ArcGIS Online တွင်ပါဝင်လာမှုအသစ်များ (မတ်လ၊ ၂၀၂၂)
ArcGIS Onlineသည် လူသားအချင်းချင်း၊ တည်နေရာနှင့် ဒေတာများကို ချိတ်ဆက်ရန် မြေပုံများ အသုံးပြုခြင်းဖြင့် ကြီးမားသော ဆက်သွယ်ချက်ကို ပေးစွမ်းသည်။ စမတ်ကျသော၊ ဒေတာရောက်ရှိမှုပုံစံများနှင့် တည်နေရာထောက်လှမ်းရေးအတွက် အလိုအလျောက် ခွဲခြမ်းစိတ်ဖြာနိုင်သော toolများကို ရရှိမည်။ ArcGIS Online သည် မိမိအဖွဲ့အစည်းအတွင်းနှင့် ကမ္ဘာအနှံ့သို့ မျှဝေရန် မြေပုံများနှင့် appsများကို ပံ့ပိုးပေးသည်။ cloud အခြေပြု အဖြေရှာဖွေဖော်ထုတ်ခြင်း တစ်ခုအနေဖြင့် သော်လည်းကောင်း၊ ArcGIS Pro နှင့် ArcGIS Enterprise၏ ပြည့်စုံမှုအတွက် သော်လည်းကောင်း အသုံးပြုနိုင်သည်။
Map Viewerတွင် ပါဝင်လာမည့် လုပ်ဆောင်ချက်အသစ်များနှင့် ArcGIS Online websiteရှိ ပိုမိုကောင်းမွန်လာသည့် စွမ်းဆောင်ရည်အသစ်များကို ဖော်ပြပေးပါမည်။
What's new in ArcGIS Online blog တွင်လည်း အသေးစိတ်လေ့လာနိုင်ပါသည်။
မြေပုံရေးဆွဲခြင်း
Map Viewer ရှိ Flow smart mapping style သည် ဦးတည်ချက်နှင့် ပြင်အားကို ကိုယ်စားပြုသည့် လှုပ်ရှားမှုပြလိုင်းများနှင့် လှိုင်းပုံစံများကို အသုံးပြု၍ ပုံရိပ် layerရှိ vector field dataများကို ပြသပေးသည်။
Map Viewerတွင် duplicate feature layers ကို အသုံးပြုနိုင်ပြီဖြစ်သည်။ မူရင်း Layer ကို ထိခိုက်သက်ရောက်ခြင်းမရှိဘဲ၊ ပုံစံတူ မြေပုံပေါ်ရှိ တန်ဖိုးများကိုသာ အခြေခံ၍ styling၊ pop-upsနှင့် filteringများအတွက် အသုံးချခြင်းဖြစ်သည်။
ပြည့်စုံသော အသုံးများသော workflows များအတွက် Keyboard shortcutsကို အသုံးပြုနိုင်ပါသည်။ Map Viewerတွင် keyboard shortcuts list အပြည့်အစုံကို ကြည့်ရှုရန် Windowsအတွက် Alt+? ၊ Macအတွက် Option+? ကို အသုံးပြုနိုင်သည်။
Map Viewerရှိ sketch layerတွင် Search results ကို ပေါင်းထည့်နိုင်သည်။ Search results ကို မြေပုံတွင် သိမ်းဆည်းပေးပြီး၊ တည်နေရာတစ်ခုစီအလိုက်/ feature's style နှင့် pop-upများကို sketch layerတွင် တည်ဆောက်အသုံးပြုနိုင်သည်။
ယခုအခါ Map Viewerတွင် ရှုပ်ထွေးလှသော ဒေတာများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည့်၊ ပြန်လည်ကြည့်ရှုနိုင်မည့် group layers အစုအစည်းကို ထောက်ပံ့ပေးထားသည်။
ကိုးကားချက်အတွက် (သို့မဟုတ်) အဓိကထား ဖော်ပြချင်သည့် အပိုင်း၊ အချက်အလက်များကို မီးမောင်းထိုးပြသည့် အနေဖြင့် Map Viewerရှိ charts တွင် လမ်းညွှန်ချက်များ၊ အစိတ်အပိုင်းတစ်ခု၏ ပိုင်းခြားကန့်သတ်ချက်များကို ထည့်သွင်းအသုံးပြုနိုင်သည်။
3D visualization
ဘက်ပေါင်းစုံမှတွေ့မြင်နိုင်သည့် 3D, 4D ဒေတာများကို ဖော်ပြသည့် Scene Viewerရှိ local scenes တွင်ရှိသည့် voxel scene layers ကို အသုံးပြုနိုင်သည်။ voxel scene layersကို အသုံးပြု၍ လေထုဆိုင်ရာဒေတာ၊ သမုဒ္ဒရာဆိုင်ရာဒေတာများ၊ ဘူမိဗေဒဆိုင်ရာ မြေအောက်ဒေတာများ၊ space-time cubesပုံစံများကို မျက်မြင်တွေ့ရှိနိုင်ပါသည်။
Sharing and collaboration
အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်အချင်းချင်း contenများကို လွှဲပြောင်းခွင့်ရှိသော Reassign content and Receive content ဆိုသည့် အဓိက အချက် ၂ချက်ပါဝင်လာသည်။ အဖွဲ့ဝင်များသည် မိမိတို့၏ ကိုယ်ပိုင် content ကို Administrator ထံမှ လွှဲပြောင်းရန် ခွင့်ပြုချက်မလိုဘဲ အခြားအဖွဲ့ဝင်များထံသို့ ပြန်လည်သတ်မှတ်ပေးနိုင်သည်။
transferring content အကြောင်းကိုပိုမိုလေ့လာရန်→
App configuration
ArcGIS Dashboardsတွင် update များစွာ ပါဝင်လာပါသည်။ မိမိ ကိုယ်ပိုင် dashboard၏ toolbarရှိ add element option မှတစ်ဆင့် elementများကို ရွေးချယ် အသုံးပြုနိုင်သကဲ့သို့၊ elementများ ထည့်သွင်းရန်အတွက် dashboard layout များကိုလည်း ရွေးချယ်နိုင်ပါသည်။
ArcGIS Experience Builderတွင် widgets အသစ် ၂မျိုး ပါဝင်လာပါသည်။ Directionsသည် အမှတ် ၂ခု (သို့မဟုတ်) ၂ခုထက်ပိုသော အမှတ်များအတွင်းရှိ လမ်းကြောင်းများကို တွက်ချက်ပေးသည်။ မြေပုံပေါ်တွင် points, lines, နှင့် polygonsများအတွက် ရုပ်ပုံများကို ဖန်တီးရေးဆွဲနိုင်သည်။
Experience Builderရှိပါဝင်လာမှုအသစ်များကိုအသေးစိတ်လေ့လာရန်→
ArcGIS Instant Appsတွင် updatesများစွာပါဝင်လာပါသည်။ Exhibit app အသစ်သည် ထပ်တိုးမြေပုံအမျိုးမျိုးဖြင့် ချိတ်ဆက်ထားသောslide များကို အသုံးပြု၍ အစီအစဉ်အလိုက် တင်ဆက်မှုကို ပြသသည့် story ကို ပံ့ပိုးပေးသည်။ Exhibit app သည် bookmarks, layer visibility, basemaps, filters, နှင့် sketchesတို့မှ ဒေတာတို့ကို ခေါ်ယူအသုံးပြုနိုင်သည်။ Attachment Viewerတွင် editလုပ်ဆောင်နိုင်သော Layerများပေါ်တွင် feature attributesများကို update ပြုလုပ်ရန် appအသုံးပြုသူများအတွက် setting အသစ်တစ်ခု ပါဝင်လာသည်။
Instant Appsတွင် ပါဝင်လာသည့် အသစ်အသစ်များကိုအသေးစိတ်လေ့လာရန်→.
ဒေတာစီမံခန့်ခွဲခြင်း
- Map Viewerတွင် feature layersအတွက် editingပိုင်းတွင် အဆင့်မြှင့်တင်ထားသော Editor paneနှင့် snapping ရွေးချယ်မှု အသစ်ပါဝင်လာသည်။
- tiled imagery layersပိုင်ဆိုင်သူများသည် layerကိုtile packageသို့exportထုတ် နိုင်သည်။
- web mapအတွက် မိမိစိတ်ကြိုက် editလုပ်ထားသော Form ဖန်တီးမှုများအတွက် ရွေးချယ်စရာတစ်ခု ပါဝင်လာပါသည်။ web mapရှိ editလုပ်နိုင်သော feature layersများတွင် fields များကို အလိုအလျောက် ဖြည့်ပေးသော calculated expressions ကို ထည့်သွင်းနိုင်သည်။ fieldအတွက် တန်ဖိုးကို တွက်ချက်ပေးသော expressionsများ တည်ဆောက်ရန် Arcade ကိုအသုံးပြုသည်။ အလိုအလျောက် field ပါဝင်စေခြင်းဖြင့် editor များအတွက် အချိန်ကုန်သက်သာစေပြီး၊ ဒေတာခိုင်မာမှုကို တွန်းအားဖြစ်စေသည်။
Accounts and administration
- ArcGIS Online အဖွဲ့အစည်းများတွင် လုပ်ငန်းဌာနအလိုက်၊ တည်နေရာအလိုက်၊ ကျွမ်းကျင်ရာနယ်ပယ်အလိုက် စသည်ဖြင့် အမျိုးအစားအလိုက် အဖွဲ့ဝင်များအတွက် အဆင့်ဆင့် အုပ်စုဖွဲ့စည်း (set up hierarchical categories) တည်ဆောက်နိုင်သည်။ သင့်လျော်သော လုပ်ပိုင်ခွင့်များရှိသည့် စီမံခန့်ခွဲသူများနှင့် အဖွဲ့ဝင်များသည် member page၏ Members tabပေါ်တွင် အဖွဲ့ဝင် စာရင်းကို စစ်ထုတ်ရန်နှင့် အဖွဲ့အစည်းများသို့ အဖွဲ့ဝင်များကို ဖိတ်ခေါ်ရန်အတွက် အဆိုပါ အဖွဲ့ဝင်အမျိုးအစားများကို အသုံးပြုနိုင်သည်။ အဖွဲ့ဝင်အမျိုးအစားများကို အဖွဲ့ဝင်များ၏ user settings pageပေါ်တွင် ဖော်ပြထားသည်။
- Reports pageပေါ်ရှိ report field details အတွက် linkအသစ်တခုကို ပါဝင်စေခြင်းဖြင့် administrative reports များကို ဖန်တီးခြင်းနှင့် အစီအစဉ်ရေးဆွဲခြင်း လုပ်ဆောင်ချက်များကို တိုးတက်စေသည်။ Reports pageမှ Reports များကိုလည်း တိုက်ရိုက် ပယ်ဖျတ်နိုင်ပါသည်။
- organization၏ home page ပေါ်တွင် ရုပ်ပုံများကို linksများဖြင့် ပါဝင်စေပါသည်။
- signing in ပြုလုပ်ချိန်တွင် အဖွဲ့ဝင်များနှင့် အခြားအသုံးပြုသူများ၏ email လိပ်စာများကို ထည့်သွင်းဖော်ပြပေးသည်။
Contact Us
for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com
Hot Line:
+95 9 886366874
Social Media:
https://www.facebook.com/EsriMM