မိမိဒေတာများနှင့် အလုပ်လုပ်ခြင်း
—
Geoenables၊ hosts နှင့် scales ကဲ့သို့သော အားကောင်းသည့် စနစ်တစ်ခုအဖြစ် မိမိ ဒေတာများကို အသုံးပြုသည်။

ArcGIS Onlineတွင် ဒေတာအသုံးပြုခြင်း၏ စွမ်းအား

မိမိဒေတာကိုအသုံးပြုခြင်း
spreadsheets, geospatial files, images, နှင့် services များအပါအဝင် အရင်းအမြစ်များစွာမှ ဒေတာ အချက်အလက်များကို ArcGIS Online သို့ထည့်သွင်းသိမ်းဆည်းပြီး ပြင်ဆင်အသုံးပြုနိုင်သည်။
တည်နေရာထည့်သွင်းခြင်း
စီမံခန့်ခွဲရေး နယ်နိမိတ်များ (administrative boundarie) သို့မဟုတ် World Geocoding Service ကဲ့သို့သော ArcGIS Online အတွင်းရှိ တည်နေရာဒေတာကို အသုံးပြု၍ မြေပုံပေါ်တွင် မိမိ၏ ဒေတာဇယားကို (tabular data) ထည့်သွင်းအသုံးပြုသည်။
ပုံစံများကို ပိုင်းခြားသတ်မှတ်ခြင်း
ပျမ်းမျှအခြေအနေများကို တွက်ချက်ရန်နှင့် Patternများကို ရှာဖွေရန် postal codes ကဲ့သို့သော ကြိုတင်သတ်မှတ်ထားသော ပထဝီဝင်မြေအနေအထားများနှင့် မိမိဒေတာများကို အကျဉ်းချုပ် ဖော်ပြနိုင်သည်။
ဒေတာကြွယ်ဝမှု
လူဦးရေ အခြေအနေပြ အချက်အလက်များ၊ လူနေမှုပုံစံ အချက်အလက်များဖြင့် မိမိဒေတာကို ဘက်စုံ ပြည်စုံအောင် ဖြည့်စွမ်းပေးခြင်းဖြင့် မိမိ ရေးဆွဲထားသောမြေပုံ တည်နေရာ ဝန်းကျင်ရှိ လူများ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများ အကြောင်းကို ပိုမိုနားလည် သိရှိနိုင်စေသည်။
နည်းပညာနှင့်လုပ်ငန်းလည်ပတ်မှုအစိတ်အပိုင်းစီမံခန့်ခွဲမှုများတွင်ကျေနပ်မှုရရှိခြင်း
ArcGIS အွန်လိုင်း သည် မိမိစိတ်ကြိုက် အသုံးချနိုင်ပြီး စွမ်းဆောင်ရည်များနှင့် လေ့လာစောင့်ကြည့်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်သည်။ ArcGIS Onlineတွင် များစွာသော dataset များကို အသုံးပြုပြီး apps များကို ဗိုင်းရပ်စ်ကူးစက်သွားသည့်တိုင် ဒေတာများသည် ဆက်လက်၍ ကျန်ရှိနေမည်။
လိုအပ်ချက်နှင့်ကိုက်ညီသည့် ဒေတာများကို စုဆောင်းကောက်ယူပါ
—
ArcGIS Online သည် ဒေတာကောက်ယူစုဆောင်းခြင်း၊ လုပ်ငန်းစဉ်များနှင့် အသုံးပြုခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်ပေးသည်။ ArcGIS field Appများဖြင့် တိကျသော ဒေတာစုဆောင်းမှုများအတွက် စာရင်းများကောက်ယူခြင်းကဲ့သို့သော ရည်ညွှန်းချက်များကို သတ်မှတ်နိုင်သည်။
တူညီသော layer sourceကို အသုံးပြု၍ ဒေတာများကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ လုပ်ဆောင်ခြင်း၊ ညီတူညီမျှ ခန့်မှန်းတွက်ချက်ခြင်း၊ ရွေးချယ်၍ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ထိုလုပ်ဆောင်ချက်များသည် လုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေပြီး၊ ရှုပ်ထွေးမှုများကိုလည်း ရှောင်ရှားပေးနိုင်သည်။
မြေပုံရေးဆွဲခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့အတွက် Fieldအသစ်၏ အချက်အလက်များကို SQL သို့မဟုတ် Arcade ပရိုဂရမ်များကို အသုံးပြု၍ မိမိ၏ ဒေတာများမှ တွက်ချက်ဖော်ထုတ်နိုင်ပါသည်။


ဒေတာရယူအသုံးပြုမှုကို အတိအကျထိန်းချုပ်ခြင်း
—
dataset တစ်ခုတည်းပေါ်တွင် ကြည့်ရှုခွင့်များကို သတ်မှတ် ဖန်းတီးခြင်းဖြင့် မိမိ ဒေတာနှင့်အလုပ်လုပ်ခွင့်ကို ထိန်းချုပ်နိုင်ပါသည်။ ဝင်ရောက်ကြည့်ရှုသူ တစ်ဦးချင်းအတွက် သင့်လျော်သော ဒေတာအသုံးပြုခွင့်ကို ပေးထားနိုင်ပြီး၊ datasetအမျိုးမျိုးအတွက် စီမံခန့်ခွဲမှုကိုမူ ဖယ်ထုတ်ပေးထားသည်။ ဥပမာအားဖြင့်၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးမစ်ရှင်တစ်ခုတွင် ရှာဖွေသူများသည် Databaseထဲသို့ လိပ်စာများနှင့် အမည်များကဲ့သို့သော အချက်အလက်များကို ထည့်သွင်းနိုင်သည်။ အချက်အလက်အားလုံးကို ကယ်ဆယ်ရေးအေဂျင်စီများက မြင်နိုင်သည်။ သို့သော် ပြည်သူထံသို့ မျှဝေသော သတင်းအချက်အလက်သည် ရှာဖွေထားသော ဧရိယာများသာပါဝင်စေပြီး၊ လျှို့ဝှက်သင့်သည့်ဒေတာ (sensative data) များကိုမူ ဖယ်ထားပေးနိုင်သည်။


Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874

Social Media:
https://www.facebook.com/EsriMM