ဆန်းစစ်လေ့လာခြင်းနှင့်သိပ္ပံနည်းကျဒေတာများ
2D, 3D, နှင့် 4D ဒေတာများပေါ်တွင် သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာနိုင်သော toolsများကို အသုံးပြုလိုက်ပါ
နေရာများ လေ့လာရှာဖွေခြင်း
—
ဒေတာကို အကြောင်းအရာတစ်ခုအနေဖြင့် မြေပုံပေါ်သို့ ရိုးရှင်းစွာတင်၍၊ အမြင်အသစ်များကို ဖန်တီးဖော်ထုတ်ပြီး၊ အကောင်းဆုံးသော သိရှိနားလည်မှုကို ရရှိစေသည်။ တည်နေရာ အခြေပြု ပြဿနာရပ်များကို ဖြေရှင်းပေးသည်။ ပုံသဏ္ဍာန်အလိုက်ရှာဖွေပေးသည်။ တိကျသော ဦးတည်ချက်များကို ခန့်မှန်းတွက်ချက်ပေးသည်။ ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်သည်။ နေရာဒေသများ၏ ဝိသေသလက္ခဏာရပ်များနှင့် အချင်းချင်း ချိတ်ဆက်၊ ဆက်စပ်မှုများကို လေ့လာခြင်းဖြင့် မြေပုံရေးဆွဲခြင်းဟူသည့် အတိုင်းအတာတစ်ခုထက် ကျော်လွန်စေပါသည်။ ဆုံးဖြတ်ချက်များအတွက် အမြင်သစ်၊ ရှုထောင့်အသစ်များကို ဖော်ထုတ်ပေးသည်။
spatial relationshipsများကိုနားလည်သိရှိခြင်း
—
မေးခွန်းအများစု၏ အဖြေများသည် proximity, coincidence, intersection, overlap, visibility, နှင့် accessibility စသည်တို့ ကဲ့သို့သော spatial relationshipsသဘောတရားကို နားလည်းသဘောပေါက်ရန် လိုအပ်သည်။ ရည်ရွယ်ထားသော လုပ်ဆောင်မှုများအတွက် သင့်လျော် အဆင်ပြေသော နေရာတစ်ခုကို တွက်ချက်ရန်နှင့် အချိန်တိုင်းပြောင်းလဲမှုကို ဖော်ထုတ်ရန် data layerအမျိုးမျိုးကို လေ့လာဆန်းစစ်သည်။ Spatial analysisလုပ်ငန်းစဉ်အတွင်း spatialဆိုင်ရာ မေးခွန်းများကို အဖြေရှာရန် ArcGIS Proတွင် ခွဲခြမ်းစိတ်ဖြာလေ့လာမှုများနှင့် geoprocessing လုပ်ဆောင်ချက်များကို အသုံးပြုသည်။
တည်နေရာများနှင့်လမ်းကြောင်းများသတ်မှတ်ခြင်း
—
ဒေတာအစစ်အမှန်ကို အခြေခံသော နယ်မြေရွေးချယ်မှုများအတွက် GIS ကို အသုံးပြုသည်။ မိမိကိုယ်ပိုင် သတ်မှတ်ထားသော network data (သီးခြားလမ်းကြောင်းများ)နှင့် ကန့်သတ်ချက်များ ( အလေးချိန်၊ လမ်းကြောင်းသင်္ကေတ၊ ကုန်တင်ခံနိုင်ရည် စသည့်)ပါဝင်သော အကောင်းဆုံး လမ်းကြောင်းကို ဖန်တီးသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသော တည်နေရာများကို ထိန်သိမ်းခြင်းကဲ့သို့သော သီးခြား ဝိသေသလက္ခဏာရပ်များရှိသော ဧရိယာများကို သတ်မှတ်သည်။
ပုံစံများကိုရှာဖွေဖော်ထုတ်ခြင်း
—
အချိန်ကြာလာသည်နှင့်အမျှ ပုံစံများ၏ ပြောင်းလဲမှုများကို သိရှိရန်၊ ရေတွက်ရန်၊ နှင့် ဆန်းစစ်လေ့လာရန် ဒေတာကို အသုံးပြုသောအခါတွင် hot spotsနှင့် outliers (သို့မဟုတ်) natural data clusters များကို ရှာဖွေသည်။ ပုံစံတူ လုပ်ငန်းစဉ်များ (processes) သည် ပုံစံတူ တည်နေရာပြ ပုံစံများကို လိုက်နာလေ့ရှိသောကြောင့် Spatial clustering သည် နောက်ခံလုပ်ငန်းစဉ်များ၏ ပုံစံများကို ညွှန်ပြလေ့ရှိသည်။ မိမိ၏ လေ့လာဆန်းစစ်ချက်များမှ သင့်လျော်သော လေ့လာဆန်းစစ်ခြင်း နည်းစဉ်များကို ဆုံးဖြတ်ပြီး၊ အကျိုးကြောင်း ဆီလျော်သော အနှစ်ချုပ် ရလာဒ်များကို ဖော်ထုတ်ပါ။
ကြိုတင်ခန့်မှန်းခြင်း
—
Spatial analysisသည် ကြိုတင်ခန့်မှန်းတွက်ချက်မှုများနှင့် အဖြစ်အပျတ်များကို နားလည်သဘောပေါက်လွယ်စေရန် စွမ်းဆောင်ရည်ပြည့် နည်းပညာရပ် ပုံစံများကို အသုံးပြုပေးထားပါသည်။ မိမိလေ့လာနေသည့် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း နားလည်းသိရှိစေ၍၊ ArcGIS Proတွင် နည်းလမ်းစဉ်တစ်ခုကို ရွေးချယ်သောအခါ ဆုံးဖြတ်ချက်များအတွက် များစွာအကူအညီပေးနိုင်သော ကြိုတင်ခန့်မှန်ထားသည့် တန်ဖိုးများ (နှင့် အခြားသော ဆက်စပ်လျက်ရှိသော သတင်းအချက်အလက်များ) ကို တွေ့မြင်စေသည်။
အချိန်အနည်းငယ်ပေး၍ ArcGIS Pro communityနှင့် ဆက်သွယ်လိုက်ပါ
ArcGIS Blog
ArcGIS Blogတွင် တင်ထားသည့် ArcGIS Proနှင့် ပတ်သက်သော အကောင်းဆုံး လေ့ကျင့်မှုများ၊ product updateများ၊ software patch များ၊ နှင့် အခြားသော အကြောင်းအရာများကို ရှာဖွေလေ့လာနိုင်သည်။
Esri Community
Esri Community သည် GIS နှင့် geospatialကျွမ်းကျင်သူ အဖွဲ့အစည်း၊ အသင်းအဖွဲ့များက အတွေ့အကြုံများကို ဆက်သွယ်၊ မျှဝေပေးသော နေရာတစ်ခုဖြစ်သည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874

Social Media:
https://www.facebook.com/EsriMM