အသုံးပြုသူအမျိုးအစားများ (User Types)

organizationsတွင် blockအလိုက်တည်ဆောက်မှုပုံစံ

ArcGIS Online နှင့် ArcGIS Enterpriseတို့အတွက် သင့်လျော်အဆင်ပြေစေမည့် လိုင်စင်အမျိုးအစားများ

user-types-overview-fg (1)

မိမိတို့လုပ်ငန်းခွင်အတွက် ကိုက်ညီမှုရှိသည့် appsနှင့် capabilities

မတူညီသည့် အလုပ်တာဝန်များအတွက် အခန်းကဏ္ဍအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ရန် အဖွဲ့အစည်းများကို ဖွဲ့စည်းရသည်။ ArcGIS Online (သို့) ArcGIS Enterpriseတို့တွင် ပါဝင်ဆောင်ရွက်မည့် အသုံးပြုသူ တစ်ဦးစီနှင့် ကိုက်ညီမည့် capabilitiesနှင့် appsများ၏ လိုင်စင်ကို ထည့်သွင်းနိုင်ရန် User types အမျိုးအစားများက ကူညီပေးသည်။ ဥပမာအားဖြင့်- အဖွဲ့အစည်းတစ်ခု အတွင်းရှိ အသုံးပြုသူအချို့သည် မြေပုံများကို တည်ဆောက်ခြင်း (သို့) ဒေတာများကို editingပြုလုပ်ခြင်းများ လုပ်ဆောင်နေပြီး အခြားသော အသုံးပြုသူများက လုံခြုံရေး အခြေအနေများကို အဖွဲ့၏ မြေပုံနှင့် appများကို အသုံးပြု၍ ချိတ်ဆက်ခြင်း၊ စောင့်ကြည့်ခြင်းတို့တွင် အသုံးပြုနေလိမ့်မည်။ ထို့ကြောင့် မိမိအဖွဲ့အစည်းအတွက် အသင့်လျော်ဆုံးသော လိုင်စင်အမျိုးအစား ရွေးချယ်ခြင်းသည် အရေးကြီးလှပေသည်။ 

user type တစ်ခုတွင်ပါဝင်သည့် အစိတ်အပိုင်းများ

user type အမျိုးအစားအားလုံးတွင် identity, capabilities နှင့် appsတို့ ပါဝင်ကြသည်။

  • Identity: မိမိတွင်သာ သီးသန့်ရှိရမည့် username နှင့် password (capabilities, appsနှင့် အခြားသူများက မိမိထံသို့မျှဝေသည့် အကြောင်းအရာများကို ရယူ အသုံးပြုနိုင်သည့် account ဖြစ်သည်။)
  • Capabilities: ArcGIS Online (သို့) ArcGIS Enterpriseတွင် မိမိ ပါဝင်လုပ်ဆောင်ခွင့်ရှိသည့် အပိုင်းဖြစ်သည်။ ဥပမာ- content များဖန်တီးရန်၊ တည်းဖြတ်ရန် (သို့) ကြည့်ရှုရန်အတွက် ဖြစ်သည်။
  • Apps: ArcGIS Online ၊ ArcGIS Enterprise တွင်  တွဲဖက်အသုံးပြုနိုင်မည့် Software (Apps) ဖြစ်သည်။ 

အခြေခံကျသော user types အမျိုးအစားများ

subscriptionတိုင်းတွင် ArcGIS Online (သို့) ArcGIS Enterpriseကို activateပြုလုပ်ရန်နှင့် စီမံခန့်ခွဲရန် foundational user type အမျိုးအစား အနည်းဆုံး တစ်ခု လိုအပ်သည်။ Creator နှင့် GIS Professional user type အမျိုးအစားနှစ်မျိုးထဲမှ တစ်မျိုးကို သော်လည်းကောင်း၊ နှစ်မျိုးတွဲလျက် (သို့) dependent user type အမျိုးအစားများဖြင့် တွဲလျက်သော်လည်းကောင်း ဝယ်ယူနိုင်သည်။

user-types-overview-tls-gis-professional (1)
GIS Professional

advanced mapsများကို ဖန်တီး တည်ဆောက်နိုင်သည်။ professional desktop GIS application ဖြစ်သည့် ArcGIS Proကို အသုံးပြု၍ visualization နှင့် analyse များလုပ်ဆောင်နိုင်ပြီး stakeholders များထံသို့ ရလာဒ်များကို မျှဝေနိုင်သည်။

user-types-overview-tls-creator (1)
Creator

အသင့်အသုံးပြုနိုင်သည့် online appများဖြင့် မြေပုံများကို ဖန်တီးသည်၊ spatial analysis များနိုင်ပြီး stakeholderများထံသို့ ရလာဒ်များကို မျှဝေနိုင်သည်။

Dependent user typeအမျိုးအစားများ

dependent user type အမျိုးအစား အားလုံးကို foundational user type အနည်းဆုံး တစ်မျိုးဝယ်ယူ၍းသော်လည်းကောင်း (သို့) ရှိနှင့်ပြီးသည့် organizationတွင် ထပ်မံပေါင်းထည့်၍လည်းကောင်း ဝယ်ယူရမည်ဖြစ်သည်။ Dependent user types များသည် foundational user type ဖြစ်သည် ArcGIS Online activation ပြုလုပ်သည့် administrator (သို့) ArcGIS Enterprise တွင် administrator များပေါ်တွင် မှီခိုလျက်ရှိသည်။

user-types-tls-viewer-v2 (1)

Viewer

organization ရှိ မြေပုံများနှင့် appsများဖြင့် လုံခြုံစိတ်ချစွာ performanceကို စောင့်ကြည့်နိုင်ပြီး တည်နေရာပါရှိသည့် ဒေတာအချက်အလက်များ အသုံးချပြီး ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်သည်။

user-types-tls-mobile-worker-v2 (1)

Mobile Worker

အချိန်နှင့်တပြေးညီ ဖြစ်ပေါ်နေသော ဒေတာများကို ကောက်ယူခြင်း၊ တာဝန်ပေးခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့အတွက် appsများကို အသုံးပြု၍ လုပ်ငန်းခွင်နှင့် ရုံးတွင်းပိုင်းကို ချိတ်ဆက်ပေးနိုင်သည်။

user-types-tls-editor-v2 (1)

Editor

တိကျသေချာမှုကို တိုးမြှင့်ရန်နှင့် မှန်ကန်တိကျသော သတင်းအချက်အလက်များ ထောက်ပံ့ရန် organization အတွင်း မျှဝေထားသော spatial data များကို တည်းဖြတ်နိုင်သည်။ 

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM

Youtube: EsriMyanmar