ArcGIS Online

မြေပုံရေးဆွဲခြင်းနှင့် လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်များအတွက် ဝန်ဆောင်မှုအနေဖြင့် အသုံးပြုနိုင်သော Software

arcgis-online-overview-banner-foreground-people-presenting

တည်နေရာပါရှိသောဒေတာများဖြင့် ချိတ်ဆက်လျက်ရှိသည့် အွန်လိုင်းမြေပုံများရေးဆွဲခြင်း

ArcGIS Online ဖြင့်  အချင်းချင်း ချိတ်ဆက် ဆက်သွယ်မှုများရှိသည့် အွန်လိုင်းမြေပုံများကို ရေးဆွဲနိုင်သည့် software ဖြစ်သည်။ မြေပုံပေါ်တွင် ဒေတာများ၏ တုံ့ပြန်သက်ရောက်မှု၊ အနီးကပ်ကြည့်ရှုမှု(zoom in) ၊ ရှာဖွေမှု စသည့် မိမိလုပ်ဆောင်ချက်များအတိုင်း အမြင်အသစ်နှင့် အသေးစိတ်အချက်အလက်များကို ရယူနိုင်သည်။ location intelligence များအတွက် စမတ်ကျပြီး ဒေတာထည့်သွင်းအသုံးပြုနိုင်သော မြေပုံ ပုံစံအမျိုးမျိုးနှင့် အလိုအလျောက် ခွဲခြမ်းစိတ်ဖြာနိုင်သော Tools များကို အသုံးပြုနိုင်သည်။ မိမိအဖွဲ့အစည်းများအတွင်း မြေပုံများကို အတူတကွပူးပေါင်း ဖန်တီးမျှဝေ အသုံးပြုခြင်းဖြင့် အကျိုးရှိရှိ အသုံးချနိုင်သည်။ ဒေတာအချက်အလက်အသေးစိတ်ပါဝင်သော အွန်လိုင်းမြေပုံများကို သီးခြား လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့လည်းကောင်း၊ ကမ္ဘာတစ်ဝှမ်းသို့လည်းကောင်း မျှဝေနိုင်သည်။

ArcGIS Online ၏လုပ်ဆောင်ချက်များ

မြေပုံများ ဖန်တီးခြင်း

မိမိ၏ဒေတာအချက်အလက်အကြောင်းအရာများကို ပုံဖော်ပြသရန် သက်ရောက်တုံ့ပြန်မှုရှိသည့် မြေပုံများဖန်တီးပြီး  အခြားသူများအား အသုံးပြုရန်လည်းတိုက်တွန်းနိုင်သည်။ မိမိကိုယ်ပိုင်ဒေတာများဖြင့် မြေပုံရေးဆွဲပြီး ArcGIS Onlineတွင် ပါရှိသော ယုံကြည်စိတ်ချရသော တည်နေရာ အခြေပြု ဒေတာများနှင့် ပေါင်းစပ်ခြင်းဖြင့် အတွေးအမြင်သစ်များကို ရယူနိုင်ပါသည်။ အခြားသူများမှ မိမိ ဒေတာများအား    အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ရန် စမတ်ကျသော မြေပုံရေးဆွဲခြင်းကို အသုံးပြုနိုင်သည်။ 

 

ArcGIS Online၏ ဒီဇိုင်းပုံစံ

Cloud အခြေပြု Software

ArcGIS Onlineသည် software as a service (SaaS) အနေဖြင့်ရှိခြင်းကြောင့် မည်သည့် Device များပေါ်တွင်မဆို အင်တာနက်ရှိရုံဖြင့် အသုံးပြုနိုင်သည်။ ကမ္ဘာ့အဆင့်မီစံနှုန်းများအတိုင်း တည်ဆောက်ထားသည့်အတွက် လူထောင်ပေါင်းများစွာက တစ်ပြိုင်နက်တည်း ချိတ်ဆက်အသုံးပြုနိုင်သည်။  Esri အသုံးပြုသူများ ပိုမိုအဆင်ပြေစေရန်အတွက် software များအဆင့်မြှင့်တင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိပါသည်။

လုံခြုံရေးနှင့်ကိုယ်ရေးအချက်အလက်

ArcGIS Onlineသည် security နှင့် privacy လက်မှတ်များကို စဉ်ဆက်မပြတ် ရယူနေခြင်းကြောင့် လုံခြုံရေးနှင့် အချက်အလက်များကို အလေးထားသော စီးပွားရေးလုပ်ငန်းကြီးများ၏ ယုံကြည်မှုကို ရရှိလျက်ရှိသည်။ လုံခြုံရေးပိုင်းကို အဓိက အခြေပြု ဦးစားပေးထားသော Software ဖြစ်သည်။

Enterpriseအတွက်အသင့်ဖြစ်ခြင်း

ArcGIS Online တွင် IT လိုအပ်ချက်များဖြစ်သော လုံခြုံစိတ်ချရမှု၊ ခိုင်မာတိကျမှု၊ သက်သေအထောက်အထားများရှိခြင်း နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များထိန်းသိမ်းပေးခြင်းတို့ ပါရှိသည်။ အကောင့်ဖြင့်ဝင်ရောက်ခြင်းနှင့် အခြား အဆင့်မြှင့် မှတ်တမ်း (report) အပိုင်းများအား ပံ့ပိုးထားသဖြင့် မိမိ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်(activities) များကို ထိန်းသိမ်းထားပေးသည်။ မိမိအဖွဲ့အစည်းအတွင်း သီးခြားအကောင့်ဝင်ရောက်မှုအတွက် ပေါင်းစပ်ခြင်းများလည်း လုပ်ဆောင်နိုင်သည်။

ဒေတာနဲ့မြေပုံကိုရယူအသုံးပြုနိုင်သည့်ကြီးမားသည့်အဖွဲ့အစည်း
City Planning အတွက် အကျိုးရှိမည့် ပရောဂျက်များပူးပေါင်းဆောင်ရွက်ခြင်း
ဒေတာများကိုခွဲခြမ်းစိတ်ဖြာ၊ တိကျသေချာစေပြီး၊ ပြည်သူထံသို့မျှဝေခြင်း
အိမ်၊ခြံ၊မြေလုပ်ငန်းများအတွက်Consumer ဒေတာများ၏လမ်းညွှန်မှုများ
လုပ်ငန်းများကို ချဲ့ထွင်ဆောင်ရွက်ခြင်း

ArcGIS Product များဖြင့် ArcGIS Online ပရောဂျက်များကို စတင်နိုင်သည်။ ArcGIS Onlineတွင် default အနေဖြင့်ပါရှိသော  Product များအပြင် extension များအား ထပ်တိုးဝယ်ယူ၍ အသုံးပြုနိုင်ပါသည်။ မိမိ၏လုပ်ငန်းစဉ်များ ပြီးပြည့်စုံစွာနှင့် အဆင်ပြေချောမွေ့ရန် ArcGIS Online သည် ArcGIS system ရှိ အဓိက products များနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Curated Data and Maps
online-overview-field-operations-ms
online-overview-arcgis-pro-ms
online-overview-arcgis-velocity-ms

ArcGIS Living Atlas of the World

အသင့်ခေါ်ယူအသုံးပြုနိုင်သော ထောင်ပေါင်းများစွာသော မြေပုံများနှင့် datasetsများကို ရွေးချယ် အသုံးပြုနိုင်သည်။ ArcGIS Living Atlas ရှိ အရာအားလုံးကို ArcGIS Online ၌ ရှာဖွေ ပေါင်းထည့်နိုင်ပါသည်။ 

Field operations

အချိန်နှင့်တစ်ပြေးညီ ဒေတာများကောက်ယူစုဆောင်းရန်၊ တာဝန်ပေးအပ်ရန်နှင့် လုပ်ငန်းလည်ပတ်မှုများအတွက် appsများကို အသုံးပြုနိုင်သည်။ ကောက်ယူထားသောဒေတာများကို ArcGIS Online ပေါ်တွင် ခေါ်ယူသိမ်းဆည်းမည်ဖြစ်ပြီး၊ apps နှင့် dashboardsများတွင် အသုံးပြုနိုင်သည်။

ArcGIS Pro

အဆင့်မြှင့် မြေပုံရေးဆွဲခြင်းများ၊ ပုံဖော်ပြသခြင်းများ နှင့် ဆန်းစစ်လေ့လာအကဲဖြတ်ခြင်းများအတွက် GIS software (desktop) ကို အသုံးပြုနိုင်ပါသည်။ GIS Professional user type လိုင်စင်တွင် ArcGIS Pro နှင့် ArcGIS Online  အသုံးပြုခွင့်များ ပါဝင်သည်။

ArcGIS Velocity

Internet of Things (IoT) platforms ၊ message broker (သို့မဟုတ်) third-party APIs များမှ ဒေတာများကို ရယူအသုံးပြုနိုင်သည်။ အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေသော ဒေတာများအား Processing ပြုလုပ်ခြင်း၊ ပုံဖော်ပြသခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းများပြုလုပ်နိုင်သည်။

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM