ArcGIS Enterprise

ArcGIS သည်  မြေပုံပြုလုပ်ရန်၊ တည်နေရာနှင့်ပက်သက်သော အချက်အလက်(data) များ လေ့လောဆန်းစစ်မှုများအတွက် သက်ဆိုင်ရာ tools များ ပြုလုပ်ပေးလျက်ရှိပါသည်။ ArcGIS သည် ဖြစ်ပျက်နေသောပြောင်းလဲမှုများ၊ ထိုပြောင်းလဲမှုများနှင့် ဆက်စပ်နေသည့်အရာများ၊ ဘယ်လိုမျိုးဆက်စပ်နေသည့် ပုံစံအမျိုးမျိုး စသည့် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို လျင်လျင်မြန်မြန် ထင်သာမြင်သာစေသည့် ဘာသာစကားတစ်ခုဖြစ်ပါသည်။

အဆင်သင့်ဖြစ်နေပါပြီ

သင့်အဖွဲ့အစည်းရဲ့ အိုင်တီနည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တွေ ဖြည့်ဆည်းရန်အတွက်  ArcGIS Enterprise ရှိနေပါတယ်။ သင့်အဖွဲ့အစည်းအောင်မြင်မှုအတွက်  အထောက်အပံ့ဖြစ်စေမဲ့  GIS Platform တစ်ခုပဲဖြစ်ပါတယ်။

မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည်များကို  ArcGIS Enterprise နှင့် အဆင့်မြှင့်တင်လိုက်ပါ

ArcGIS Enterprise သည်  ArcGIS Platform ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မိမိ၏ GIS စနစ် လုပ်ငန်းစဉ်အားလုံးကို အပြည့်အဝ ပံ့ပိုးပေးပါသည်။ Enterprise ၏ စည်းမျဉ်းစည်းကမ်း မူဝါဒလမ်းစဉ်များနှင့် အညီ လုပ်ဆောင်ပေးပါသည်။

ArcGIS Enterprise ကို လွယ်ကူစွာ စတင်အသုံးပြုနိုင်ခြင်း
အဖွဲ့အစည်းအတွက်အဆင်သင့်ရှိနေခြင်း
စိတ်ကြိုက် Apps များဖန်တီးနိုင်ခြင်း

ArcGIS Enterprise ကို လွယ်ကူစွာ စတင်အသုံးပြုနိုင်ပါသည်

ArcGIS Enterprise သည် မြေပုံများဖန်တီးပြုလုပ်ခြင်းနှင့် လေ့လာဆန်းစစ်ခြင်းများအတွက် platform တစ်ခုဖြစ်ပါသည်။ မိမိ၏ လုပ်ငန်းများကို စီမံဆောင်ရွက်နိုင်ရန်နှင့် မျှဝေနိုင်ရန် web ကိုအခြေခံထားသော GIS infrastructure တည်ဆောက်ရန်အတွက်  Platform တစ်ခုဖြစ်ပါသည်။ ရရှိနိုင်မည့်အကျိုးကျေးဇူးများမှာ-

  • မိမိအဖွဲ့အစည်းအတွင်း ပထဝီဝင်ဆိုင်ရာအချက်အလက်များအား portal  အနေဖြင့် တစ်စုတစ်စည်းတည်း အသုံးပြုရန်နှင့်  မျှဝေရန်
  • မိမိ ဒေတာအချက်အလက်များအတွက်  လုံခြုံစွာ သိမ်းဆည်းနိုင်ခြင်းနှင့် ဒေတာများ၊ မြေပုံများအား လွယ်ကူလျင်မြန်စွာ ရယူ အသုံးပြုနိုင်ရန်
  • အချိန်နှင့်တစ်ပြေးညီရရှိသော များစွာသော အချက်အလက်များနှင့် image များအား  လွယ်ကူစွာ လိုအပ်သလို အသုံးချနိုင်ခြင်း
  • မိမိရွေးချယ်အသုံးပြုမည့် GIS Server extension ပေါ်မူတည်၍ အခြားလိုအပ်သော လုပ်ဆောင်ချက်များအား ဖြည့်စွက်ဆောင်ရွက်နိုင်ခြင်း၊
  • အဖွဲ့အစည်းတွင်း ပထီဝင်ဆိုင်ရာအချက်အလက်များအား database အဖြစ်သိမ်းဆည်း အသုံးပြုနိုင်ခြင်း

အသေးစိတ်ကြည့်ရှုရန်

what-you-get-image

စဉ်ဆက်မပြတ်လေ့လာနိုင်ရန်


Esri သည် နည်းပညာ ပံ့ပိုးမှုများအဖြစ် စာရွက်စာတမ်းများ၊ သင်ခန်းစာများ၊ ဗီဒီယိုဖိုင်များကို တင်ပြပေးထားပါသည်။