုးရအဖွဲ့အစည်းများ၊ အရေးပေါ်စီမံခန့်ခွဲရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ စစ်ရေးနှင့်ထောက်လှမ်းရေး ကဲ့သို့သော နယ်ပယ်အမျိုးမျိုးအတွက် အကူအညီပေးပါသည်။
လုံခြုံစိတ်ချမှု
ArcGIS Onlineသည် လုံခြုံစိတ်ချရသော ထိန်းချုပ်မှုစနစ်များနှင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဒေတာအချက်အလက်များလုံခြုံမှုအတွက် များစွာသော ထောက်ခံချက်လက်မှတ်များနှင့်အတူ ပိုမိုကောင်းမွန်သော လုံခြုံမှုစနစ်များအတွက် စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိပါသည်။
Developer များအတွက် Tool များ
အသုံးပြုသူကိုယ်တိုင် Developer toolများဖြင့် အက်ပလီကေးရှင်းများ (application)နှင့် ဒေတာများကို ပေါင်းစပ်အသုံးပြုနိုင်ပါသည်။ devices အမျိုးမျိုးအတွက် APIs ၊ SDKs နှင့် app builders များကို အသုံးပြုနိုင်ပါသည်။