ဒေတာများကို ခွဲခြမ်းလေ့လာဆန်းစစ်ခြင်း
—
သိသာထင်ရှားမှုရှိသော analysis tools ကို အသုံးပြု၍ မိမိ ဒေတာ၏ တည်နေရာကို နားလည်သိရှိနိုင်သည်။
မိမိဒေတာကို သိရှိနားလည်ခြင်း
—
ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်များသည် ကြိမ်ဖန်များစွာ လုပ်ဆောင်ရသော လုပ်ငန်းတစ်ခုဖြစ်သည်။ ဒေတာအချက်အလက်များပါဝင်သော မြေပုံတစ်ခုပေါ်တွင် ရလာဒ်များကို ကြည့်ရှုခြင်းသည် လိုအပ်သည့် အဖြေများကို ရှာဖွေတွေ့ရှိသည်အထိ လေ့လာဆန်းစစ်မှုများကို အလွယ်တကူ ထိန်းညှိ၊ ကောင်းမွန်အောင်လုပ်ဆောင်ပေးသည်။
- ကြိုတင်ခန့်မှန်းချက်များအတွက် ပုံစံများ (patterns)ကို ဆန်းစစ်လေ့လာပြီး၊ နောက်လာမည့် အဆင့်များအတွက် ဆုံးဖြတ်ပေးသည်။
- မိမိဒေတာရှိ ဆက်သွယ်ချက်များနှင့် ပုံမှန်ထက် ထူးခြားချက်များကို ဖော်ထုတ်ပေးသည်။
- နေရာအမျိုးမျိုးမှ ဒေတာကို ချိတ်ဆက်ပေးသည် (သို့မဟုတ်) မိမိဒေတာတွင် တည်နေရာပြ ကိရိယာကို ထည့်သွင်းသည်။
အကောင်းဆုံး တည်နေရာကို ရှာဖွေခြင်း
—
မိမိလုပ်ငန်းကို စတင်ရန် သို့မဟုတ် ချဲ့ထွင်ရန် အဆင်သင့်ဖြစ်ပြီလား?တည်နေရာ ရွေးချယ်မှန်ကန်မှုသည် အောင်မြင်မှုအတွက် အလွန်အရေးကြီးပါသည်။ ArcGIS Online ရှိ Analysis tools များကို အသုံးပြုနိုင်ပါသည်။
- မိမိ၏လိုအပ်ချက်များနှင့် ကိုက်ညီသည့် တည်နေရာများကို ရှာဖွေသည်။
- အခြားသော တည်နေရာများနှင့် ဆင်တူသော သွင်ပြင်လက္ခဏာရပ်များရှိသည့် တည်နေရာများကို ခွဲခြားသတ်မှတ်သည်။
- ရှိရင်းစွဲ ဖောက်သည်များနှင့် ဖြစ်နိုင်ခြေ အလားအလာရှိသည့် ဖောက်သည်များ၏ လူဦးရေ အခြေအနေပြ စာရင်းများနှင့် မိမိ အဓိက ဦးတည်သော လူမှုဝန်းကျင်များကို မြေပုံရေးဆွဲသည်။
- အကျိုးအမြတ်အများစွာရရှိရန်နှင့် ဖောက်သည်ရောက်ရှိနှုန်းများစွာ ရယူရန် အကောင်းဆုံးသော ဧရိယာ/နယ်မြေကို ခွဲခြားသတ်မှတ်ပေးသည်။
အကောင်းဆုံးလမ်းညွှန်ချက်များနှင့် လမ်းကြောင်းများကို အသုံးပြုခြင်း
—
အမြန်နှုန်းသတ်မှတ်ချက်များ၊ အခကြေးငွေပေးဆောင်ရသောလမ်းများ သို့မဟုတ် မိုးပျံလမ်းများ ကဲ့သို့သော သီးခြားလိုအပ်ချက်များအပေါ် အခြေခံ၍ မိမိ၏ လမ်းကြောင်းကို ရွေးချယ်ရန် လိုအပ်ပါသလား? ခရီးသွားစရိတ်များကို လျှော့ချ၍ ငွေကုန်သက်သာရန် မျှော်မှန်းနေပါသလား။ ArcGIS Online Analysis Tools များသည် လမ်းညွှန်ချက်များ နှင့် လမ်းကြောင်းများကို အကောင်းဆုံးဖြစ်ရန် ကူညီပေးနိုင်ပါသည်။
- အကောင်းဆုံးလမ်းကြောင်းများကို ဖော်ထုတ်သည်။
- အချိန်နှင့်အကွာအဝေးအလိုက် ခရီးစရိတ်များကို တွက်ချက်သည်။
- အဖွဲ့အစည်း၏ လိုအပ်ချက်များ သို့မဟုတ် ယာဉ်ကန့်သတ်ချက်များ အပေါ်တွင် အခြေခံ၍ လမ်းညွှန်ချက်များကို ရွေးချယ်သည်။
- ယာဉ်တစ်ခုစီအတွက် ရပ်နားရမည့်နေရာများနှင့် လမ်းကြောင်းများကို စီစဉ်ခြင်းဖြင့် အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ရရှိစေသည်။
တည်နေရာနှင့်ပတ်သက်၍ပိုမိုလေ့လာနိုင်ခြင်း
—
မိမိ ပတ်ဝန်းကျင်၊ မြို့၊ ရွာ သို့မဟုတ် ပြည်နယ်၏ ဖြစ်ပျတ်မှုများကို ပိုမိုလေ့လာရန် ရှာဖွေလိုပါသလား? အဖြစ်အပျက်တစ်ခုကြောင့် ထိခိုက်သွားသော လူဦးရေကို သိလိုပါသလား? ArcGIS Online တွင် မိမိရှာဖွေသော နေရာ၌ ဖြစ်ပွားသည့် ကိစ္စရပ်များကို သိရှိနားလည်ရန် ကူညီဖြေရှင်းပေးသော Tool များ ပါဝင်ပါသည်။
- လူအများ၊ စိတ်ဝင်စားသည့် နေရာများနှင့် စီးပွားရေးလုပ်ငန်းများ၏ အချက်အလက်များကို စုဆောင်းသည်။
- လူ (သို့မဟုတ်) အခြား ပါဝင်ပတ်သက်နေသော အရာများ၏ အရေအတွက်နှင့် အမျိုးအစားများကို သတ်မှတ်ထားသော မိုင်အကွာအဝေးတစ်ခုအတွင်းတွင် ခွဲခြားသတ်မှတ်သည်။
- ဖြစ်ရပ်ကိစ္စတစ်ခုကြောင့် သက်ရောက်သွားသော လူဦးရေအရေအတွက်ကို ခန့်မှန်းသည်။
ArcGIS Online မြေပုံများဖြင့် မေးခွန်းများကို အဖြေရှာပါ





ဖြစ်ပျတ်ခဲ့သည့်အချိန်ကာလများ
ဒေတာအကြောင်းအရာနှင့်ပတ်သက်၍ တည်နေရာကို အချိန်ကာလအလိုက် ဖော်ပြမှု ပုံစံကိုလေ့လာခြင်းဖြစ်သည်။
အနီးဝန်းကျင်ရှိအရာများ
လမ်းလျှောက်နေစဉ် (သို့မဟုတ်) ယာဉ်မောင်းနေစဉ်အတွင်း မိမိ အနီးပတ်ဝန်းကျင်ရှိသည့် အရာများကို ဆုံးဖြတ်ပေးပါသည်။
အမျိုးအစားများစွာထဲမှ အများဆုံး ပြောင်းလဲနေသည့် အရာ
အဖြစ်အပျတ်များစွာမှ တခုချင်းစီ၏ အချိန်ကာလ နှစ်ခုအကြားရှိ တန်ဖိုးပြောင်းလဲမှုကို နှိုင်းယှဉ်သည်။ အများဆုံးပြောင်းလဲခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။
တိုးတက်မှုအများဆုံးရှိနိုင်သည့် မြေကွက်များ
Parcel data များအတွက်ဖြစ်သည်။ တန်းဖိုးမြင့်တက်လာသည့် နယ်မြေဧရိယာများကို ဖော်ထုတ်ပေးသည်။
ဒေတာအချက်အလက်များ စပ်ဆက်မှုရှိခြင်း
မြေပုံတစ်ခုတည်းပေါ်တွင် ဒေတာပုံစံ ၂မျိုးကို ကြည့်ခြင်းဖြင့် attribute နှစ်ခုကို နှိုင်ယှဉ်ခြင်းဖြစ်သည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874

Social Media:
https://www.facebook.com/EsriMM