လူတိုင်းအတွက် ArcGIS Application များ
ArcGIS applications များကိုအသုံးပြု၍ စွမ်းဆောင်ရည်ပြည့်ဝသော features များဖန်တီးနိုင်ခြင်း၊ ပထဝီဝင်ဆိုင်ရာတည်နေရာများဖြင့် အဆင်သင့် အသုံးပြုနိုင်သော configurationများ တည်ဆောက်ခြင်း၊ နယ်ပယ်အသီးသီးမှ အမျိုးမျိုးသော သတင်းအချက်အလက်များကို အသုံးပြု၍ လွယ်ကူစွာ ပေါင်းစပ်ဆောင်ရွက်နိုင်ခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။
အဆိုပါ application ကို Mappingကဏ္ဍတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသော ArcGIS Platform ပေါ်တွင် တည်ဆောက်ထားပါ သည်။
ArcGIS applications များ
စုံစမ်းစစ်ဆေးမှုများ
လွယ်ကူလျှင်မြန်စွာ ဒေတာများစုဆောင်းနိုင်ခြင်း၊ စီမံခန့်ခွဲနိုင်ခြင်း၊ Workflows ကို ပိုကောင်းအောင်လုပ်ဆောင်နိုင်ခြင်း။
ရုံးလုပ်ငန်းပိုင်း
ဒေတာများကို အသေးစိတ် ခွဲခြမ်းဆန်းစစ်ခြင်းဖြင့် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း။
လူမှုကွန်ယက်အဖွဲ့အစည်း
အသုံးပြုသူ အဖွဲ့အစည်းနှင့် အခြားလူမှုကွန်ယက် အဖွဲ့အစည်းအချင်းချင်း ဆက်သွယ်ချိတ်ဆက်နိုင်ပါသည်။
စိတ်တိုင်းကျဖန်တီးနိုင်သော App Builder
Programming Languageရေးရန်မလိုပဲ မိမိကိုယ်ပိုင် App များ ဖန်တီးနိုင်ပါသည်။
Application များအကြောင်း
ArcGIS Collector
စာရွက်များ အသုံးပြု၍ ဒေတာများ စုဆောင်းရန် မလိုတော့ဘဲ၊ Smart Phone သို့မဟုတ် tablet များဖြင့် တိကျမှန်ကန်သော ဒေတာများစုဆောင်းပေးနိုင်ခြင်း၊ ဒေတာကို လျင်မြန်စွာသိမ်းဆည်းထားနိုင်ခြင်း၊ Online သာမက Offline ဖြင့်လည်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ အချိန်နှင့် တစ်ပြေးညီ Updateဒေတာများ အလိုအလျောက်တင်ပေးနိုင်ခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။
ArcGIS Navigator
လုပ်ငန်းဆောင်ရွက်မှု ပုံစံ အဆင့်ဆင့် (Workflow) ကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ Field ထဲတွင် ရှိသော အလုပ်သမားများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ကြည့်ရှုနိုင်ရန်နှင့် တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ချက်များကို စီမံဆောင်ရွက်ပေးသည်။ Offline ဖြစ်နေချိန်တွင်လည်း တိကျ သော တည်နေရာကို ချက်ချင်း လမ်း ညွှန်မှုပေးနိုင်သည်။ Collector for ArcGIS နှင့် အခြား application များကို အချိန်ကုန် သက် သာစွာ အတူပူးပေါင်းပြီး လုပ်ဆောင်နိုင် သည်။
ArcGIS Operations Dashboards
လုပ်ငန်းဆောင်ရွက်ချက်များအား အချိန်နှင့်တစ်ပြေးညီ (Real-Time) ဖော်ပြကြည့်ရှုနိုင်ခြင်း၊ နေ့စၣ်လုပ်ငန်းဆောင်ရွက်မှု သို့ မဟုတ် update ဒေတာများကို မြေပုံများနှင့်တစ်ကွ စာရင်းဇယားများ၊ စာရင်းတွက်ချက်မှုများ အစရှိသည်တို့ဖြင့် ပေါင်းစပ်ဖော်ပြနိုင်သည်။
ArcGIS Explorer
ရှိပြီးသော ဒေတာများ၊ အရာဝတ္ထု၏ တည် နေရာများနှင့် အခြားသော ဒေတာများကို အခြေခံ၍ သတင်း အချက်အလက်အသစ်များရှာဖွေရန် (သို့မဟုတ်) သတင်းအချက် အလက်များ၏ အရေးကြီးသော ဂုဏ်သတ္တိများကို မီးမောင်းထိုးပြသော မြေပုံတစ်ခုဖန်တီးရန်နှင့် မြေပုံများကို အများပြည်သူများအား ဝေမျှနိုင်ရန် ရည်ရွယ်သည်။
ArcGIS Workforce
အဖွဲ့အစည်းများ၏ လုပ်ငန်း ကိစ္စရပ်များကို ဖုန်းများဖြင့် လွယ်ကူစွာ ဆက်သွယ်ပေးပို့ခြင်း၊ လက်ခံခြင်းဖြင့် လုပ်ငန်းများကို လျင်လျင်မြန်မြန် ပိုမိုတိုးတက်စေပါသည်။ အခြားသော applications များနှင့် ပေါင်းစပ်၍ လုပ်ငန်းတာဝန်များ လုပ်ဆောင်နိုင်ခြင်း၊ လမ်းညွှန်မှုများပြုလုပ်ခြင်းနှင့် ဒေတာစုဆောင်းနိုင်ခြင်း၊ မိုလ်ဘိုင်းဖုန်းရှိရုံဖြင့် လုပ်ဆောင်မှုအားလုံးကို ပြီး မြောက်စေနိုင်ပါသည်။
ArcGIS Survey123
လွယ်ကူမြန်ဆန်စွာ ဒေတာစုဆောင်းနိုင်ရန် templates ဒီဇိုင်းများကို ထောက်ပံ့၍၊အဆင်သင့် အသုံးပြုနိုင်ရန် ပြင်ဆင်ထား သည်။ Click အနည်းငယ် နှိပ်ရုံဖြင့် Survey result များကို စုဆောင်းနိုင်၊ စီမံခန့်ခွဲနိုင်၊ ဝေဖန်ဆန်းစစ်နိုင်ပါသည်။
ArcGIS Pro
ArcGIS Desktop ၏ နောက်ဆုံး မျိုးဆက် application တစ်ခုဖြစ်သည်။ 2D/ 3D များကို လျင်မြန်စွာ တည်ဆောက်နိုင်သည်။ 64-bit platform စွမ်းဆောင်ရည်ကြောင့် ဒေတာ ပြုပြင်ရေးဆွဲခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ပါသည်။
ArcGIS Earth
ကျယ်ပြောလှသော ကမ္ဘာမြေပြင်သည် သင် ၏ ကမ္ဘာကြီးအကြောင်း စူးစမ်းချင်သည့် စိတ်ကို လှုံဆော်ပေးနေလိမ့်မည်။ KML File များအပါအဝင် 3D နှင့် 2D မြေပုံဒေတာများက အမှန်တကယ်တည်ရှိနေသော အရာဝတ္ထုများ၏ တည်နေရာ အနေအထားကို လွယ်ကူလျင်မြန်စွာ မြင်နိုင်၊ သိနိုင်ရန် ကူညီဖော်ဆောင်ပေးပါလိမ့်မည်။
ArcGIS for Power BI
Microsoft Power BI အသုံးပြုသူများသည် geospatial analysis ကို အသုံးပြုနိုင်ခြင်း၊ မြေပုံ ပုံစံအသစ်များကို အသုံးပြုနိုင်ခြင်း၊ လူ ဦးရေဆိုင်ရာ အချက်အလက်များ နှင့် သိသာထင်ရှားစွာ မြင်နိုင်သော မြေပုံများကို Power BI တွင်အသုံးပြုစွမ်းရှိသည်။
ArcGIS Maps for Office
Microsoft Excel နှင့် Power Point အသုံးပြုသူများအနေဖြင့် ရှုထောင့်အမျိုးမျိုးမှမေးခွန်းများအတွက် မြေပုံကို အသုံးပြု၍ အဖြေများကို သိရှိနိုင်သည်။ အကဲဖြတ်ခြင်း နှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းများအတွက် အသုံးဝင်သော နည်းလမ်းများ၊ သတင်းအချက်အလက်ကို ပေးစွမ်းသည်။
ArcGIS Business Analyst
အသုံးပြုသူများ၏ ဈေးကွက် မဟာဗျူဟာ အတွက် တည်နေရာ သတင်းအချက် အလက်များကို အသုံးပြု၍ လုပ်ငန်းတည်နေရာများရွေးချယ်ခြင်း (သို့မဟုတ်) Customer အမျိုးအစားအလိုက် ရွေးချယ်ခြင်းတို့အတွက် မြေပုံရေးဆွဲခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် စီရင်ခံတင်ပြခြင်းတို့ကို လုပ်ဆောင်နိုင်ရန် parameters ပေါင်း ၁၅၀၀၀ ကျော်ပါဝင်ပါသည်။
ArcGIS Community Analyst
ဆက်စပ်လုပ်ဆောင်ရမည့် စီမံကိန်းများ (သို့မဟုတ်) လုပ်ဆောင်မှုအသစ်များအတွက် ဦးစားပေးလုပ်ဆောင်နိုင်ရန် မူဝါဒရေးရာ ဆုံးဖြတ်ချက်များအရ သက်ရောက်မှုရှိစေရန် ထည့်သွင်းဖော်ပြထားပါသည်။ ကမ္ဘာလုံးဆိုင်ရာဒေတာများကိုအသုံးပြု၍ ဖြစ်နိုင်ခြေရှိသော အခြေအနေအရပ်ရပ်တို့နှင့် နှိုင်းယှဉ်ဖော်ပြချက်များပါဝင်သော အစီရင်ခံစာများကို ပြုလုပ်နိုင်ပါသည်။
ArcGIS GeoPlanner
Editing ပြုလုပ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် အခြားမတူညီသော အခြေအနေများပေါ်တွင် မူတည်၍ အစီရင်ခံစာ တင်သွင်းနိုင်သည်။ ဆုံးဖြတ်ချက်များကို အကဲဖြတ်ခြင်းနှင့် စီမံ ခန့်ခွဲမှုတို့ အတွက် ပံ့ပိုးထောက်ပံ့ထားပါသည်။
ArcGIS Maps for SharePoint
စာရင်းဇယားနှင့် ဒေတာများကို Point, Cluster points, Heat Mapsများပါသော မြေပုံအဖြစ်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။ Esriမှ အသုံးပြုသူများ၏ စီးပွားရေးလုပ်ငန်းများကို အသက်အရွယ် အပိုင်းအခြားအလိုက်၊ လူနေမှုပုံစံအလိုက်စသော လူဦးရေဆိုင်ရာ သတင်းအချက်အလက်များကို ခွဲခြားဖော်ပြနိုင်ရန် ထောက်ပံ့ပေးပါသည်။
ArcGIS CityEngine
မြို့ပြဆိုင်ရာ မြေပုံများကို 3Dဒီဇိုင်းများဖြင့် တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်း (Editing) များ လုပ်ဆောင်နိုင်သော application တစ်ခုဖြစ်ပါသည်။ 3D Building Model များ မျှဝေနိုင်ပါတယ်။
ArcGIS Maps for Adobe Creative Cloud
အသုံးပြုသူများသည် Adobe Application များနှင့်ပေါင်းစပ်၍ မြေပုံများကို ထုတ်လုပ်နိုင်ပြီး၊ ၎င်းမြေပုံများကို Vector or raster layer များအဖြစ် ရယူနိုင်ပါသည်။
ArcGIS Insights
ArcGISမှ ဒေတာများ၊ Excel sheetများ၊ CSVsဖိုင်များမှ ဒေတာများကို ရှာဖွေခြင်းနှင့် ခွဲခြမ်းလေ့လာခြင်းတို့ကို တိုက်ရိုက်အသုံးပြုနိုင်ပါသည်။ တနေရာတည်းတွင် တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်ပါသည်။
ArcGIS Drone2Map
ဒရုန်းများဖြင့် ဖမ်းယူရရှိလာသော ပုံရိပ် (image) ဒေတာများကို imagery product ပြုလုပ်နိုင်ပြီး ArcGIS တွင် ဖော်ပြနိုင်ရန်နှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများလည်း ပြုလုပ်နိုင်သော application ဖြစ်ပါတယ်။
Crowdsource Reporter
အသုံးပြုသူများသည် မိမိတို့ ကြုံတွေ့နေရသော ပြဿနာရပ်များ၊ ပုံမှန်မဟုတ်သော ကိစ္စရပ်များကို အစီရင်ခံတင်ပြပြီး၊ ပြန် လည်ဖြေရှင်းသော အခြေနေများကို လေ့လာစောင့်ကြည့်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အသုံးပြုသူများအနေဖြင့်လည်း အခြားသူများတင်ပြလာသော အစီရင်ခံစာများကို မှတ်ချက်ပေးခြင်း၊ ပြန်လည် ဖြေကြားခြင်းများကိုလည်း လုပ်ဆောင်နိုင်ပါသည်။
Crowdsource Manager
စုဆောင်း ရရှိထားသော အစီရင်ခံစာများကို ခြုံငုံ၍ စာရင်းဇယားများလုပ်ခြင်း၊ သီးခြားစံသတ်မှတ်မှုများအတွက် အစုအလိုက် ဖွဲ့စည်းခြင်းနှင့် ခွဲခြမ်းလေ့လာခြင်းတို့ကို လုပ်ဆောင်နိုင်သည်။
Crowdsource Polling
ကိစ္စရပ်တစ်ခုအတွက် အကဲဖြတ်ရန်လိုအပ်သော၊ အဖွဲ့အစည်းတစ်ခုအတွက် အကျိုးသက်ရောက်မှုရှိနိုင်သော ပြည်သူလူထု၏ အမြင် ယူဆချက်များကို စုစည်းခြင်းဖြစ်သည်။
Photo Survey
ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်သော အိမ်ရာများ၊ အိုဟောင်း ပျက်စီးနေသော အဆောက်အဦးများနှင့် အခြားသော ဆောက် လုပ်ရေးဆိုင်ရာလုပ်ဆောင်မှုများမှ စစ်တမ်းများ ကောက်ယူ၍ Levelအဆင့်အမျိုးမျိုးသတ်မှတ်ပြီး ရရှိလာသော ဓါတ်ပုံများကို မျှဝေ အသုံးပြုခြင်းဖြစ်သည်။
ArcGIS AppStudio
Android, iOS, Window, OS နှင့် Linux များအတွက် မိုလ်ဘိုင်း အက်ပလီကေးရှင်း (Mobile Applications)အဖြစ် မြေပုံများ ရေးဆွဲထုတ်လုပ်ခြင်းဖြစ်သည်။ အများပြည်သူများ (သို့) မိမိအဖွဲ့အစည်းအတွင်း၌ Applicationကို မျှဝေ သုံးစွဲနိုင်သည်။ ကျွမ်းကျင်သော Application developerမလိုဘဲ လွယ်လင့်တကူ တည်ဆောက်နိုင်ပါသည်။
ArcGIS Web AppBuilder
အသင့်အသုံးပြုနိုင်သော Widgetsများနှင့်အတူ HTML / JavaScript application များ ဖန်တီး၍ မည်သည့်စက်ပစ္စည်း (devices)ပေါ်တွင်မဆို အသုံးပြုနိုင်သည်။ ပရိုဂရမ်သမားများမလိုဘဲ ထည့်သွင်းထားသော templatesများပေါ်တွင် မိမိစိတ်ကြိုက်ဖန်တီးနိုင်ပါသည်။
ArcGIS Configurable Apps
Esri သည် လူကြိုက်အများဆုံးနှင့် သုံးစွဲသူများအတွက် အသုံးဝင်သောapplications များကိုစုဆောင်းဖော်ပြထားပါသည်။ အဆိုပါ applications များသည် programming elementsများ မလိုဘဲ၊ လွယ်ကူစွာ install လုပ်နိုင်ခြင်း၊ စိတ်ကြိုက်ဖန်တီး သုံးစွဲခြင်း (Configure) များ ပြုလုပ်နိုင်ပါသည်။
ArcGIS Story Maps
၎င်းapplicationသည် မိမိပေးပို့သိရှိစေလိုသော သတင်းအချက်အလက် အကြောင်း အရာများအား သုံးစွဲသူ Userများက လွယ်ကူစွာ နားလည်သိမြင်နိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ထားသော အကြောင်းအရာတစ်ရပ် (story) ကို Link ပုံစံဖြင့် Websiteတစ်ခုတည်ဆောက်ခြင်းဖြစ်သည်။
Industry-Specific Apps
သီးခြားစီရှိနေသော လုပ်ငန်းနယ်များအတွက် လိုအပ်သော အမျိုးမျိုးသော Application Templatesများကို အလွယ်တကူ ခေါ်ယူသုံးစွဲနိုင်ရန် Esriမှ ဖော်ပြထားပါသည်။ Applicationsများဖြင့် မိမိ၏ လုပ်ငန်းစဉ်များကို ပိုမို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းဖြင့်၊ အဖွဲ့အစည်း၏ လုပ်ဆောင်မှုတိုင်းသည်လည်း ပိုမိုထိရောက် အကျိုးရှိလာပါလိမ့်မည်။
Premium app. Requires an additional purchase.