အဖွဲ့အစည်းများအတွက် Application များ

Link မှ စာဖတ်သူများ

အစိုးရအဖွဲ့အစည်းများ၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ သတင်းထောက်များ၊ အလားတူချိတ်ဆက် ဆက်သွယ်ရန်လိုအပ်သော စီးပွားရေးလုပ်ငန်းများသည်  စာဖတ်သူများနှင့် အဖွဲ့အစည်းများအကြား ပိုမို ချိတ်ဆက်လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ ArcGIS application သည် မိမိဖော်ပြ/ပြောပြချင်သော အချက်အလက်များကို အများပြည်သူ စာဖတ်သူများအတွက် အထူးအလေးထားထောက်ပံ့ပေးလျက်ရှိပါသည်။

သင်၏ သတင်းအချက်အလက် နှင့် အကြောင်းအရာ (Story) များ မျှဝေခြင်း

 

မတူညီသော configurable app templates  (၃၀) ကျော်ပါဝင်ပါသည်။ Esri Story Maps သည် မိမိတင်ပြချင်သော အကြောင်းအရာများကို ပုံပြင်(story) အနေဖြင့် ဖော်ပြနိုင်ရန် အကောင်းဆုံးသော template ဖြစ်ပါသည်။ မြေပုံများကို အခြေခံအသုံးပြုထားသော applications  ဖန်တီး၍ အဖွဲ့အစည်းများအတွင်း အသုံးပြုခြင်း၊ web pages များတင်ခြင်း သို့မဟုတ် ကမ္ဘာတစ်ဝှမ်းသို့လည်း မျှဝေပေးနိုင်သည်။ ၎င်း applicationများဖြင့်-

  • အချင်းချင်းဆက်သွယ်ချိတ်ဆက်ခြင်း
  • အစီအစဉ်များ၊ စီမံကိန်းများနှင့် အခြေခံ အဆောက်အဦးများကို တင်ဆက်ခြင်း
  • ဖောက်သည်များနှင့် ဆက်သွယ်ပြောဆိုခြင်း
  • ထင်မြင်ယူဆချက်များ(သို့) မှတ်ချက်များ၊ သတင်းအချက်အလက်အရင်းအမြစ် ထည့်သွင်းဖော်ပြခြင်းများနှင့် ဒေတာချိတ်ဆက်မှုများကို စုဆောင်းခြင်း
  • ဆုံးဖြတ်ချက်ချခြင်းများအတွက် ကူညီထောက်ပံ့ခြင်းနှင့် လမ်းညွှန်ခြင်း
  • မိမိ၏ အသင်းအဖွဲ့များကို အချက်အလက်များစုစည်းတင်ပြခြင်း တို့တွင်အသုံးချနိုင်ပါသည်။

မိမိတို့အတွက် အကျိုးရှိသော ဒေတာများချိတ်ဆက်ခြင်း

 

လူပုဂ္ဂိုလ်များ၊ သတင်းထောက်များ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းစတင်တည်ထောင်သူများ၊ မိမိအဖွဲ့အစည်းအတွင်းမှ ဝန်ထမ်းများပင်လျှင် မိမိတို့လိုအပ်သော ယုံကြည်စိတ်ချရသော သတင်းအချက်များကို လွယ်လင့်တကူရှာဖွေနိုင်သည်။ ဒေတာ portals များဖွင့်၍ လွယ်ကူစွာ ဝင်ရောက်နိုင်သည်။ ArcGIS Open Data ကို အသုံးပြု၍ GIS ဒေတာ အရင်းအမြစ်များ ပြုလုပ်နိုင်ခြင်းနှင့် အသုံးပြုသူများထံသို့ လင့် (link)များဖြင့်လည်းချိတ်ဆက် ပေးပို့နိုင်သည်။

တီထွင်ဆန်းသစ်ခြင်းနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း

 

သတင်းအချက်အလက်အသစ်များပါဝင်သော လုပ်ဆောင်မှုများကို ဖန်တီးရန်နှင့် အကျိုးရှိသော ဆက်သွယ်လုပ်ဆောင်မှုများဖြစ်စေရန် အသုံးပြုသူများအတွက် ဒေတာ၊ မြေပုံများနှင့် အက်ပလီကေးရှင်းများ (applications)အား ခေါ်ယူသုံးစွဲနိုင်ရန်နှင့် ပြန်လည်မျှဝေနိုင်ရန် လုပ်ဆောင်ခွင့်ပေးခြင်း၊ ထို့အပြင် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လုပ်ငန်းစတင် တည်ထောင်လုပ်ဆောင်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများ အတူတကွပူးပေါင်း၍ လမ်းညွန်ပြသခြင်းနှင့် အတွေးအမြင် အယူအဆများ ဖော်ဆောင်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်။

ပိုမိုလေ့လာရန်