ArcGIS Online
မြေပုံများနှင့်လေ့လာဆန်းစစ်ခြင်းနှင့် လူတိုင်းအတွက် တည်နေရာများ ဖော်ပြခြင်း။
ArcGIS Online ဆိုသည်မှာ မြေပုံများ ဖန်တီးပြုလုပ်ရန်အတွက် cloud computing ကို အခြေခံတည်ဆောက်ထားသော platform တစ်ခုဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် မြေပုံများ၊ အက်ပလီကေးရှင်း (application) များ ပြုလုပ်နိုင်ခြင်းနှင့် ပြုလုပ်ပီးသော မြေပုံများကို သက်ဆိုင်ရာလုပ်ငန်းများအတွက် ပြန်လည်မျှဝေနိုင်မည် ဖြစ်ပါသည်။ Esri ၏ ArcGIS Online သည် လုံခြုံရေးပိုင်းတွင် ယုံကြည်စိတ်ချရပြီး၊ အဖွဲ့အစည်းလိုက်အသုံးပြုနိုင်သော (Software-as-a-Service) ဆော့ဝဲလ်ကို ဝန်ဆောင်မှုပေးထားပါသည်။
မြေပုံနှင့်ဆက်စပ်သော အက်ပလီကေးရှင်း(application)များ ပြုလုပ်နိုင်ခြင်း
အသုံးပြုသူများသည် ArcGIS Online တွင် မြေပုံများ၊ လေ့လာဆန်းစစ်မှုများ၊ အက်ပလီကေးရှင်း(application)များ၊ စီမံခန့်ခွဲခြင်းများ၊ မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်နိုင်ပါသည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုများသည် မိမိအတွက်သာမက မိမိအသင်းအဖွဲ့အစည်းများအတွက်လည်း လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ArcGIS Online၏ အဓိက အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အကန့်အသတ်မရှိ
ArcGIS Online သည် Cloud ကို အခြေခံထားပြီး၊ အသုံးပြုသူများအတွက် အမျိုးအစားများ (Level)ခွဲနိုင်သောကြောင့် မိမိအဖွဲ့အစည်းအတွင်းရှိ အသုံးပြုသူများ၏ လုပ်ပိုင်ခွင့်များကို လွယ်ကူစွာ ခွဲခြားသတ်မှတ်နိုင်သည်။
လူတိုင်းအတွက် အက်ပလီကေးရှင်း(application)
လုပ်ငန်းခွင် နယ်ပယ်အသီးသီးမှ ဝန်ထမ်းမှ စ၍ အဖွဲ့ခေါင်းဆောင်များ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများ၊ ကန်ထရိုက်တာများ၊ မြို့သူမြို့သားများပါတည်နေရာနှင့်ဆက်စပ်လျက်ရှိသော ဒေတာအချက်အလက်များကို အသုံးပြုချင်ဆန္ဒရှိကြသည်မှာ မလွဲဧကန်ပင်။ ArcGIS Online တွင် ပါဝင်သော အက်ပလီကေးရှင်း ( application) များ၊ tool များသည် မြေပုံများ ရေးဆွဲနိုင်သည့်အပြင် ပြန်လည်မျှဝေခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ မျှဝေခြင်းသည် မိမိလုပ်ငန်း၏ လုပ်ဆောင်မှုများကို လွယ်ကူမြန်ဆန်စွာစီမံနိုင်စေရန် ကူညီပေးနိုင်ပါသည်။ အက်ပလီကေးရှင်းပြုလုပ်ရန် builder များ ပါဝင်သည့်အတွက် မိမိစိတ်ကြိုက် ကိုယ်ပိုင်အက်ပလီကေးရှင်း(application)များ ဖန်တီးနိုင်ပါသည်။
မြေပုံများကို အလွယ်တကူအသုံးပြုနိုင်ခြင်း
ပြောင်းလဲဖြစ်ပေါ်နေသော အမျိုးမျိုးသော ဒေတာအချက်အလက်များအတွက် ထင်သာမြင်သာဖြစ်စေမည့် များပြားလှသော မြေပုံများကို ArcGIS Online ဖြင့် ဖန်တီးနိုင်ပါသည်။ 2D နှင့် 3D မြေပုံများကို လျှင်လျှင်မြန်မြန် ဖန်တီးနိုင်မည့်အပြင် လွယ်ကူစွာပြန်လည်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ Living Atlas ကိုအသုံးပြု၍ တစ်ကမ္ဘာလုံးမှ ရာနှင့်ချီသော များစွာသော ဒေတာအချက်အလက်များနှင့် မြေပုံများကိုလည်း ရယူနိုင်မည် ဖြစ်ပါသည်။
ArcGIS Onlineသည် မိမိအဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများကို မိမိတို့စိတ်ကြိုက် ကိုယ်ပိုင်မြေပုံများ ဖန်တီးနိုင်ရန် ကူညီပေးပါသည်။ ArcGIS Online တွင်ရှိသော tool များသည် ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်သည့်အတွက် အသုံးပြုသူများ၏ မြေပုံများကို လှပသေသပ်စွာနှင့် လွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်သည့်အပြင်၊ အခြားအသုံးပြုသူများကိုလည်း လွယ်ကူစွာ မျှဝေနိုင်ပါသည်။ အခြားအသုံးပြုသူများမှ မျှဝေသော ဒေတာများကိုလည်း လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ပြီး၊ လိုအပ်သည့်အချိန်တွင် မှန်ကန်သောဆုံးဖြတ်ချက်များကိုလည်း ချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
စီမံခန့်ခွဲနှိုင်ခြင်း
ArcGIS Onlineကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများ၏ လုပ်ငန်းတာဝန်များကို လျင်မြန်စွာ ပြီးမြောက်စေပါသည်။ အဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်များ၊ အချက်အလက်များ၊ မြေပုံများကို မိမိစိတ်တိုင်းကျ စီမံခန့်ခွဲနိုင်ခြင်းနှင့်၊ စနစ်တစ်ခုလုံး၏ အခြေအနေအရပ်ရပ်ကိုလည်း စောင့်ကြည့်နိုင်ပါသည်။
ယုံကြည်စိတ်ချမှု
သတင်းအချက်အလက်များ လုံခြုံစေရန် လုံခြုံရေး သတ်မှတ်ချက်များနှင့်အညီ ArcGIS Online ကို တည်ဆောက်ထားပါသည်။ မိမိ၏ ဒေတအချက်အလက်များ လုံခြုံမှုရှိ၊ မရှိကို အချိန်မရွေး စစ်ဆေးနိုင်ပါသည်။ အချက်ပေးစနစ်ဖြင့် စနစ်တစ်ခုလုံးကို အမြဲတမ်း စောင့်ကြည့်စစ်ဆေးနိုင်သောကြောင့် အသုံးပြုပီးခဲ့သော အခြေအနေများကို ပြန်လည်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
အားသာချက်များ
မိမိ၏ ဒေတာ အချက်အလက်များကို အသုံးပြု၍ မှန်ကန်သင့်လျော်သော မြေပုံများ၊ အက်ပလီကေးရှင်း (application) များ ဖန်တီး အသုံးပြုနိုင်ပါသည်။
လူတိုင်းအတွက် အက်ပလီကေးရှင်း(application)
မြေပုံများအတွက်အလွယ်တကူအသုံးပြုနိုင်
သိသာထင်ရှားစွာဖော်ပြနိုင်ခြင်း
လေ့လာဆန်းစစ်မှုများ
စီမံခန့်ခွဲမှုများ
ArcGIS ဈေးကွက်
နယ်ပယ်အားလုံးအတွက်အသုံးချမှုများ
လုံခြုံစိတ်ချမှု
စိတ်ကြိုက်ပြင်ဆင်ဖန်တီးရန် tool များ
ArcGIS စတင်အသုံးပြုရန်