Application in the office

Geographic Insights နှင့်အတူ အကောင်းဆုံး ဆုံးဖြတ်ချက်များ

 

မိမိသည် အုပ်ချုပ်ရေး မန်နေဂျာ ဖြစ်ခဲ့လျှင် မိမိပစ်မှတ်ထားသော ဈေးကွက် နေရာအတွင်းရှိ ဖောက်သည်များ၏ မှတ်တမ်းများကို သိရှိစေပြီး၊ စျေးကွက်၏ အခြေအနေအရပ်ရပ်ကို လေ့လာဆန်းစစ်ရန်အတွက် ArcGIS application ကို အသုံးပြုနိုင်ပါသည်။ArcGIS သည် အချိန် နှင့် ငွေကို အသက်သာဆုံးဖြစ်စေလျက် ဆုံးဖြတ်ချက်များကို ရုံးအတွင်း၌ပင် ချမှတ်နိုင်သည်။မိမိ၏ ဒေတာကို တည်နေရာပေါ် အခြေခံပြီး ပထဝီအနေအထားများနှင့် ရလဒ်များကို မလွဲမှားနိုင်အောင် ကြည့်ရှုနိုင်သည်။

မိမိစီးပွားရေးအတွက် သင့်လျော်မှန်ကန်သော ဧရိယာများ ရှာဖွေခြင်း

အလိုလိုသိခြင်း

အလားအလာရှိသော ဖောက်သည်များ၊ ရောင်းအား ကောင်းသော ဒေသများနှင့် အဓိကကျသောနေရာများကို မြေပုံရေးဆွဲပြီး အသက်အပိုင်းအခြား၊ လူနေမှုပုံစံ နှင့် လူနေမှုကုန်ကျစရိတ်တို့ပေါ် အခြေတည်၍ ဒေတာတို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်။

နားလည်သဘောပေါက်မှု

စျေးကွက်အတွင်းဝင်ရောက်လာသော ဖောက်သည်၏ သတင်းအချက်အလက်များကို လေ့လာ၍ အလားအလာ     ရှိသော ဈေးကွက်တည်နေရာကို ရွေးချယ်နိုင်သည်။

ဆုံးဖြတ်ချက်ချခြင်း

အကောင်းဆုံးရလာဒ်များယူဆောင်လာရန် မိမိ၏ ဈေးကွက်စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော နယ်မြေဧရိယာကို ရှာဖွေရွေးချယ်နိုင်ခြင်း။

ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှုများလုပ်ဆောင်ခြင်း

အလိုလိုသိခြင်း

ပိုင်ဆိုင်မှုများ၊ ကွန်ယက်ချိတ်ဆက်မှုများ၊ အခြေခံအဆောက်အဦးများ၊ လုပ်ဆောင်မှုအစီအစဉ်များ၏ ဆက် စပ်မှုများကို နားလည်ရန် မြေပုံရေးဆွဲသည်။ ရာသီဥတု၊ မြေပြင်အနေအထား၊ ဂြိုလ်တုပုံရိပ်များနှင့် ကွင်းဆင်းဒေတာများ၏ ပြောင်းလဲမှုများကို သိရှိရန် မြေပုံရေးဆွဲခြင်း ဖြစ်ပါသည်။

နားလည်သဘောပေါက်မှု

 တစ်ဦးချင်းစီ၏ လုပ်ဆောင်မှု စွမ်းရည်များနှင့် ထုတ်လုပ်မှုစွမ်းအားများကို ပိုမို နားလည်သဘောပေါက်နိုင်ပါသည်။ ဥပမာအားဖြင့်။   ။ ရေပိုက်လိုင်းထိခိုက်ပျတ်စီးမှု ဖြစ်ပွားသော ဖောက်သည်များအား ဖော်ပြခြင်းနှင့် လုပ်ဆောင်ရမည့် အစိတ်အပိုင်းနေရာများကို ရှာဖွေခြေရာခံ ဖော်ပြခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်

ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်, ပြုပြင်ထိန်းသိမ်းမှုသမိုင်းနှင့် ပုံမှန်စစ်ဆေးခြင်း အစီအစဉ်တို့၏ ပုံရိပ်များကို အချိန်နှင့်တစ်ပြေးညီ ရယူလိုက်ပါ။ Planning resources တိုးတက်စေခြင်း နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုတွင် လုပ်ငန်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်သည်။

"ArcGIS is a valuable demonstration through improving the visible issues in operations as well as cognitive efficiency."

Warner De Gooijer – Cisco Systems, Inc.

စီမံကိန်းများ ပြန်လည်ဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်း

 

Review

အလိုလိုသိမြင်ခြင်း

လက်တွေ့ကျသော ပုံစံ(content)များ ဖန်တီးပြီး အသုံးပြုသူများ၏ မြို့ပြစီမံကိန်းရေးဆွဲခြင်းများ၊ ဗိသုကာ၊ 3D ဒီဇိုင်းများကို ဖန်တီးနိုင်သည်။

နားလည်သဘောပေါက်မှု

အဆိုပြုထားသော အဆောက်အဦး၌  မြင်ကွင်းပိတ်ဆို့မှုများ၊ အရိပ်ကျရောက်မှုများ နှင့် အပူချိန်ရောင်ပြန်ဟပ်မှုများ ဖြစ်ပွားနိုင်သည့် နေရာများအား သိရှိနားလည်နိုင်ပါသည်။

ဆုံးဖြတ်ချက်ချခြင်း

မြို့ပြပုံစံကို ခြုံငုံ တည်ဆောက်ရန်နှင့် အခြေအနေအရပ်ရပ်ကို ကြည့်ရှု၍ အဆောက်အဦးပုံစံ  ခွဲခြားသတ်မှတ်နိုင်သည်။

မြေယာအသုံးပြုမှုပြောင်းလဲမှုကိုစောင့်ကြည့်လေ့လာခြင်း

အလိုလိုသိမြင်ခြင်း

သစ်တောများ ပြုန်းတီးခြင်းနှင့် စားကျက်မြေများဆုံးရှုံးခြင်းကို နားလည်သဘောပေါက်စေရန်၊  သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အခြေအနေများကို သိရှိစေရန် မောင်းသူမဲ့လေယာဉ်များနှင့် ဂြိလ်တုဓာတ်ပုံများမှ အကောင်းဆုံး မြင်ကွင်းများကို ရယူနိုင်သည်။

နားလည်သဘောပေါက်မှု

အသုံးပြုသူများ၏ လုပ်ငန်းဧရိယာရှိ မြေယာအသုံးချမှုဆိုင်ရာ ပြောင်းလဲမှုများကို မဖြစ်ခင်နှင့် ဖြစ်ပြီးအခြေအနေများအား နှိုင်းယှဉ် ကြည့်ရှုနိုင်သည်။ ဒေတာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာလုပ်ဆောင်နိုင်သည်။ ပုံရိပ်များကို ပိုမိုကောင်းမွန်စွာသိရှိနားလည်ရန် meta data များကို အသုံးပြုသည်။

ဆုံးဖြတ်ချက်ချခြင်း

သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများနှင့် မြို့ပြဖွံ့ဖြိုးမှု  တို့ကို လေ့လာအကဲဖြတ်သည်။   သစ်တောဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် လုပ်ငန်းလည်ပတ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ပါသည်။ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့(team)များသည် ပို့ဆောင်ရမည့်နေရာများကို သိရှိနိုင်ပြီး  အလုပ်ရုံ ကျူးကျော်မှုများကိုလည်း စီမံခန့်ခွဲနိုင်သည်။