အစိုးရလုပ်ငန်း
ပြည်သူနှင့်အတူရှေ့ဆက်မည်။ လျင်မြန်သွက်လက်မှုကို ထိန်းသိမ်းမည်။ စိန်ခေါ်မှုအသစ်များနှင့် တွေ့ဆုံမည်။
Geographic information system (GIS)နည်းပညာသည် လုပ်ငန်းစဉ်ရေးဆွဲခြင်းများ၊ မူဝါဒချမှတ်ခြင်းများနှင့် ပြည်သူများနှင့် တစ်သားတည်းရှိစေရန် အစိုးရလုပ်ငန်းစဉ်များကို ပုံဖော်ပေးလျက်ရှိပါသည်။ GIS သည် ပတ်ဝန်းကျင်၊ အခြေခံအဆောက်အအုံ၊ လုံခြုံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စီမံကိန်း၊ အင်ဂျင်နီယာလုပ်ငန်းများ စသည်တို့အတွက် "ရေရှည်စဉ်ဆက်မပြတ်တိုးတက်မှုကို မည်ကဲ့သို့ ဖြစ်ပေါ်စေမည်နည်း?" ဟူသည့် ရည်ရွယ်ချက်ကို အထောက်အကူပြုပေးပါသည်။
အဆင့်မြင့် GIS နည်းပညာသည် အစိုးရလုပ်ငန်းခွင်များကို ခေတ်နှင့်အညီရှိစေခြင်း၊ သဘာဝတရားနှင့် ဖန်တီးထားသည့် ပတ်ဝန်းကျင်အကြား လိုက်လျောညီထွေမှုရှိသော ရှုထောင့် အသစ်များ ရရှိခြင်းနှင့် မျှတပြီး ထိရောက်သော မူဝါဒများကို ဖန်တီးခြင်းတို့အတွက် ကူညီပေးလျက်ရှိပါသည်။ GIS သည် အစိုးရလုပ်ငန်းများအတွက် တိကျမြန်ဆန်သော မြေပုံရေးဆွဲသည့် Platform တစ်ခုဖြစ်ပြီး၊ အဆက်မပြတ် ဆက်သွယ်ချိတ်ဆက်မှုများကို လမ်းညွှန်ပေးသော အရာတစ်ခုလည်းဖြစ်ပါသည်။
အစိုးရဌာနများ
Esri နည်းပညာအသုံးချမှုများကို ဌာနအမျိုးအစားအလိုက် အသေးစိတ်လေ့လာနိုင်ပါသည်။
ကျွန်ုပ်တို့၏အသိုင်းအဝန်းအဖွဲ့အစည်း
လုပ်ငန်းနယ်ပယ်တူများ၏ Esriနည်းပညာကို အသုံးပြု၍ အောင်မြင်သော ရည်မှန်းချက်ပန်တိုင်းများသို့ ရောက်ရှိပုံများကို လေ့လာနိုင်ပါသည်။
အဓိကနယ်ပယ်ဧရိယာများ
Esriနည်းပညာကို အစိုးရလုပ်ငန်းအဆင့်အမျိုးမျိုးနှင့် ကမ္ဘာတစ်ဝှမ်းရှိ နယ်ပယ် အသီးသီးတွင် အသုံးပြုလျှက်ရှိကြသည်။ ဖော်ပြပါ ဧရိယာများသည် ကမ္ဘာ့စိန်ခေါ်ချက်များကို အခြေခံထားသော အဓိက ဦးတည်ထားရမည့် ဧရိယာဝန်းကျင်များဖြစ်သည်။
အခြေခံအဆောက်အအုံ
နေရာဒေသအလိုက်ရှိ ပြည်သူများ၊ တည်ဆောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဟန်ချက်ညီစေရန် အစိုးရသည် အခြေခံခိုင်မာမှုများကို ထိန်းသိမ်းရမည်၊ smart technologyများကို အစီအစဉ်ရေးဆွဲရပါမည်။ GISသည် ပြန်လည်တည်ဆောက်ရန်၊ ပြန်လည်းသုံးသပ်ရန်နှင့် ပြန်လည်ပုံဖော်ရန်တို့ကို ထောက်ပံ့လျက်ရှိသည်။
စီးပွားရေးလုပ်ငန်းပြန်လည်ထူထောင်ခြင်း
အစိုးရဌာနများသည် စီးပွားရေးလုပ်ငန်းလည်ပတ်မှု၊ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေရရှိရေးကို ထောက်ပံ့ပေးသည့် ရေရှည်အစီအစဉ်များကို ပုံဖော်ဖန်တီးနိုင်ရမည်။ COVID-19 အကျပ်အတည်း ကဲ့သို့သော အခက်အခဲဖြစ်ရပ်များသည် စီးပွားရေးလုပ်ငန်းကို ရိုက်ခတ်လာသောအခါ ဆက်သွယ်ချိတ်ဆက်မှုများကို ပြန်လည်ထူထောင်ပြီး ဖြစ်ပေါ်လာမည့် အနှောင့်အယှက်များကို ခံနိုင်ရည်ရှိမည့် အစီအစဉ်များကို တည်ဆောက်ရန် အစိုးရဌာနများသည် GISကို အသုံးပြုသည်။
အိမ်ရာ
အိမ်ရာသည် အချို့သောသူများအတွက် လက်လှမ်းမမီနိုင်သော အခြေခံလိုအပ်ချက် တစ်ခုဖြစ်သည်။ အိမ်ရာမူဝါဒများသည် လူနေမှုပုံစံပြောင်းလဲလာမှုနောက်တွင် နောက်ကျကျန်ခဲ့လေ့ရှိတတ်ပြီး သင့်လျော်သော အိမ်ရာအချိုးအစားနှင့် ဒေသတွင်း လူဦးရေစာရင်းသည်လည်း အမြဲကိုက်ညီမှု မရှိနိုင်ပေ။ GISသည် ဈေးနှုန်းသင့်လျော်သော၊ အလွယ်တကူပြောင်းရွှေ့နေထိုင်နိုင်သော၊ သင့်လျော်အဆင်ပြေသည့် လူသားဗဟိုပြု ဒီဇိုင်းကို ဦးစားပေးရေးဆွဲပေးသည်။
Contact Us
for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com
Hot Line:
+95 9 886366874