Creator User Type
web maps နှင့် appsများဖန်တီးခြင်း
ArcGIS Online နှင့် ArcGIS Enterpriseတို့အတွက် Foundational user typeအမျိုးအစား

Creator user typeအမျိုးအစားအကြောင်း
မိမိ၏ ဒေတာများကို Esri၏ software-as-a-service (SaaS) mapping softwareဖြစ်သည့် ArcGIS Onlineကို အသုံးပြု၍ မေးခွန်းများအတွက် အဖြေများနှင့် စူးစမ်းရှာဖွေမှုကို အားပေးသည့် web mapများအဖြစ်ပြောင်းလဲပေးသည်။ Creator user typeလိုင်စင်အမျိုးအစားသည် ArcGIS Onlineကို စတင်အသုံးပြုနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်။ Creator user typeသည် မြေပုံများနှင့် appများကို အတူတကွ ဖန်တီးတည်ဆောက်ပေးခြင်း၊ spatial analysisကို လုပ်ဆောင်ပေးခြင်း၊ ဒေတာများကို ကောက်ယူခြင်းနှင့် မိမိ storyကို မျှဝေပေးသည့် စွမ်းရည်ရှိသည်။ လုပ်နိုင်စွမ်း အမျိုးမျိုးရှိသည့် apps များကိုလည်း အသုံးပြုနိုင်သည်။ GISပညာရှင်များ၊ လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲသူများနှင့် ဒေတာ ပြုစုသူများသည် မိမိတို့၏ လုပ်ငန်းပိုင်းနှင့်ကိုက်ညီမှုရှိသည့် Creator user typeကို နှစ်သက်စွာ အသုံးပြုလျက်ရှိကြသည်။ Creatorသည် ArcGIS Online (သို့) ArcGIS Enterprise တွင် စီမံခန့်ခွဲနိုင်သည့် foundational user typeအမျိုးအစားဖြစ်ပြီး သီးခြားဝယ်ယူနိုင်သကဲ့သို့ အခြားသော user typesအမျိုးအစားတို့နှင့်လည်း တွဲဖတ်၍ ဝယ်ယူအသုံးပြုနိုင်ပါသည်။
စွမ်းဆောင်ရည်များ
Creator user typeဖြင့် ဖော်ပြပါ စွမ်းရည်တို့ကို လုပ်ဆောင်နိုင်ပါသည်။
web mapsများဖန်တီးခြင်း
မိမိ ဒေတာကို ရှင်းလင်းစွာဖော်ပြပေးပြီး ဒေတာများကို ရှာဖွေဖော်ထုတ်ရန် အသုံးပြုသူများကို တွန်းအားပေးသည့် အပြန်အလှန် ချိတ်ဆက်လျက်ရှိသော မြေပုံများကို တည်ဆောက်သည်။ ဒေတာရှာဖွေမှုနှင့် ထင်သာမြင်သာရှိမှုကို လမ်းညွှန်ရန် smart mappingကို အသုံးပြုသည်။
လမ်းကြောင်းသစ်များကို နားလည်သိရှိရန် ဒေတာများကို လေ့လာဆန်းစစ်ခြင်း
အလိုအလျောက်လုပ်ဆောင်ပေးသည့် analysis toolsများကို အသုံးပြုခြင်းဖြင့် တည်နေရာအချက်အလက်များပါဝင်သော ဒေတာများကို နားလည်သိရှိစေသည်။ ဆက်စပ်မှုများကို ဖော်ထုတ်ပေးသည်၊ အဓိကကျသော တည်နေရာများကို အမှတ်အသား ပြုလုပ်ပေးသည်၊ အဆင်ပြေဆုံးသော လမ်းကြောင်းများကို အသုံးပြုပေးသည်၊ ကြိုတင်ခန့်မှန်းမှုများ ပြုလုပ်ရန် ပုံစံငယ်များကို ဝေဖန်ဆန်းစစ်သည်။
မိမိအဖွဲ့ (သို့မဟုတ်) publicထံသို့ မြေပုံများမျှဝေခြင်း
ArcGIS Onlineတွင် အပြန်အလှန် ချိတ်ဆက်ထားသည့် web mapများအနေဖြင့်လည်းကောင်း၊ ArcGIS apps နှင့် custom applicationsပုံစံတို့ဖြင့်လည်းကောင်း မိမိမြေပုံများကို ဖြန့်ဝေရာတွင် တိကျမှန်ကန်မှုရှိသော toolsများကို အသုံးပြုသည်။
မိမိလုပ်ငန်းများကို အရှိန်မြှင့်တင်ရန်နှင့် ဆန်းစစ်ချက်များ တိုးချဲ့လုပ်ဆောင်ရန် မှန်ကန်တိကျသည့် ဒေတာများကို ရယူအသုံးပြုခြင်း
ကမ္ဘာ့နေရာ အနှံ့အပြားမှ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းတင်ပြထားသည့် ArcGIS Living Atlas of the Worldဖြင့် မိမိ မြေပုံများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သည်။မှန်ကန်တိကျမှုရှိသည့် အရင်းအမြစ်များမှ basemapsများကို ရယူနိုင်ပြီး ဒေတာများကို ပေါင်းစပ်အသုံးပြုနိုင်ပါသည်။
အဖွဲ့ဝင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
မည်သည့် အသင်းအဖွဲ့ အရွယ်အစားနှင့် မြေပုံရေးဆွဲ အသုံးပြုမှုများတွင်မဆို မိမိ၏ organizationအတွင်း အကျိုးရှိစွာ အလုပ်လုပ်ဆောင်နိုင်သည်။ အသုံးပြုသူများသည် မိမိတို့၏ လုပ်ငန်းတွင် လိုအပ်လျက်ရှိသော လုံခြုံစိတ်ချမှု၊ ထိရောက်မြန်ဆန်သော ဒေတာအသုံးချမှု၊ မြေပုံများနှင့် appများကို လက်ခံရရှိသည်။
2D၊ 3D တည်နေရာပြဒေတာများကို ဖန်တီးခြင်းနှင့် စီမံခန့်ခွဲခြင်း
single-user နှင့် multiuser editing ပုံစံတို့ဖြင့် မိမိ၏ geospatial dataများကို ဖန်တီးတည်ဆောက်၍ စီမံခန့်ခွဲသည်။ မိမိ၏ လုပ်ငန်းစဉ်များနှင့် ကိုက်ညီသည့် ပြောင်းလဲပြုပြင်လွယ်သော နည်းလမ်းများကို အသုံးပြုကာ ဒေတာများကို သိမ်းဆည်းနိုင်သည်၊ ရယူအသုံးပြုနိုင်သည်။
organizationအတွင်း userများကို စီမံခန့်ခွဲခြင်းနှင့် အကြောင်းအရာများ ဖန်တီးခြင်း
မိမိ၏ ArcGIS Online (သို့) ArcGIS Enterprise organizationတွင် usersများကို လုပ်ပိုင်ခွင့်ပေးသည်၊ စီမံခန့်ခွဲသည်။ မိမိတို့ လုပ်ငန်းအတွက် လိုအပ်သော လုပ်ပိုင်ခွင့်များ၊ ဒေတာများနှင့် appsများကို usersတိုင်းအတွက် လုံခြုံစိတ်ချရသော အသုံးပြုခွင့်ကို ရရှိစေသည်။
Included and add-on apps
Essential Apps
—
Creator user type အမျိုးအစားတွင် ဖော်ပြထားသော essential appsများ ပါဝင်သည်။
ArcGIS Instant Apps
မိမိ၏ ရည်မှန်းချက် ပန်းတိုင်များနှင့် အသုံးပြုမည့်သူများ၏ လိုအပ်ချက်များအတွက် ဒီဇိုင်းဆွဲထားသည့် အချင်းချင်းချိတ်ဆက်လျက်ရှိသည့် applicationကို ဖန်တီးရန် မိမိ၏ မြေပုံကို ဦးတည်သတ်မှတ်ထားသည့် templateတွင် ထည့်သွင်းအသုံးပြုသည်။
ArcGIS Dashboards
စောင့်ကြည့်ရန်၊ သတင်းများပေးပို့ရန်နှင့် စေ့စပ်ညှိနှိုင်ခြင်းတို့အတွက် အချိန်နှင့်အမျှဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို ဖော်ပြနေသည့် dynamic dashboardsများနှင့် ကိန်းဂဏန်းများကို အသုံးပြုသည်။
ArcGIS StoryMaps
သတင်းနှင့် စိတ်ကူးအကြံဉာဏ်များကို ဖော်ပြပေးသည့် အကြောင်းအရာ storiesများကို ဖော်ပြရန် မြေပုံများနှင့် မီဒီယာကို ပေါင်းစပ်ထားသည်။
ArcGIS Experience Builder
templateများ (သို့) drag-and-drop ပြုလုပ်နိုင်သည့် toolsဖြင့် ကိုယ်တိုင် ဖန်တီးထားသည့် templateများဖြင့် မိမိ၏ ဒေတာများကို web apps နှင့် web pages များအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။
ArcGIS Hub basic
websiteများနှင့် pageများမှ တစ်ဆင့် အဓိကကျသော သတင်းအချက်အလက်များကို ဖြန့်ဝေခြင်းဖြင့် open dataများကို မျှဝေနိုင်ပြီး မိမိ အသိုင်းအဝန်းအတွင်း ရင်းနှီးမှုကို ရရှိစေသည်။
ArcGIS Maps for Adobe Creative Cloud
ပေါင်းထည့်ထားသည့် Adobe Illustrator နှင့် photoshopဖြင့် ဒေတာပါဝင်သည့် map layerများကို ဒီဇိုင်းပြုလုပ်သည်။ (သို့) အဆင့်မြင့် graphic designရရှိရန်အတွက် ရှိနှင့်ပြီးသော မြေပုံများကို ယူဆောင်၍ ဒီဇိုင်းပြုလုပ်သည်။
ArcGIS for Power BI
geospatial analyticsစွမ်းရည်အဖြစ် ပါဝင်သက်ရောက်စေသည်။ map themeအသစ်များ၊ demographic dataနှင့် မြေပုံတွေ့မြင်ခံစားမှု ပုံစံအသစ်များကို ရရှိစေသည်။
Map Viewer
2Dမြေပုံများကို ဖန်းတီးပုံဖော်သည်၊ ဒေတာများကို ရှာဖွေဖော်ထုတ်သည်၊ လေ့လာဆန်းစစ်မှုများကို လုပ်ဆောင်ပေးပါသည်။
Scene Viewer
View, create, share 3D maps in your browsers. မိမိ၏ browserများတွင် 3Dမြေပုံများကို ကြည့်ရှုနိုင်သည်၊ ဖန်တီးနိုင်သည်၊ မျှဝေနိုင်ပါသည်။
Field Apps
—
Creator user type အမျိုးအစားတွင် ဖော်ပြပါ field appsများ ပါဝင်ပါသည်။
ArcGIS Survey123
လွယ်ကူသည့်အဆင့်၃ဆင့်ဖြင့် စစ်တမ်းများကို ဖန်တီးသည်၊ မျှဝေသည်၊ လေ့လာဆန်းစစ်သည်။
ArcGIS Workforce
mobile workforceစနစ်တွင် ပိုမိုကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုနှင့် အဖွဲ့လိုက် လုပ်ဆောင်မှုကို ရရှိစေသည်။
ArcGIS QuickCapture
မိမိရွေ့လျားမှုအလိုက် ကွင်းဆင်းလေ့လာချက်များကို လျင်လျင်မြန်မြန် ဖမ်းယူပေးသည်။
Office Apps
—
Creator user type အမျိုးအစားတွင် ဖော်ပြပါ office appsများ ပါဝင်ပါသည်။
ArcGIS for Teams
အဆင့်မြှင့်တင်ထားသော ပူးပေါင်းဆောင်ရွက်မှုအတွက် အချက်အချာကျသည့် တည်နေရာတစ်ခုတည်းပေါ်တွင် အကြောင်းအရာ၊ မြေပုံများနှင့် appများကို ဖန်တီး ဖွဲ့စည်းသည်။
ArcGIS for Office
Microsoft Excel dataကို ထင်သာမြင်သာရှိရန်နှင့် လေ့လာဆန်းစစ်ရန် မြေပုံများကို အသုံးပြုပြီး မိမိ၏ တင်ဆက်မှုများကို အကောင်းဆုံးဖြစ်စေသည်။
ArcGIS for SharePoint
တွေ့မြင်ပုံဖော်ရန်၊ ဖွဲ့စည်းရန်နှင့် အပြန်အလှန် ချိတ်ဆက်ရန် SharePoint dataဖြင့် ပိုမိုသော သဘောပေါက် နားလည်မှုများအတွက် မြေပုံများကို အသုံးပြုသည်။
Purchase add-on apps
—
ဖော်ပြပါ appsများကို သီခြားဝယ်ယူ၍ Creatorတွင် အသုံးပြုနိုင်ပါသည်။ အဆိုပါ appများအတွက် Creator user type တွင် ထပ်မံဝယ်ယူရမည်ဖြစ်သည်။
ArcGIS Navigator
ကွင်းဆင်းလုပ်ငန်းများကို လမ်းကြောင်းရေးဆွဲသည်။ ခရီးစဉ် ပုံစံကို သတ်မှတ်ပေးသည်၊ လမ်းများကို ရေးဆွဲသည်၊ မိမိလုပ်ဆောင်ရမည့် အရာများကို ရှာဖွေသည်။ online (သို့) offlineဖြင့် အလုပ်လုပ်နိုင်သည်။
ArcGIS Business Analyst
ဈေးကွက် အစီးအစဉ်ရေးဆွဲခြင်း၊ လုပ်ငန်းခွင် ရွေးချယ်ခြင်းနှင့် customerအမျိုးအစား ခွဲခြမ်းခြင်းတို့အတွက် တည်နေရာ အခြေပြုသော ထိုးထွင်းသိမြင်နိုင်စွမ်းကို ရရှိသည်။
ArcGIS Insights
ဒေတာများကို လျင်မြန်စွာ ရှာဖွေဖော်ထုတ်ပေးသည်။ မြေပုံများ၊ charts နှင့် tableများကို အသုံးပြု၍ ဒေတာအရင်းအမြစ်များစွာဖြင့် လေ့လာဆန်းစစ်သည်။ ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ငန်းအစီအစဉ်များကို လွယ်ကူစွာ မျှဝေပေးသည်။
ArcGIS Drone2Map
ArcGISတွင် visualization နှင့် analysisတို့အတွက် ဒရုန်းဖြင့်ဖမ်းယူထားသော ရုပ်ပုံများမှ အရည်အသွေး ကောင်းမွန်သော ရုပ်ပုံရလာဒ်များ ဖန်တီးရန် ထုတ်လုပ်ပေးသည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
