ArcGIS Pro

Full-featured desktop application for ArcGIS

ArcGIS Proသည် အချက်အလက်များစွာပါဝင်သည့် မြေပုံများရေးဆွဲခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် ဒေတာစီမံခန့်ခွဲမှုတို့အတွက် desktop GIS softwareတစ်ခုဖြစ်သည်။ Esri၏ geospatial platform တစ်ခုဖြစ်သည့် ArcGIS၏ အရေးပါဆုံးသော softwareကို Windows ပေါ်တွင်သာ installပြုလုပ် runရန်လိုအပ်သည်။

1
ကမ္ဘာတစ်ဝှမ်းအသုံးပြုမှုအများဆုံးသော desktop GIS software

များစွာသော အဖွဲ့အစည်းတို့သည် အကျိုးများစွာရှိပြီး ယုံကြည်စိတ်ချရသော GIS applicationအဖြစ် ArcGIS Proကို ယုံကြည်စွာအသုံးပြုလျက်ရှိသည်။ 

2
2,000+ geoprocessing tools

ArcGIS Pro သည် မြေပုံရေးဆွဲခြင်း၊ ဒေတာစီမံခန့်ခွဲခြင်း၊ ဝေဖန်သုံးသပ်လေ့လာဆန်းစစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက် GIS၏ professional ပြည့်ဝသော စွမ်းရည်အစုအဝေးတစ်ခုအဖြစ် ဖော်ဆောင်ပေးသည်။

3
အလိုအလျောက်လုပ်ဆောင်ချက်နှင့်စိတ်ကြိုက်ဖန်တီးမှု

အဖွဲ့အစည်းများသည် အချိန်ကုန်သက်သာစွာနှင့် errorဖြစ်နိုင်ချေကိုလျော့ချရန် GIS workflowsကို ကိုယ်တိုင် ဖန်တီးနိုင်သည်၊ user experience ကို ကိုယ်ပိုင်အဖြစ် ခေါ်ယူအသုံးပြုနိုင်သည်၊ လုပ်ငန်းတာဝန်များကို အလိုအလျောက် လုပ်ဆောင်နိုင်သည်။ 

4
ယုံကြည်စိတ်ချရသောစွမ်းဆောင်ရည်

Data နှင့် Imagery အမြောက်အမြားကို ကိုင်တွယ်ဆောင်ရွက်နိုင်ပြီး၊ အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာ မည်သည့်နေရာတွင်မဆို အဆင်ပြေစွာ အသုံးပြုနိုင်သော Data Access ကို ပံ့ပိုးပေးပါသည်။

FEATURES OF ARCGIS PRO

ArcGISဖြင့် အကောင်းဆုံးသောလုပ်ဆောင်နိုင်စွမ်းများကို အကောင်အထည်ဖော်ခြင်း

Esri၏ ArcGIS သည် မြေပုံရေးဆွဲခြင်းနှင့် လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများတွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသော ပြီးပြည့်စုံသည့် geospatial platformတစ်ခုဖြစ်သည်။ ArcGIS၏ User type licenseတို့တွင် desktop applicationမှတစ်ဆင့် အဆင့်မြင့် လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည်များကို ဖန်တီးနိုင်သည့် ArcGIS Proကို အသုံးပြုနိုင်သည်။

MAPPING

အဆင့်မြင့်မြေပုံရေးဆွဲခြင်းနှင့်cartographic design

အကောင်းဆုံးသော မြေပုံရေးဆွဲဖန်တီးနိုင်သည့် softwareကို အသုံးပြု၍ ရည်ရွယ်ချက် အဓိပ္ပါယ်ကို ကောင်းစွာဖော်ပြပေးနိုင်ပြီး ခေတ်မီ ဒီဇိုင်းပုံစံများနှင့် ကိုက်ညီသော ဆွဲဆောင်မှုရှိသည့် မြေပုံများကို ဖန်တီးနိုင်သည်။ 

  • cartographic toolboxများစွားပါဝင်ခြင်း
  • 2D၊ 3D မြင်ကွင်းပုံစံများ
  • ဒစ်ဂျစ်တယ်နှင့် ပုံနှိပ်မြေပုံတို့အတွက် layoutပုံစံများစွာပါဝင်ပြီး ရွေးချယ်ထုတ်ယူအသုံးပြုနိုင်ခြင်း
  • Adobe Illustratorနှင့် ချိတ်ဆက်အသုံးပြု၍ Map designများကိုပိုမိုဖန်တီးနိုင်ခြင်း

ArcGIS Proတွင် မြေပုံရေးဆွဲခြင်း→

arcgis-pro-overview-features-advanced-cartography-1
arcgis-pro-overview-features-analytics-data-1

ANALYTICS

လေ့လာဆန်းစစ်မှုများနှင့် data science

ရှုပ်ထွေးလှသော geospatial problemsများကို ဖြေရှင်းရန်နှင့် spatial dataဖြင့် အသေးစိတ်ကျပြီး ဖြစ်နိုင်ချေရှိသည့် အချက်အလက်များကို ထုတ်ယူရန် spatial analysis အမျိုးအစားများစွာဖြင့် ဆောင်ရွက်နိုင်သည်။ 

  • အချက်အလက်ပုံစံငယ်များနှင့် ဆက်သွယ်ချက်များကို ရှာဖွေဖော်ထုတ်ရန် ဒေတာအမျိုးအစားအားလုံးကို လေ့လာဆန်းစစ်နိုင်ခြင်း
  • အချိန်ကာလအလိုက်ဒေတာများ၊ 2D၊ 3Dများအတွက် သိပ္ပံနည်းကျ လေ့လာဆန်းစစ်နိုင်သော toolများ
  • ပိုမိုအသေးစိတ်ကျသော လေ့လာဆန်းစစ်မှုများနှင့် ကြိုတင်ခန့်မှန်ချက်များအတွက် အသင့်ပါဝင်သော AI modelများ
  • graph analytics နှင့် Jupyter Notebooksကဲ့သို့သော အဆင့်မြင့် analytical toolများ

ArcGIS Pro၏လေ့လာဆန်းစစ်မှုများ→

DATA MANAGEMENT

တန်ဖိုးရှိသောဒေတာစီမံခန့်ခွဲမှု

advanced editing toolsများကို အသုံးပြု၍ spatial dataတို့၏ valueများစွာကို ရယူပြီး ဒေတာပေါင်းစပ်နိုင်စွမ်းနှင့် ယုံကြည်စိတ်ချရမှုကို ပေးနိုင်သည်။

  • spatial dataအမျိုးအစားအားလုံးဖြင့် အသုံးပြုနိုင်ခြင်း
  • မိမိကိုယ်ပိုင်နှင့် cloud ပေါ်ရှိ ဒေတာများကို ရယူအသုံးပြုနိုင်ခြင်း
  • Leverage versioned data နှင့် multiuser editingကို ထိရောက်စွာအသုံးချင်နိုင်ခြင်း
  • data accuracyစစ်ဆေးခြင်းနှင့် invalid dataများကို ပြုပြင်နိုင်ခြင်း

ArcGIS Proရှိဒေတာစီမံခန့်ခွဲမှု→

arcgis-pro-overview-features-data-management-1
arcgis-pro-overview-features-imagery-tools-1

IMAGERY

Imagery နှင့် remotely sensed dataများကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သော အချက်အလက်များအဖြစ် ပြောင်းလဲနိုင်သည်။ 

  • Imagery များကို စီမံခန့်ခွဲခြင်းနှင့် Analysis ပြုလုပ်ခြင်းတို့အတွက် ပြည့်စုံသော Tools များ
  • အမျိုးအစားစုံလင်ပြီး အဆက်မပြတ် တိုးပွားလာသော Imagery Formats များကို ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်း
  • Image Processing လုပ်ငန်းစဉ်များကို တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်ခြင်း
  • Built-in AI Models များဖြင့် လိုအပ်သော Insights များကို ပိုမိုမြန်ဆန်စွာ ရှာဖွေထုတ်ယူနိုင်ခြင်း

ArcGIS Pro license levelများ

ArcGIS Proအတွက် license level (၃)မျိုးရှိသည်။ အဆင့်တစ်ခုချင်းစီကို ArcGIS Platform တစ်ခုလုံးတွင် အသုံးပြုနိုင်သော သက်ဆိုင်ရာ User Type တစ်ခုစီနှင့် ချိတ်ဆက်ထားပါသည်။ User Type များတွင် ထပ်ဆောင်း ArcGIS Software နှင့် Apps များကိုပါ အသုံးပြုနိုင်သဖြင့် ပြည့်စုံသော GIS Toolset ကို ရရှိနိုင်ပါသည်။

1
2
3
ArcGIS Pro Basic

ArcGIS၏ Creator user typeမှတစ်ဆင့် အသုံးပြုနိုင်သည်။

ပါဝင်ပြီးဖြစ်သည့် geoprocessing tools ပေါင်း ၁၀၀၀ကျော်နှင့်အတူ ArcGIS Pro Basicသည် mapping နှင့် visualization၊ ဒေတာစီမံခန့်ခွဲမှု၊ လေ့လာဆန်းစစ်မှုတို့အတွက် အဓိက အခြေခံလုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည်။

ArcGIS Pro Standard

ArcGIS၏ Professional user type မှတစ်ဆင့် အသုံးပြုနိုင်သည်။

ArcGIS Pro Basicရှိ လုပ်ဆောင်ချက်များအားလုံးအပြင် advanced editingနှင့် data management လုပ်ဆောင်ချက်များ ထပ်ပေါင်းထားသည်။ ရှုပ်ထွေးသော data modelများ၊ enterprise geodatabase managementနှင့် ထပ်တိုး geoprocessing toolsများကိုလည်း ပံ့ပိုးပေးသည်။

ArcGIS Pro Advanced

ArcGIS၏ Professional Plus user type မှတစ်ဆင့် အသုံးပြုနိုင်သည်။

ArcGIS Pro Standardရှိ လုပ်ဆောင်ချက်များအားလုံးအပြင် production-ready cartography, big data analytics, နှင့် machine learning models လုပ်ဆောင်ချက်များ ထပ်ပေါင်းထားသည်။ ArcGIS Spatial Analyst, ArcGIS 3D Analyst, and ArcGIS Network Analystကဲ့သို့သော အသုံးများသည့် extensionsများကို ထည့်သွင်းထားသည်။

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874