ဒေတာများ၏ အဓိပ္ပါယ်ကို ဖော်ဆောင်ပေးသည့် မြေပုံများဖန်တီးသည်။

arcgis-online-make-maps-banner-foreground
interact-with-maps-demo-large

တုံ့ပြန်သက်ရောက်မှုရှိသည့် မြေပုံများ

ဒေတာအပြန်အလှန်သက်ရောက်မှုရှိသည့်မြေပုံများ (Interactive maps) သည် အသုံးပြုသူများအတွက် ပုံသေမြင်ကွင်းများမှ စူးစမ်းရှာဖွေမှုများကို ပေးစွမ်းနိုင်သည့် မြေပုံများအဖြစ်ယူဆောင်၍ အတွေ့အကြုံကောင်းများကို ဖန်တီးပေးနိုင်သည်။ မြင်ကွင်းချဲ့ကြည့်ခြင်း၊ ရှာဖွေခြင်းဖြင့် ဒေတာများနှင့် အချင်းချင်းချိတ်ဆက်မှုရှိသည့် မြေပုံမှ အချက်အလက်အသေးစိတ်နှင့် အမြင်သစ်များကိုလည်း ရရှိစေပါသည်။

အပြန်အလှန်ချိတ်ဆက်လျက်ရှိသောမြေပုံများကို ရှာဖွေရန်နည်းလမ်းများစွာရှိသည့်အနက် အချို့သောအချက်များမှာ-

  • မြင်ကွင်းချဲ့ကြည့်ခြင်း(Zoom in) ဖြင့် ပိုမိုအသေးစိတ်ကျသော အချက်အလက်များရရှိခြင်း၊
  • မြေပုံပေါ်တွင် click နှိပ်ရုံဖြင့် မိမိသိရှိလိုသည့် တည်နေရာ၌ သတ်မှတ်ဖော်ပြထားသော သတင်းအချက်အလက်များကို စာသားများ၊ ဇယားကွက်များ၊ ရုပ်ပုံ(image)များဖြင့် မြင်တွေ့နိုင်ခြင်း၊
  • ကမ္ဘာ့နေရာအနှံ့ရှိ တည်နေရာများနှင့် မိမိသိရှိလိုသည့် သတ်မှတ်တည်နေရာများကို ရှာဖွေနိုင်ခြင်း၊
  • ဒေတာများကို ရွေးချယ်ကြည့်ရှုခြင်း၊ အရောင်များပြောင်းလဲပေးခြင်းဖြင့် အမြင်သစ်၊ စိတ်ကူးသစ်များကို ရရှိနိုင်ခြင်း

အရင်းအမြစ်အမျိုးမျိုးမှမြေပုံဒေတာများ

spreadsheets၊ geospatialဖိုင်များနှင့် ပုံရိပ်ဒေတာ အပါအဝင် ဒေတာပုံစံအမျိုးမျိုးကို ArcGIS Onlineတွင် ထည့်သွင်းအသုံးပြုနိုင်သည်။ IoT (Internet of Things) platforms ကဲ့သို့သော ပြင်ပ အရင်းအမြစ်များမှ ဒေတာများကို ချိတ်ဆက်နိုင်သည်။

arcgis-online-make-maps-tls-bring-data
arcgis-online-make-maps-tls-connect-iot
arcgis-online-make-maps-tls-imagery-raster-data
မိမိကိုယ်ပိုင်ဒေတာများကို ထည့်သွင်းအသုံးပြုခြင်း

Format ပုံစံအမျိုးမျိုးဖြင့် ဒေတာများအား content ထဲသို့  spreadsheets, KML, GeoJSON နှင့် အခြားအသုံးများသော geospatial fileများကို upload တင်ခြင်း သို့မဟုတ် cloud မှ ArcGIS Online သို့ ရိုးရှင်းစွာဖြင့် တိုက်ရိုက်ထည့်သွင်းနိုင်သည်။ ပါဝင်သော toolများကို အသုံးပြု၍ ဒေတာများကို ပြန်လည် မွမ်းမံပြင်ဆင်ပြီး ပုံဖော်ပြသရန်နှင့် လေ့လာဆန်းစစ်ခြင်းများကို  ပြုလုပ်နိုင်သည်။ 

ဒေတာလုပ်ဆောင်ပုံများကိုလေ့လာရန်→

IoT နှင့် sensor data များနှင့် ချိတ်ဆက်ခြင်း

အရေးကြီးသော လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် အချိန်နှင့်အမျှ ပြောင်းလဲနေသော (real time) spatial data များကို အဓိအသုံးချနိုင်သည်။ အသင့်အသုံးပြုနိုင်သော စွမ်းဆောင်ရည်များ ပါရှိသည့် ArcGIS Velocityဖြင့် IoT platformများ၊ message brokerများ၊ sensor APIsများမှ ဒေတာများကို ထည့်သွင်းအသုံးပြုကာ geofencingနှင့် အဖြစ်အပျက်များကို ရှာဖွေစုံစမ်းဖော်ထုတ်ခြင်းကဲ့သို့  တုံ့ပြန်လုပ်ဆောင်ချက်များဆောင်ရွက်ရန် အချိန်နှင့်တစ်ပြေးညီ လေ့လာဆန်းစစ်ခြင်းများအား အသုံးချနိုင်သည်။ 

imagery နှင့် raster dataများကို စီမံခန့်ခွဲခြင်းနှင့် လေ့လာဆန်းစစ်ခြင်း

မိမိ၏ ပုံရိပ်ဒေတာ(imagery data) များကို ArcGIS Onlineမှတစ်ဆင့် အခြားများစွာသော အသုံးပြုသူများက ချက်ချင်း ရယူအသုံးပြုခွင့်ပြုနိုင်သည်။ ArcGIS Image for ArcGIS Online သည် user type extension တစ်ခုဖြစ်ပြီး imageryနှင့် raster dataများကို သိမ်းဆည်းခြင်း၊ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းများ လုပ်ဆောင်နိုင်သည်။

မြေပုံတွင် အကြောင်းအရာ(content)များထည့်သွင်းခြင်း

မြေပုံပေါ်တွင် မိမိဒေတာများကို ထားရှိခြင်းဖြင့် အတွေးအမြင်အသစ်များ ရရှိစေနိုင်မည်ဖြစ်ပြီး မေးခွန်းအသစ်များလည်း ထုတ်နိုင်မည်ဖြစ်သည်။  ArcGIS Online တွင် ArcGIS Living Atlas of the World မှတစ်ဆင့် အသင့်အသုံးပြုနိုင်သော မြေပုံများ၊ ဒေတာ အစုအဝေးများ ပါဝင်သည်။

အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေသော ဒေတာများထည့်သွင်းခြင်း

ရာသီဥတု၊ သဘာဝဘေးအန္တရာယ်၊ ယာဉ်ကြောပိတ်ဆို့မှု စသည့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ အရပ်ရပ်ကို တိုက်ရိုက်ဖော်ပြသော စုစည်းမှုတစ်ခုဖြစ်သည်။ အဆိုပါ တိုက်ရိုက် အခြေအနေ ကိစ္စရပ်များကို မိမိမြေပုံများနှင့် appsများပေါ်သို့ တင်ခြင်း၊ ဝေဖန်ဆန်းစစ်လေ့လာခြင်းတို့ဖြင့် ယှဉ်တွဲဖော်ပြနိုင်သည်။ ၎င်းဒေတာများသည် တိကျသေချာ စိတ်ချရပြီး၊ သန်းပေါင်းများစွာသော ကြည့်ရှုသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေသည်။ 

Live feeds
Live feeds
Demographic Data
Demographic Data

ကမ္ဘာလုံးဆိုင်ရာလူထုအခြေပြုဒေတာနှင့်စီးပွားရေးဆိုင်ရာဒေတာများ

လူဦးရေအခြေပြုဒေတာ၊ စရိုက်လက္ခဏာ နေထိုင်မှုပုံစံဆိုင်ရာဒေတာနှင့် လူမှုစီးပွားရေးဆိုင်ရာဒေတာများဖြင့် မိမိမြေပုံများကို ပိုမိုကောင်းမွန် ပြည့်စုံအောင်လုပ်ဆောင်သည်။ နိုင်ငံပေါင်း ၁၃၀ကျော်မှ ဒေတာအမျိုးအစားပေါင်း ၁၅,၀၀၀ကျော်ကို အသုံးပြုပြီး မိမိ လိုအပ်သော ဒေတာများကို ရှာဖွေ၍ မြေပုံရေးဆွဲခြင်းနှင့် ဝေဖန်ဆန်းစစ်လေ့လာခြင်းများတွင် ဒေတာများကို ထည့်သွင်းအသုံးပြုနိုင်သည်။ 

မြေ၊ ပင်လယ်၊ လေထု၊ နှင့် တိရစ္ဆာန်များအား စူးစမ်းရှာဖွေခြင်း

သိပ္ပံနည်းကျ ဒေတာများကိုအသုံးပြု၍ ဇီဝနယ်ပယ်များအကြောင်း လေ့လာခြင်းဖြစ်သည်။ တောင်တန်းအမြင့်ပေများ တိုင်းတာခြင်းနှင့် ရေကန်၊ သမုဒ္ဒရာတို့၏ အနက်များကို ရှာဖွေလေ့လာဖော်ထုတ်နိုင်သည်။ စွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာ အချက်အလက်များကို ညွှန်ပြခြင်းနှင့် အရင်းအမြစ်များ၏ စတင်ရာနေရာကို နားလည်သဘောပေါက်စေပါသည်။ အလေ့အကျင့်များ၊ မျိုးစိတ်များနှင့် ပတ်သက်၍ ရှာဖွေခြင်းနှင့် ရာသီဥတု အခြေအနေနှင့် ပုံစံများကိုလည်း လေ့လာနိုင်သည်။

Environmental Data
Environmental Data

မြေပုံရေးဆွဲခြင်းနှင့် သိသာထင်ရှားမှုရှိရန်ပြုလုပ်ခြင်း

ပုံထုတ်ရန်၊ အက်ပလီကေးရှင်းများ (Applications)တွင် အသုံးပြုရန်၊ အလွယ်တကူစောင့်ကြည့်ကြည့်ရှုနိုင်ရန်နှင့် ဝက်ဆိုက် (Websites) များတွင် အသုံးပြုနိုင်ရန် အတွက် မည်သည့် မြေပုံစကေး (Map Scale)နှင့်မဆို တိကျမှန်ကန်ပြီး၊ အလွယ်တကူ အသုံးချနိုင်သော မြေပုံရေးဆွဲနိုင်သော ကိရိယာများ (Tools) နှင့်အတူ အလုပ်လုပ်ခြင်းဖြစ်ပါသည်။

ပိုမိုဖတ်ရှုနိုင်ရန်

အရည်အသွေးမြင့် basemap များပေါ်တွင် မြေပုံတည်ဆောက်ခြင်း

မိမိဒေတာများကို အသင့်အသုံးပြုနိုင်သည့် canvasပေါ်တွင် ထားရှိနိုင်သည်။ ArcGIS Online တွင် လက်ရှိအခြေအနေ၊ ရှေးဟောင်းပုံစံနှင့် တီထွင်ဖန်တီးထားသော basemaps တို့ပါဝင်သည့် ကြီးမားကျယ်ပြန့်သော စုစည်းမှုတစ်ခုရှိပါသည်။ Esri ရှိ အဆိုပါ အရည်အသွေးမြင့် basemapsများကို တရားဝင်အသုံးပြုခွင့်ရှိသည့် စီးပွားရေးဆိုင်ရာ ဒေတာများနှင့် အများနှင့် သက်ဆိုင်သော ဒေတာများကို အသုံးပြု တည်ဆောက်ထားပါသည်။ basemapsအမျိုးမျိုးကို အသုံးပြု၍ မိမိဒေတာအား အကြောင်းအရာများနှင့် ကိုယ်ရည်ကိုယ်သွေးများကို ပေးစွမ်းပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ အရည်အသွေးမြင့် အောက်ခံမြေပုံ (Basemap) များ
လိုအပ်သလိုပုံဖော်နိုင်သော vector basemap များ
Creative basemaps

ပုံဖော်ပြသခြင်း၊ ရှာဖွေခြင်းဖြင့် မိမိဒေတာများအား သိရှိနားလည်ခြင်း

မြေပုံတွင် မိမိဒေတာများကို ပုံဖော် ပြသသည့်အခါ Patterns (ပုံစံများ) နှင့် spatialဒေတာ ချိတ်ဆက်မှုများကို ဖြစ်ပေါ်စေပါသည်။ စမတ်မြေပုံရေးဆွဲခြင်းများသည် မိမိဒေတာ ကုန်ကြမ်းများကို မိမိပုံဖော်ပြသ၊ ရှာဖွေစေချင်သည့်အတိုင်း လမ်းညွှန်ချက်များအသွင်သို့ ကူးပြောင်းပေးပါသည်။ ဒေတာအကြောင်းအရာများကို စိတ်ဝင်စားဖွယ်ဖြစ်စေရန် ဖော်ပြထားသည့် ကာလာများ၊ ပုံသဏ္ဍာန်များနှင့် symbolsများကို ရှာဖွေ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

မေးခွန်းများ၏ အဖြေများအတွက် မြေပုံစတိုင်လ်များကိုအသုံးပြုခြင်း

အဆင့်မြှင့် မြေပုံစတိုင်လ်များစွာထဲမှ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါသည်။ စတိုင်လ်တစ်ခုချင်းအလိုက် မိမိဒေတာမြင်ကွင်းပုံစံအမျိုးမျိုးကို ထောက်ပံ့ပေးပါသည်။

Contact Us

Untitled6

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

Hot Line:

+95 9 886366874

Untitled4

Social Media:

https://www.facebook.com/EsriMM