
ArcGIS Online
ArcGIS delivered as software as a service (SaaS)
လုံခြုံစိတ်ချရမှု အများဆုံး ပိုင်ဆိုင်ထားသည့် mapping and analytics platformကို ချက်ချင်း အသုံးပြုနိုင်သည်။ ArcGIS Online သည် enterpriseအဆင့်အတွက် အသင့်ဖြစ်နေပြီး အဖွဲ့အစည်ငယ်များနှင့် လုပ်ငန်းကြီးများအတွက် လိုအပ်သလို ချဲ့ထွင် အသုံးပြုနိုင်သည်။
တိကျမှန်ကန်သောSaaS GIS
တိကျမှန်ကန်မှုရှိပြီး အခြေအနေအရပ်ရပ်တွင် အသုံးပြုနိုင်သော ArcGIS Onlineဖြင့် မိမိ၏ ဒေတာ၊ မြေပုံနှင့် appများကို ခေါ်ယူအသုံးချနိုင်သည်၊ တုံ့ပြန်ဆောင်ရွက်ချက်များကို ပြုလုပ်နိုင်သည်၊ လိုအပ်ချက်များအတိုင်း ပြည့်စုံစေပါသည်။
အသင့်ခေါ်ယူအသုံးပြု၍ အကျိုးရလာဒ်အလျင်ကိုမြန်ဆန်စေခြင်း
set upလုပ်ရန်၊ ဝယ်ယူရန်၊ ပြုပြင်ထိန်းသိမ်းရန်နှင့် အခြားသော infrastructureများမလိုအပ်ဘဲ ကျွမ်းကျင်ပညာရှင်များ စီမံခန့်ခွဲသော cloud technologyဖြင့် အချိန်ကုန်သက်သာစေပြီး၊ ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်။
sensitive dataများအတွက် လုံခြုံရေး
Esri၏ လုံခြုံစိတ်ချရသော online GISနည်းပညာတွင် လုပ်ငန်းနယ်ပယ်၌ ဦးဆောင်နေသော လုံခြုံရေးစနစ်လုပ်ငန်းစဉ်များနှင့် စံသတ်မှတ်ချက်များနှင့်အညီ စီစဉ်ထည့်သွင်း မြှုပ်နှံထားသည်။ ArcGIS Onlineသည် တင်းကြပ်သော လုံခြုံရေးဆိုင်ရာ မူဝါဒများနှင့် ကိုက်ညီစေပြီး၊ FedRAMP Moderate authorizationကို အောင်မြင်ပြီးဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းများ၏ ယုံကြည်မှုကို ရရှိထားသည်။
အဆင်ပြေသောပူးပေါင်းမှုဖြင့်ပြည့်စုံသောဆုံးဖြတ်ချက်
မျှဝေရန်အတွက် မိမိစိတ်ကြိုက်ဖန်တီးထားသည့် ပုံစံ (model) မှတစ်ဆင့် ဒေတာများ၊ မြေပုံများနှင့် အကြောင်းအရာတို့ကို အဖွဲ့အစည်းအတွင်းနှင့် ပြင်ပသို့ မျှဝေနိုင်သည်။ သတင်းအချက်အလက်ပါ ဆုံးဖြတ်ချက်များနှင့် အဖွဲ့အတွင်း ချိတ်ဆက်မှု၊ စီမံခန့်ခွဲမှုနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ရန် အမျိုးမျိုးသော appများမှတစ်ဆင့် ပူပေါင်းဆောင်ရွက်နိုင်သည်။
web GIS၏ပြီးပြည့်စုံမှုဖြင့်ချိတ်ဆက်ခြင်း
ArcGIS Onlineနှင့်ချိတ်ဆက်ထားသော productsများတွင် တူညီသော ဒေတာတို့ဖြင့် လုပ်ဆောင်ချက်များကို ပူးပေါင်းဆောင်ရွက်နိုင်သည်။ နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များပေါ်တွင် အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် လုပ်ငန်းလည်ပတ်ရန် ပြီးပြည့်စုံသော online GISဖြင့် မိမိ အဖွဲအစည်း၏ ပုံမှန်လုပ်ဆောင်ချက်တို့ကို ထိန်းသိမ်းပေးသည်။
လုပ်ငန်းလိုအပ်ချက်များအလိုက် မြေပုံများဖြင့်ပြည့်စုံစေခြင်း
ArcGIS Onlineသည် မိမိတို့ ဌာန အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်အညီ အစဉ်အမြဲ ထပ်တူကျစေသည်။ ပုံမှန် မြေပုံရေးဆွဲသည့် လုပ်ငန်းစဉ်များမှသည် ရှုပ်ထွေးသော ဒေတာတည်ဆောက်မှုပုံစံအထိ လိုအပ်သည့် capabilitiesများကို ထပ်မံထည့်သွင်းခြင်းဖြင့် အရာအားလုံးအတွက် solutionတစ်ခုတည်းအဖြစ် အသုံးပြုနိုင်သည်။
web GIS software၏အားစိုက်ဦးဆောင်နိုင်စွမ်း
ယနေ့လူသားတို့ အားစိုက်ထုတ်ဆောင်ရွက်လျက်ရှိသော ပတ်ဝန်းကျင်ဆိုင်ရာ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာနှင့် လူမှုအကျိုးပြုလုပ်ငန်းများရှိ အကူအညီများအတွက် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းကြီးများ၏ ArcGIS Onlineအသုံးပြုပုံလေ့လာနိုင်သည်။
လုပ်ငန်းနယ်မြေအားအားလုံးအတွက် အဖွဲ့အစည်းစွမ်းအား
လုပ်ငန်းနယ်ပယ်များတွင် လူသားနှင့် ကမ္ဘာမြေကို အကျိုးပြုကာကွယ်ရန်၊ အရေးပါသော စနစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စီးပွားရေးအကျိုးရလာဒ်ကောင်းများထွက်ပေါ်ရန် မြေပုံများ၏ အဓိကအခန်းကဏ္ဍကို လေ့လာသိရှိနိုင်ပါသည်။
FedEx
သိုလှောင်ပို့ဆောင်ရေးနှင့်ဖြန့်ဖြူးရေး: Location intelligenceသည် FedEx အတွက် လုပ်ငန်းများကို အချိန်မီ ပြီးမြောက်စေသည်။
Portugalအစိုးရ
National Government: ပေါ်တူဂီနိုင်ငံသည် ပြင်းထန်ဆိုးရွားသော မီးလောင်မှုများဖြစ်ပွားပြီးနောက် တောမီးလောင်ကျွမ်းမှုကို ခုခံနိုင်မည့် စနစ်ကို ပြင်ဆင်မွမ်းမံခဲ့သည်။
Nevada County Fiber
Utilities: broadband serviceကို တိုးချဲ့ဆောင်ရွက်ရန် Nevada County Fiber (NevCoFiber) သည် GIS တွင် ရင်းနှီးမြုပ်နှံသည်။
ArcGIS Online၏ စွမ်းဆောင်ရည်များ
cloudပေါ်တွင် မိမိလိုအပ်ချက်များအတိုင်း ဒေတာများကို လုံခြုံစိတ်ချစွာ စီမံခန့်ခွဲနိုင်သည်၊ မြေပုံများနှင့် appများကို ဖန်တီးရေးဆွဲနိုင်သည်၊ spatial analysis စွမ်းဆောင်ရည်များ၊ ပူးပေါင်းဆေင်ရွက်ခြင်းနှင့် အဖွဲ့အစည်းအတွင်းနှင့် ပြင်ပတွင် အကျိုးရလဒ် လုပ်ဆောင်ချက်တို့ကို မျှဝေနိုင်ပါသည်။
ArcGIS geospatial platform၏ အပိုင်းတစ်ခု
ArcGISသည် geospatial data စီမံခန့်ခွဲမှုအတွက်၊ တည်နေရာသတင်းအချက်အလက်များမှ အသေးစိတ်လုပ်နိုင်စွမ်းကို ထုတ်ယူရန် ပြီးပြည့်စုံသော စွမ်းရည်များ၊ appများနှင့် toolများအတွက် တိကျသေချာသည့် ဖြေရှင်းချက်တစ်ခုဖြစ်သည်။ ArcGIS Onlineသည် ArcGISတွင် software as a service (SaaS) စနစ်အနေဖြင့် ပါဝင်လျက်ရှိပြီး user type အလိုက် လုပ်ဆောင်နိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်းတို့ကို အသုံးပြုခွင့်ပေးထားသည်။
Contact Us
Hot Line:
+95 9 886366874
Social Media:
https://www.facebook.com/EsriMM





