ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများအတွက် ArcGIS Application

 

GIS ကို အသုံးပြု၍ စက်မှုလုပ်ငန်းများနှင့် ကွင်းဆင်းလုပ်ငန်းများ လုပ်ဆောင်ခြင်း

ArcGIS applications  သည် ပိုမိုတိကျသည့် ကိုသြဒီနိတ်များနှင့်အတူ  အချက်အလက်များကောက်ခံနိုင်သည့်အပြင် ကောက်ခံမှုအခြအနေများကိုပါ အချိန်နှင့်တစ်ပြေးညီ သိရှိစေနိုင်ပါတယ်။ စာရွက်ဖြင့် ကွင်းဆင်းကောက်ခံခြင်းများအစား ArcGIS application များဖြင့် အစားထိုး အသုံးပြုလိုက်ပါ။ တူညီသော ဒေတာအရင်းအမြစ် (Data Source)တစ်ခုတည်းကိုပဲ ကွင်းဆင်းကောက်ခံသူများက အသုံးပြုသည့်အတွက် ဒေတာများ အချိန်နှင့်တစ်ပြေးညီ ရရှိခြင်း၊ errors  နည်းသွားခြင်း၊အချိန်ကုန်သက်သာခြင်းနှင့် ကုန်ကျစရိတ်များပါ သက်သာစေမှာ ဖြစ်ပါသည်။

ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများ အတွက်သင့်လျော်သော procedureများ အသုံးပြုလိုက်ပါ

 

ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ၊ စက်မှုလုပ်ငန်း နယ်ပယ်များ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော လုပ်ငန်းစဉ်တစ်ခုချင်းအတွက် ပိုမိုသင့်လျော်၍ အသုံးပြုရန်လွယ်ကူသော ArcGIS applications နှင့် ပေါင်းစပ်အသုံးပြုခြင်းသည် မိမိလုပ်ငန်းကိစ္စရပ်များ ပိုမိုမြန်ဆန်လွယ်ကူစေမှာ ဖြစ်ပါသည်။

စီမံကိန်းရေးဆွဲခြင်း

ArcGIS ပရော်ဖက်ရှင်နယ်မြေပုံ (Professional Mapping)application များဖြစ်သည့် ArcMap နှင့် ArcGIS Pro သည် ကွင်း (Field) အတွင်း အကောင်းဆုံး စီမံကိန်း​ ရေးဆွဲခြင်းများအတွက် ကိရိယာ(Tools) များကို ကူညီထောက်ပံ့ ပေးပါသည်။

1-Field

အကောင်းဆုံးသော လုပ်ငန်းစဉ်များ

ကွင်းဆင်းစုံစမ်းစစ်ဆေးရေး လုပ်ငန်းများအတွက် သတ်မှတ်လုပ်ငန်းစဉ်များအတိုင်း ကြိုတင် တာဝန်ပေးခြင်းနှင့် workflows များ ကြိုတင် ဖန်တီးပေးခြင်း ဖြင့် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်ကူညီပေးသည်။ အချိန် နှင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါသည်။

Workforce for ArcGIS application သည် မန်နေဂျာများမှ လုပ်ငန်းတာဝန်များ သတ်မှတ်ပေး(assign) နိုင်ပြီး၊ ဆောင်ရွက်ပြီးသော လုပ်ငန်းတာဝန်များကို အစီရင်ခံစာများအနေဖြင့် လုပ်ဆောင်ပေးနိုင်ပါသည်။

Capture

တိုက်ရိုက်အသုံးပြုနိုင်ခြင်း

ArcGIS application တစ်ခုဖြစ်သည့် Navigator သည် ခရီးသွားသည့်အခါ တိကျသည့် တည်နေရာကို ရှာဖွေနိုင်ပြီး အကောင်းဆုံးလမ်းကြောင်းကို ကူညီရှာဖွေပေးမည် သို့မဟုတ် နေရာမျိုးစုံကို ခရီးသွားလာနိုင်သော အစီအစဉ်များကိုလည်း ကြိုတင်ရေးဆွဲနိုင်သည်။

ပိုမိုလေ့လာရန်Navigator for ArcGIS

Navigate

ဒေတာများ ကောက်ခံစုဆောင်းခြင်း

မြေပုံပေါ်တွင် သတင်းအချက်အလက်များ၊ ဓါတ်ပုံများ၊ နမူနာ စစ်တမ်းများ ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အချက်အလက်အားလုံး ပေါင်းထည့်၍ ဒေတာများကောက်ခံရန် ပြီးပြည့် စုံသော solution ဖြစ်ပါတယ်။

Collector for ArcGIS: မြေပုံကိုအခြပြု၍ ဒေတာများ တိုက်ရိုက် ကောက်ခံစုဆောင်းခြင်း

Survey123 for ArrcGIS: အချက်အလက်မေးခွန်းစစ်တမ်းပုံစံ အခြေပြု ဒေတာစုဆောင်းခြင်း

Drone2Maps for ArcGIS: မောင်းသူမဲ့ လေယာဉ်ကို အသုံးပြု၍ ရရှိလာသော ပုံရိပ်(image) process လုပ်နိုင်ခြင်း

Mappt-E-Trio

အချိန်နှင့်တစ်ပြေးညီး(real-time)ခြေရာခံစံနစ်

စီမံခန့်ခွဲသူများအနေဖြင့် ArcGIS application ဖြစ်သည့် Operation Dashboard မှ အချိန်နှင့်တစ်ပြေးညီပြောင်းလဲနေသည့် သတင်းအချက်အ လက်များကို စာရင်းဇယားများ၊ chart များ၊ သတိပေးချက်များဖြင့် စောင့်ကြည့်၍  ပိုမိုသင့်လျော်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေမည် ဖြစ်ပါသည်။

သတင်းအချက်အလက်များကို ပိုမိုကြည့်ရှုရန်