case study
Houston Public Works၏ Enterprise GIS စနစ်ကို ပိုမိုစွမ်းဆောင်ရည်ပြည့်ဝသော လုပ်ဆောင်မှုများဖြင့်ကောင်းမွန်စွာစီမံခန့်ခွဲခြင်း
Houston, Texasရှိ Houston Public Worksသည် ရေပေးဝေရေးလုပ်ငန်းများ၊ ရေဆိုးရေညစ်လုပ်ငန်းများနှင့် ဆောက်လုပ်ရေးခွင့်ပြုချက်လုပ်ငန်းများကို ပြည်သူတို့၏ ဘဝအရည်အသွေးကို မြှင့်တင်ရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။ Houston Public Worksရှိ geospatial services team သည် လုပ်ငန်းဌာန (၅)ခုအတွက် GIS လုပ်ငန်းလည်ပတ်မှုနှင့် GIS IT infrastructureပိုင်းအတွက် တာဝန်ယူပေးလျက်ရှိသသည်။ ထိုဌာနတို့သည် မိမိတို့ ဌာနအလိုက် သက်ဆိုင်ရာ ဒေတာများကို editingနှင့် maintenanceများပြုလုပ်ခြင်း၊ လိုအပ်ပါက web maps နှင့် dashboardsတို့ကို ဖန်တီး ထုတ်ယူတင်ပြကြရသည်။
geospatial services team အနေဖြင့် Serverအရေအတွက်များ၊ user groupများ၊ အသုံးပြုသူ member များနှင့် transaction လမ်းကြောင်းများ များပြားလာသည့်အတွက် ဖြစ်ပေါ်လာသည့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန်နှင့် reportingရရှိရန်အတွက် solution တစ်ခုလိုအပ်လာသည်။
ထို solution အတွက် Esri၏ Partner နှင့် ပူးပေါင်း၍ Enterprise GIS စနစ်တစ်ခုလုံးကို ကြီးကြပ်ရန်အတွက် ArcGIS Monitor ကို အသုံးပြုစေခြင်းဖြင့် Houston Public Works၏ လုပ်ငန်းလည်ပတ်မှုနှင့် ဝန်ဆောင်မှုတို့ကို ပိုမိုကောင်းမွန်စေရန် ထိရောက်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို တိုးမြှင့်နိုင်ခဲ့သည်။
စိန်ခေါ်ချက်
လွန်ခဲ့သည့် ကာလများအတွင်း GISကို စနစ်တကျ တည်ဆောက်ဖွဲ့စည်းမှု မရှိခဲ့ခြင်းကြောင့် GISစနစ်ကို အသုံးပြုရာတွင် အဆင်မပြေမှုများစွာ ပေါ်ပေါက်ခဲ့သည်။ ဌာနများအနေဖြင့် ဒေတာများကို ခေါ်ယူအသုံးပြုခြင်း၊ သိမ်းဆည်းခြင်းတို့တွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လာခဲ့သည်။
geospatial services teamသည် internal useနှင့် production applicationsများအတွက် database မျှဝေရာတွင် Database ပုံတူပွား၍ (replica database) အသုံးပြုကြသည်။ ထို့ကြောင့် ဒေတာပမာဏ များပြာလာသည်နှင့်အမျှ editor များအတွက် replicaများ ပို၍ တည်ဆောက်လာရခြင်း၊ ထိုတိုးများလာသည့် ဒေတာများ၏ maintenance အတွက် userများ ပို၍ပါဝင်လာရသည်။ ထို့နောက် database administratorတစ်ဦးအနေဖြင့် ရှုပ်ထွေးမှုများစွာနှင့် ရင်ဆိုင်လာရသည်။
ဖြေရှင်းချက်
Userများအတွက် မတူညီသည့် environmets များကို ဖန်တီးသည်။ editor များအတွက် ရည်ရွယ်ထားသည့် editing database environment၊ viewer များနှင့် publishing အတွက် environmets များကိုလည်း ခွဲခြားသတ်မှတ်ခဲ့သည်။ သို့သော် စနစ်တခုချင်းစီ၏ monitoringအတွက် ဖြေရှင်းရန်ကျန်ရှိနေသေးသည်။
ArcGIS Monitorကို ရွေးချယ်အသုံးပြု၍ system health၊ system usageတို့ကို စောင့်ကြည့်ခြင်း၊ performance ၏ reportများ၊ လုပ်ငန်း၏ အဓိကအပိုင်းအများအတွက် အရေးကြီးသော သတိပေးချက် alerts များကိုပါ ရရှိစေသည်။
အကျိုးရလဒ်
ArcGIS Monitorကိုကောင်းစွာ အသုံးချနိုင်သဖြင့် performanceများ၊ user experienceများ troubleshootingပိုင်းများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီး အချိန်ကုန်သက်သာစေသည်။ စတင်အကောင်အထည်ဖော်ရာတွင် transaction ပမာဏနှင့် ဒေတာဆုံးရှုံးမှုများကို စစ်ဆေးခြင်း၊ server၏ services အခြေအနေများကို စစ်ဆေးခဲ့ရသည်။ ArcGIS Monitor၏ လုပ်ဆောင်ချက်ကို အပြည့်အဝရရှိပြီးနောက် ဒေတာကြွယ်ဝမှုကို ကောင်းစွာပံ့ပိုးပေးနိုင်ခဲ့သည်။
ArcGIS Monitorကိုကောင်းစွာ အသုံးချနိုင်သဖြင့် database serverတစ်ခုလုံး, performance, status, activities, နှင့် သတင်းအချက်အလက် အသေးစိတ်ကို တွေ့မြင်နိုင်သည်။
performance reportကို ထုတ်ပေးခြင်းသည် ဆုံးဖြတ်ချက်များကို လျင်မြန်စွာချမှတ်နိုင်ရန်အတွက် လုံလောက်သော သတင်းအချက်အလက်တစ်ခုဖြစ်သည်။
ယခုအခါ geospatial services teamသည် Monitorအကူအညီဖြင့် utilities များဖြစ်ကြသော water, wastewater, နှင့် storm networksများကို utility network model environmentအသစ်အဖြစ် စတင်ပြောင်းရွှေ့အသုံးပြုလျက်ရှိသည်။ ခက်ခဲရှုပ်ထွေးသော ပုံမှန် သမရိုးကျပြောင်းရွှေ့မှုပုံစံကို သွေဖီ၍ Monitorဖြင့် လွယ်ကူစွာချိတ်ဆက် ဆက်သွယ်၍ အဆိုပါ environmentအသစ်ကို အသုံးချလျက်ရှိသည်။

Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
