ArcGIS Online
မိမိ၏ ArcGIS Online မြေပုံများတွင် KML ဖိုင်ကိုထည့်သွင်းအသုံးပြုခြင်း
KML (Keyhole Markup Language) သည် geographic featuresများကို ဖော်ပြလေ့ရှိသည့် XML-based formatတစ်ခုဖြစ်သည်။ Keyhole’s Earth Viewerအတွက် စတင် ဖန်တီးခဲ့ရာမှ Googleသည် Keyholeကို ရယူခဲ့ပြီး Earth Viewerသည် Google Earthဖြစ်ပေါ်လာချိန်တွင် KMLသည် တွင်ကျယ်လာခဲ့သည်။ KML ကို ArcGIS၏ 2D and 3D desktop applications, ArcGIS Server, ArcGIS Online, နှင့် ArcGIS Earthတို့တွင် ပံ့ပိုးပေးထားသည်။ ArcGIS Online web mapsတွင် KMLအသုံးပြုပုံကို ဖော်ပြပေးသွားပါမည်။
"KML fileတစ်ခုကို မိမိမြေပုံပေါ်တွင် ထည့်သွင်းခြင်း"
အဆင့်၁— မိမိ၏ ArcGIS accountသို့ ဝင်ရောက်၍ Map Viewerကို ဖွင့်ပါ။ Contents (dark) toolbarမှ layersများအဖြစ် ဖိုင်များကိုထည့်သွင်းရန် နည်းလမ်း ၂မျိုးရှိသည်။
(1) Add ကိုနှိပ်ပါ၊ ထို့နောက် Add layer from file.
(2) Layers paneရှိ Add drop-down list မှတစ်ဆင့် Add layer from file ကိုရွေးပါ။
အဆင့်၂— Add Layer paneတွင် Your deviceကို နှိပ်၍ KML fileအတွက် ဖွင့်ပါ (သို့မဟုတ်) KMLကို paneပေါ်သို့ Drag and dropဖြင့် ခေါ်ယူ အသုံးပြုနိုင်သည်။
အဆင့်၃— KMLအမျိုးအစားတစ်ခုကို မိမိ၏ မြေပုံပေါ်တွင် ဖန်တီးထည့်သွင်းလိမ့်မည်။ layerအတွက် title, summary, tagsနှင့် other informationတို့ကို သတ်မှတ်ပေးပါ။
အားလုံးပြီးသောအခါ Create and add to map ကို နှိပ်ပါ။
မှတ်ချက်။ ။ effects နှင့် blending များကို ထည့်သွင်းအသုံးပြုချိန်တွင် KML layerအတွက် symbols နှင့် pop-upsများကိုမူ ပြောင်းလဲနိုင်ခြင်းမရှိပေ။
"KML fileကို မိမိမြေပုံပေါ်တွင် URLဖြင့် ထည့်သွင်းခြင်း"
KMLကို ၎င်း၏ URLဖြင့် web locationsမှတစ်ဆင့် ပေါင်းထည့်နိုင်သည်။
အဆင့်၁— မိမိ၏ ArcGIS accountသို့ ဝင်ရောက်၍ Map Viewerကို ဖွင့်ပါ။ Contents (dark) toolbarမှ layersများအဖြစ် URLအခြေခံသော ဖိုင်များကို ထည့်သွင်းရန် နည်းလမ်း ၂မျိုးရှိသည်။
(1) Add ကိုနှိပ်ပါ၊ ထို့နောက် Add layer from URL
(2) Layers paneရှိ Add drop-down list မှတစ်ဆင့် Add layer from URL ကိုရွေးပါ။
အဆင့်၂— Add Layer paneတွင် URLကို ခေါ်ယူပြီး အမျိုးအစားသည် KML (OGC) ဖြစ်ရပါမည်။ ပြီးဆုံးသောအခါ Add to map ကိုနှိပ်ပါ။
မှတ်ချက်။ ။ KML layerကို မိမိမြေပုံပေါ်သို့ ပေါင်းထည့်ခြင်းသည် KML itemကို ဖန်တီးခြင်းမဟုတ်ပေ။ My Content ရှိ New item ကို အသုံးပြု၍ URLဖြင့် KMLကို ပေါင်းထည့်မှသာလျှင် KML itemတစ်ခုကို ဖန်တီးပြီးဖြစ်မည်။
"New itemကိုအသုံးပြု၍ KML itemတစ်ခုကိုထည့်သွင်းခြင်း"
အထက်ဖော်ပြပါ အဆင့်များသည် KMLကို Map Viewerတွင် တိုက်ရိုက်ပေါင်းထည့်သည့် အဆင့်များဖြစ်သည်။ KMLပေါင်းထည့်မည့် အခြားနည်းလမ်းသည် My Contentရှိ New itemမှ တစ်ဆင့်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သည့် အဆင့်များအတိုင်းဖြစ်သည်။ New item ကိုအသုံးပြု၍ KMLကို ထည့်သွင်းပြီးနောက် file နှင့် URL-based KMLအတွက် KML itemအသစ်တစ်ခုကို ဖန်တီးသည်။ KML item pagesရှိ Overview tabမှ Open in Map Viewer ကို ရွေးချယ်ခြင်းဖြင့် Map Viewerတွင် KMLကို ဝင်ရောက်နိုင်သည်။
အသေးစိတ်အချက်အလက်များ
- KML (Help)
- Considerations for using KML in your map (Help)
Contact Us
for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com
Hot Line:
+95 9 886366874