သင့်အဖွဲ့အစည်းအတွင်း မြေပုံများဖန်တီးအသုံးပြုပြီး လုပ်ငန်းဆောင်တာများ ထိရောက်စွာ လုပ်ဆောင်လိုက်ပါ။

agol-collaborate-banner-fg

 userများစွာ လုံခြံစွာဖြင့် တစ်ပြိုင်နက်ဝင်ရောက်အသုံးပြုနိုင်သည့် mapping software

ပါဝင်ဖွဲ့စည်းထားသူ အရေအတွက် အမျိုးမျိုးရှိသော အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။ အသုံးပြုသူများသည် မိမိတို့ လုပ်ငန်းခွင်အတွက် လိုအပ်သော ဒေတာများ၊ မြေပုံများ၊နှင့် appများအတွက် လုံခြုံစိတ်ချပြီး၊ ရိုးရှင်းစွာ ဝင်ရောက်ခွင့်ကို ရရှိသည်။ ArcGIS Online subscription တစ်ခုစီကို စီမံခန့်ခွဲသူ (administrator) က လုပ်ပိုင်ခွင့်နှင့် ဝင်ရောက်ခွင့်များကို စီမံနိုင်သည်။

unique
2
widespread
precise

တစ်ဦးချင်းအလိုက်သတ်မှတ်ချက်များ

Content သို့ ဝင်ရောက်ခွင့်ကို administrator (သို့မဟုတ်) content creator က ဆုံးဖြတ်ပေးပြီး၊ အထူးသတ်မှတ််ခွင့်ပြုထားသည့် user မှ ထိန်းချုပ်သည်။ အသုံးပြုသူများသည် contentကို ကြည့်ရှုရန်၊ တည်းဖြတ်ရန်အတွက် တရားဝင်ခွင့်ပြုချက် ရှိရမည်။ 

အချိန်တိုင်း၊နေရာတိုင်းမှ ဝင်ရောက်အသုံးပြုနိုင်ခြင်း

လုပ်ငန်းခွင် ရုံးတွင်း၌ဖြစ်စေ၊ ရုံးပြင်ပတွင်ရှိသည်ဖြစ်စေ အဖွဲ့ဝင်များသည် ဒေတာများကို မျှဝေကြည့်ရှုနိုင်ခြင်းဖြင့် Projectများကို အတူတကွ လုပ်ဆောင်နိုင်သည်။ 

ကြီးမားကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုများ

မတူညီကြသည့်  ArcGIS Online အဖွဲ့အစည်းများသည် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ ဥပမာအားဖြင့် ခရိုင်/ပြည်နယ်အနှံ့အပြားရှိ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့အစည်းများသည် ဒေတာအမျိုးအစား တစ်ခုတည်းကို အတူတကွ ပူးပေါင်းအသုံးပြုဆောင်ရွက်နိုင်သည်။ 

တိကျသော settingsများ

ArcGIS Onlineရှိ လုံခြုံရေး settings များသည် တိကျသေချာမှုရှိသည်။ creator ကို field နှင့် recordများအထိ တည်းဖြတ်ပိုင်ခွင့်၊ ကြည့်ရှုခွင့်များကို သတ်မှတ်ရန် ခွင့်ပြုသည်။ 

အသုံးပြုသူများစွာပါဝင်သည့် အသင်းအဖွဲ့ငယ်အလိုက်ဆောင်ရွက်ချက်

ArcGIS Onlineသည် အဖွဲ့အစည်းကြီးတစ်ခုအဖြစ် တည်ရှိနေသည်။ ဆိုလိုသည်မှာ ကြီးမား ကျယ်ပြန့်သော အဖွဲ့အစည်းများ၏ လိုအပ်မှုများဖြစ်ကြသည့် လုံခြုံရေး၊ ခွင့်ပြုချက်ရထားသည့် လူများသာ ဝင်ရောက်ခွင့်၊ privacy,နှင့် အသုံးပြုသူစီမံခန့်ခွဲရေး အပိုင်းများ အဓိက ပါဝင်နေသည်။ အဆိုပါ လုံခြုံစိတ်ချရသော အသုံးပြုသူများစွာက တစ်ပြိုင်တည်း ဝင်ရောက်အသုံးပြုနိုင်သည့် မြေပုံ Softwareဖြင့် တည်နေရာ ဒေတာအချက်အလက်များကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပြီး၊ မိမိ အဖွဲ့အစည်း တစ်ခုလုံးထံသို့ အရောက်ပို့ဆောင်ပေးသည်။

security
group
workflow
dashborad
login
reporting
လုံခြုံရေးထိန်းချုပ်မှုများ
levelတိုင်းအတွက်ရရှိသည်။
စိတ်တိုင်းကျ ဖွဲ့စည်းနိုင်သော အသင်းအဖွဲ့များ
မိမိအသင်းအဖွဲ့အတွက် ကိုက်ညီမှုရှိပြီး၊ လိုအပ်ချက်များအတွက် အဆင်ပြေစေရန် စိတ်တိုင်းကျ ဆောင်ရွက်နိုင်သည်။
Batch workflows
userများကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပြီး၊ content များစွာလည်း ပါရှိသည်။
စီမံခန့်ခွဲနိုင်သော dashboardsများ
မိမိအဖွဲ့အစည်း၏ တီထွင်ဖန်တီးမှုအခြေအနေများကို တိကျ သေချာစွာ နားလည်သဘောပေါက် သိရှိစေသည်။ 
Organization-specific logins
organization login ဖြင့် ရိုးရှင်းစွာ sign-in ဝင်ရောက်နိုင်သည်။
ပြည့်စုံသောတင်ပြမှုများ
အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် တိုးတက်စေသည်။

လုပ်ငန်းအဖွဲ့အစည်းအတွင်း အဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း

အဖွဲ့အစည်းတစ်ခုအတွင်းတွင် ဝန်ထမ်းများသည် မတူညီကြသည့် roles အမျိုးမျိုးတွင် လုပ်ငန်းတာဝန် အမျိုးမျိုးကို လုပ်ကိုင်လျက်ရှိကြသည်။ တစ်ဖတ်တွင် တည်နေရာ သတင်းအချက်အလက်ပါဝင်သော လုပ်ငန်းများကို တည်ဆောက်နေစဉ်၊ အခြားတစ်ဖတ်မှ အဆိုပါ အခြေအနေကို ကြည့်ရှုလျက်ရှိသည်။ ArcGIS Onlineကို တရားဝင် ဝင်ရောက်အသုံးပြုနိုင်သော User အမျိုးအစားအလိုက် အလုပ်ပြီးမြောက်ရန် လိုအပ်သော စွမ်းဆောင်ရည်များနှင့် appများ ရရှိရန် အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သည်။ 

Creator

Creator user type သည် မြေပုံများဖန်တီးခြင်း၊ လေ့လာဆန်းစစ်ခြင်းများပြုလုပ်နိုင်ပြီး ရလဒ်များအား အသင့်အသုံးပြုနိုင်သည့် app အမျိုးမျိုးဖန်တီးပြီး သက်ဆိုင်ရာပုဂ္ဂိုလ်များထံသို့ မျှဝေပေးရန် ဖြစ်သည်။ 

Viewer

Viewer user typeသည် အဖွဲ့အစည်း၏ မြေပုံများနှင့် app များအား စောင့်ကြည်၊ လေ့လာကြည့်ရှုနိုင်သည်။ တည်နေရာဒေတာများကို အသုံးပြု၍ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်သည်။ 

Field Worker

Field Worker user typeသည် လုပ်ငန်းခွင်နှင့် ရုံးတွင်းကို ချိတ်ဆက်အသုံးပြုသူများအတွက် ဖြစ်သည်။ စွမ်းဆောင်ရည် တိုးတက်လာရန် အချိန်နှင့် တစ်ပြေးညီ ဒေတာ ကောက်ယူခြင်း၊ တာဝန်ပေးခြင်း၊ တာဝန်ပြီးမြောင်အောင်ဆောင်ရွက်ခြင်း၊နှင့် လုပ်ငန်းလည်ပတ်ခြင်းတို့အတွက် app များကို အသုံးပြုနိုင်သည်။

Editor

Editor user typeသည် တိကျ သေချာမှု တိုးတက်မြင့်မားရန် spatial data ကို တည်းဖြတ်ခြင်း၊ ပြင်ဆင်ပေါင်းထည့်ခြင်းများ လုပ်ဆောင်နိုင်သည်။ Editorများသည် အဖွဲ့၏ မြေပုံများနှင့် appများကိုလည်း လုံခြုံစိတ်ချစွာဖြင့် ကြည့်ရှုနိုင်ပါသည်။ 

GIS Professional

GIS Professional user type သည် ArcGIS Pro ကို အသုံးပြု၍ အဆင့်မြင့် မြေပုံများ ရေးဆွဲရန်၊ ပုံဖော်ပြသရန်၊နှင့် လေ့လာဆန်းစစ်ချက်များပြုလုပ်ပြီး၊ ရလာဒ်များကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံသို့ မျှဝေရန် ဖြစ်သည်။ 

Contact Us

Untitled6

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

Hot Line:

+95 9 886366874

Untitled4

Social Media:

https://www.facebook.com/EsriMM