User Types

User typeလိုင်စင် အမျိုးအစားအလိုက် ArcGIS၏ လုပ်ဆောင်နိုင်စွမ်းတို့ကို ရယူအသုံးချလိုက်ပါ

user-types-banner-fg

နေရာမရွေး ပထဝီဝင်ဆိုင်ရာ အချက်အလက်များနှင့် စွမ်းဆောင်ရည်များကို ရယူအသုံးပြုနိုင်ပါသည်။

အဖွဲ့၏ တာဝန်နှင့် ကိုက်ညီသော စွမ်းရည်များ
အဖွဲ့အစည်းအတွင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း
User Type စီမံခန့်ခွဲမှုကို လွယ်ကူထိရောက်စေခြင်း
လိုအပ်ချက်နှင့်အညီ လုပ်ဆောင်နိုင်စွမ်းကို ချဲ့ထွင်ခြင်း

User Type များသည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ မြေပုံရေးဆွဲခြင်း နှင့် လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော capabilities တို့အတွက် အသုံးပြုသူ၏ အခန်းကဏ္ဍအလိုက် လုပ်ဆောင်ခွင့်များကိုပေးထားသည်။

userများသည် မိမိတို့၏ ဌာနအတွင်း (သို့မဟုတ်) ပြင်ပလုပ်ငန်းခွင်တွင်ရှိနေစေကာမူ Desktop, Web နှင့် Mobile Devices များမှတစ်ဆင့် ArcGIS Content များကို လွယ်ကူချောမွေ့စွာ ရှာဖွေကြည့်ရှုခြင်းနှင့် Update ပြုလုပ်ခြင်းများကို ဆောင်ရွက်နိုင်ပါသည်။

ယခင်က သီးခြားစီ ဝယ်ယူ၍ အသုံးပြုရသော Capabilities, Apps နှင့် Content များကို ယခုအခါ User Types များအတွင်း တစ်စုတစ်စည်းတည်း ထည့်သွင်းပေးထားသည့်အတွက် အဖွဲ့အစည်းအတွင်း မရှိမဖြစ် လိုအပ်သော tools များကို ကောင်းမွန်စွာ အသုံးပြုခြင်းဖြင့် လုပ်ငန်းအောင်မြင်ရန်အတွက် ယုံကြည်မှုကို ရယူနိုင်ပါသည်။

ArcGIS Organization တွင် User Types များကို လွယ်ကူစွာ ထည့်သွင်းနိုင်ပြီး အဖွဲ့အစည်း၏ လိုအပ်ချက်များ တိုးလာသည်နှင့်အမျှ လုပ်ဆောင်နိုင်စွမ်းများကို အဆင့်ဆင့် ချဲ့ထွင်နိုင်ပါသည်။ ထပ်မံလိုအပ်သော Capabilities များကို ရရှိရန် User Type ကို နောက်တစ်ဆင့်သို့ လွယ်ကူစွာ Upgrade ပြုလုပ်နိုင်ပါသည်။

ဒေတာများဖြင့် မြေပုံရေးဆွဲခြင်း၊ လေ့လာဆန်းစစ်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ကို စတင်လိုက်ပါ

spatial context များဖြင့် လုပ်ငန်းသုံးဒေတာများကို ပိုမိုအဓိပ္ပါယ်ပြည့်ဝစေသည်။ user type တို့ဖြင့် မြေပုံများဖန်တီးခြင်း၊ appများကို ကောင်းစွာအသုံးချခြင်းနှင့် geospatial data စီမံခန့်ခွဲခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ ArcGISကို စတင်အသုံးပြုရန် ဖော်ပြပါ user typeများထဲမှ အနည်းဆုံး တစ်မျိုးလိုအပ်သည်။

 ArcGISကိုလေ့လာရန်→

user-types-creator-card (1)

Creator

ပါဝင်သည့် အက်ပ်များ (Apps) ကို အသုံးပြု၍ Dynamic Maps ဖန်တီးခြင်းနှင့် အကြောင်းအရာများ မျှဝေခြင်းတို့အတွက် မရှိမဖြစ် လုပ်ဆောင်ချက်များကို အဓိက ထည့်သွင်းထားသည်။ Groups, Members, Content နှင့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုချောမွေ့စေပါသည်။

 

user-types-professional-card (1)

GIS Professional

ArcGIS တွင် အဆင့်မြင့် Editing နှင့် Data Management စွမ်းရည်များကို အသုံးပြုနိုင်ပါသည်။ အရေးကြီးသော System of Record (SOR) များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် Utility Networks နှင့် Parcel Fabrics များကို ဖန်တီးပုံဖော်နိုင်ပါသည်။ Professional User Type တွင် Creator User Type ၏ လုပ်ဆောင်ချက်များအားလုံး ပါဝင်ပါသည်။

user-types-professional-plus-card (1)

Professional Plus

Big Data အထိ ချဲ့ထွင်အသုံးပြုနိုင်သော အဆင့်မြင့် Cartography နှင့် Comprehensive Analysis စွမ်းရည်များကို ပေးစွမ်းပါသည်။ မိမိကိုယ်ပိုင် Machine Learning / Deep Learning Models များ ဖန်တီးအသုံးပြုနိုင်သည့်အပြင် ပါဝင်ပြီးသား AI Models များကိုလည်း အသုံးပြုနိုင်ပါသည်။ Professional Plus တွင် Professional User Type ၏ လုပ်ဆောင်ချက်များအားလုံး ပါဝင်ပါသည်။

အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေခြင်း

ဖော်ပြပါ User Type များဖြင့် အဖွဲ့အစည်းအတွင်း userများကို ပိုမိုထည့်သွင်း၍ ArcGIS ၏ စွမ်းဆောင်ရည်များကို လုံခြုံစွာ အသုံးချနိုင်ပါသည်။ ထို့အပြင် Public အတွက် Map များကို ကြည့်ရှုနိုင်ရန်နှင့် Open Data များကို ရယူအသုံးပြုနိုင်ရန်လည်း ပံ့ပိုးပေးပါသည်။

user-types-tls-mobile-worker-v2 (1)

Mobile Worker

လုံခြုံစိတ်ချရသော Field Apps များမှတစ်ဆင့် Office နှင့် Field အကြား ချိတ်ဆက်ဆောင်ရွက်မှုကို ပိုမိုထိရောက်စေပြီး လုပ်ငန်းတာဝန်များကို လက်ခံရယူခြင်း၊ Data Update ပြုလုပ်ခြင်း၊ လမ်းညွှန်ချက်များ နှင့် Location Sharing တို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။ Mobile Worker User Type တွင် Contributor User Type ၏ လုပ်ဆောင်ချက်များအားလုံး ပါဝင်ပါသည်။

user-types-contributor-card (1)

Contributor

ဒေတာအချက်အလက်အမျိုးမျိုးကို အသုံးပြု၍ Projectများကို ပြန်လည်သုံးသပ်ခြင်း၊ ရိုးရှင်းသော ပြင်ဆင်မှုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်စေပြီး up-to-date သတင်းအချက်အလက်များဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းလည်ပတ်မှုကို မြှင့်တင်ပေးသည်။ Contributor User Type တွင် Viewer User Type ၏ လုပ်ဆောင်ချက်များအားလုံး ပါဝင်ပါသည်။

user-types-viewer-card (1)

Viewer

အဖွဲ့အစည်း၏ Maps, Apps နှင့် Dashboards များကို လုံခြုံစွာ ကြည့်ရှုအသုံးပြုနိုင်ပြီး အချက်အလက်များကို နားလည်သဘောပေါက်ရန်၊ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် အဓိက စွမ်းဆောင်ရည်ညွှန်းကိန်းများ (KPIs) ကို စောင့်ကြည့်ရန် အသုံးပြုနိုင်ပါသည်။

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM

Youtube: EsriMyanmar