ဒေတာများစီမံခန့်ခွဲခြင်း
—
ဒေတာများအား တိကျသေချာစွာ ပေါင်းစပ်ခြင်း
ဒေတာများအား သိမ်းဆည်းခြင်း
—
မိမိ၏ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမည့် သင့်လျော်အဆင်ပြေသော နည်းလမ်းများကို အသုံးပြု၍ ArcGIS တွင် ဒေတာများကို သိမ်းဆည်း အသုံးပြုနိုင်သည်။ အသုံးများသော file format များ၊ geodatabase များ သို့မဟုတ် Cloud အား အသုံးပြုနိုင်သည်။ လုပ်ငန်းများကို ပြန်လည်ရယူရန် လိုအပ်သည့်အခါတွင် maps များ၊ scenes များ layouts များ၊ reports များ၊ tasks များကဲ့သို့သော Save မလုပ်ရသေးသည့် ပြောင်းလဲမှုများကို နောက်ဆုံး backup လုပ်ထားသည့် အချိန်ကာလထိ ပြန်လည်ရယူနိုင်သည်။ backup project ကို မူလပုံစံအတိုင်း ပြန်လည်ရရှိစေပြီး၊ backup project အသစ်တစ်ခုကို မိမိ၏ folder ထဲတွင် folder named .backups ဖြင့် ဖန်တီး သိမ်းဆည်းနိုင်သည်။
Edit data
—
ArcGIS Pro သည် တစ်ဉီးတစ်ယောက် (single-user) တည်း ၊ တစ်ပြိုင်နက်တည်း user များစွာ (multiuser) မှ ပြင်ဆင်ခြင်းများအတွက် geospatial data များ ကို စီမံရန်လိုအပ်သည့် tool များအားလုံးကို ထေက်ပံ့ပေးထားသည်။ အကြောင်းအရာကို အဓိကထား တည်းဖြတ်နိုင်သော tools များ၊ လုပ်ငန်းနယ်ပယ်အလိုက် ရည်ရွယ်သတ်မှတ်ထားသော template ၊ domains နှင့် subtypes များဖြင့် ဒေတာပေါင်းစပ်မှုကို တိကျသေချာစေပြီး ရိုးရှင်းစွာ ပြင်ဆင်(edit) နိုင်သည်။ ပြင်ဆင်ခြင်း (edit) အတွက် အကူအညီပေးနိုင်သော keyboard shortcuts များကို ဖန်တီးနိုင်သည်။ Edit မလုပ်စေချင်သည့် ကိစ္စရပ်များအတွက် ArcGIS Pro အတွင်းတွင် အပြည့်အဝ edit လုပ်ခွင့်ကို ပိတ်ထားနိုင်သည်။
ဒေတာကိုအကဲဖြတ်ခြင်းနှင့်အတည်ပြုခြင်း
—
ArcGIS Proတွင် ဒေတာတိကျမှုကို စစ်ဆေးပြီး၊ အတည်ပြုရန် ပြည့်စုံသော tool set တစ်စုံပါဝင်နေသည်။ တည်နေရာ အချက်အလက်ပါ ဒေတာများ ဆက်နွယ်မှု၊ ချိတ်ဆက်မှုနှင့် ထည့်သွင်းတွက်ချက်မှုများအတွက် တိကျရှိစေရန် Tools များက စစ်ဆေးနိုင်သည်။ Validation toolsets များသည် third-party filesများကို စစ်ဆေး(scan) ပြီး ဒေတာများအား အကဲဖြတ်ရန်နှင့် အရည်အသွေးမြင့်မားစေရန် ရွေးချယ်ထားသော ဒေတာများအား ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးသည်။
အချိန်အနည်းငယ်ပေး၍ ArcGIS Pro communityနှင့် ဆက်သွယ်လိုက်ပါ
ArcGIS Blog
ArcGIS Blogတွင် တင်ထားသည့် ArcGIS Proနှင့် ပတ်သက်သော အကောင်းဆုံး လေ့ကျင့်မှုများ၊ product updateများ၊ software patch များ၊ နှင့် အခြားသော အကြောင်းအရာများကို ရှာဖွေလေ့လာနိုင်သည်။
Esri Community
Esri Community သည် GIS နှင့် geospatialကျွမ်းကျင်သူ အဖွဲ့အစည်း၊ အသင်းအဖွဲ့များက အတွေ့အကြုံများကို ဆက်သွယ်၊ မျှဝေပေးသော နေရာတစ်ခုဖြစ်သည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874

Social Media:
https://www.facebook.com/EsriMM