ArcGIS Survey123

စမတ်ကျသော Formပုံစံများနှင့် smart ကျသော ဒေတာစုစည်းမှုများ

overview-banner-hero-devices-data

ArcGIS Survey123သည် စစ်တမ်းများကို ဖန်တီးရန်၊ မျှဝေရန်နှင့် ဆန်းစစ်လေ့လာခြင်းတို့အတွက် ပြီးပြည့်စုံသော၊ ဖောင်အခြေပြု ဖြေရှင်းနည်းတစ်ခုဖြစ်သည်။ သမရိုးကျ ပုံစံများကို ကျော်လွန်၍၊ သတ်မှတ်ပုံသေများနှင့် ဘာသာစကားစကားအမျိုးမျိုးကို ထောက်ပံ့ပေးသည့် Smart Forms များကို ဖန်တီး၍ အသုံးပြုနိုင်သည်။ အင်တာနက် မရရှိသည့် နေရာများ၌ပင် web (သို့) mobile devicesများမှတစ်ဆင့် ဒေတာများကို စုဆောင်းနိုင်သည်။ ရလာဒ်များကို လျင်လျင်မြန်မြန် ဆန်းစစ်နိုင်ပြီး၊ နောက်ထပ် လေ့လာဆန်းစစ်မှုများအတွက် ဒေတာများကို လုံခြုံစိတ်ချစွာ upload ပြုလုပ်နိုင်သည်။

ဒေတာပြည့်စုံမှုရှိလေ ဆုံးဖြတ်ချက်များအတွက် ပိုကောင်းလေ

ယုံကြည် စိတ်ချရမှုမရှိသည့် စက္ကူအခြေပြု ဒေတာစုဆောင်းမှုများအစား မတူကွဲပြားသည့် ပတ်ဝန်းကျင်ရှိ လိုအပ်ချက်အမျိုးမျိုးနှင့် ကိုက်ညီသည့် ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ် ဖြေရှင်းနည်းဖြင့် အစားထိုးလိုက်ပါ။

အချိန်တိုင်း၊ နေရာတိုင်း

ArcGIS Survey123 appကို အသုံးပြု၍ ဒေတာများကို အချိန်တိုင်းနေရာတိုင်း ရယူနိုင်သည်။ စမတ်ကျကျဖြင့် deviceများ, laptopများ, or desktopများ ပေါ်တွင် native appတစ်ခုအနေဖြင့် လုပ်ဆောင်နိုင်ပြီး၊ browserပေါ်တွင်လည်း အသုံးပြုနိုင်သည်။ Stay productive even in disconnected environments. ဆက်သွယ်ရခက်ခဲသော ပတ်ဝန်းကျင် နေရာများ၌ပင်လျှင် အလုပ်လုပ်နိုင်စေမှာဖြစ်သည်။ 

Smart ကျသောစစ်တမ်းများ

ကြိုတင်ပြင်ဆင်ထားသော မေးခွန်းပုံစံများဖြင့် စစ်တမ်းများကို လျင်မြန်စွာ ကောက်ယူစုဆောင်နိုင်သည့် ဒီဇိုင်းပုံစံဖြစ်သည်။ မေးခွန်းပုံစံများသည် သမရိုးကျ အသုံးပြုနိုင်ပြီး၊ အဖြေများကို အလွယ်တကူ ထည့်သွင်းနိုင်သည်။ အသံဖိုင်းနှင့် ရုပ်ပုံများကို ထည့်သွင်းနိုင်ပြီး၊ ဘာသာစကားများစွာကိုလည်း ရွေးချယ်နိုင်သည်။ ArcGIS Survey123သည် XLS Form သတ်မှတ်ချက်ကို ပံ့ပိုးပေးသည်။ 

ArcGISတွင် တည်ဆောက်ထားခြင်း

ArcGIS Survey123တွင် ကောက်ယူထားသော ဒေတာများသည် ArcGIS platformတွင် ချက်ချင်း ရရှိနိုင်သည်။ လုပ်ငန်းနယ်မြေများကို သတ်မှတ်ရွေးချယ်ခြင်း၊ ဒေတာများကို နားလည်သဘောပေါက်စေခြင်း၊ နှင့် လုပ်ငန်းများကို ချိတ်ဆက်ပေးသည်။ 

အခြေအနေအမျိုးမျိုးအတွက်လိုက်လျောညီထွေမှုရှိခြင်း

ပရောဂျက်တစ်ခုကို စတင်သည်နှင့် တစ်ပြိုင်နက် ဒေတာများကို စတင်စုဆောင်းရန် survey ကို လျင်လျင်မြန်မြန် စတင်သည်။ တည်နေရာအမျိုးမျိုးရှိ အဖွဲ့များစွာကို စီမံခန့်ခွဲရာတွင် စံသတ်မှတ်ချက်များဖြင့် ဖန်တီးထားသော ဖောင်များသည် တက်ညီလက်ညီ လုပ်ဆောင်မှုတွင် လုပ်ငန်းစွမ်းရည်ကို ထိန်းသိမ်းပေးသည်။ 

1. အချက်အလက်ပြည့်စုံသည့် surveysများကို လျင်မြန်စွာဖန်တီးပါ

အကျိုးရှိသည့် စစ်တမ်းကောက်ယူမှုများကို ဖန်တီးရန် Survey123 website (သို့) Survey123 Connect desktop app ကို အသုံးပြုသည်။ အဆိုပါ app နှစ်ခုစလုံးသည် ArcGISတွင် ရှုပ်ထွေးသော စစ်တမ်းကောက်ယူမှုများကို ရိုးရှင်းစွာဖြင့် ထုတ်ပြန်ပေးသည်။ 

2. နေရာတိုင်းမှအဖြေများကိုရယူပါ

desktop (သို့) mobile devicesများတွင် စစ်တမ်းများ၏ အဖြေများကို မှတ်တမ်းတင်ရန် အချိန်အနည်းငယ်ပေး လေ့လာရုံဖြင့် Survey123 web app နှင့် mobile appများကို အသုံးပြုနိုင်သည်။ 

3. ရလာဒ်များပေါ် အခြေပြုပြီး ပိုမိုကောင်းမွန်သောဆုံးဖြတ်ချက်များ ချမှတ်လိုက်ပါ

ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် အထောက်အကူပြုနိုင်သည့် အဖြေများကို အချိန်တိုင်း ဆန်းစစ်လေ့လာနိုင်သည်။  appတွင် မှန်ကန်သော ဆန်းစစ်လေ့လာမှုကို ကြည့်ရှုနိုင်သည်။ ArcGISတွင် Survey123မှ ရရှိသော ဒေတာများဖြင့် ပိုမိုခက်ခဲနက်နဲသော ဝေဖန်ဆန်းစစ်လေ့လာချက်များကို လုပ်ဆောင်နိုင်သည်။ 

desktop, web, နှင့် mobileများမှတစ်ဆင့် လုပ်ဆောင်နိုင်ခြင်း

Enabling Citizen Science
မုန်တိုင်းအတွင်ပျတ်စီးမှုများကိုစာရင်းကောက်ယူခြင်း
ထူးခြားသော အစီရင်ခံတင်ပြမှုများဖြင့် အချိန်ကုန်၊ ငွေကုန်သက်သာခြင်း
လူသားချင်းစာနာမှုအကူအညီ

Better together

ArcGIS Survey123 နှင့် အခြား ArcGIs App များအား ပေါင်းစပ်အသုံးပြုခြင်းဖြင့် လုပ်ငန်းခွင်အတွင်း အကျိုးသက်ရောက်မှုကို တိုးပွားစေပြီး၊ မိမိအဖွဲ့အစည်းအတွင်းရှိ လူတိုင်းအတွက် တရားဝင် ကိုယ်ပိုင်ဒေတာများကို ထောက်ပံ့ပေးနိုင်သည်။


ArcGIS Workforce

ArcGIS Workforce ဖြင့် Survey123 field data collection projectsများကို စီစဉ်ညွှန်ကြားပြီး၊ လုပ်ငန်းခွင်နှင့် ရုံးပိုင်းအကြား ပိုမိုကောင်းမွန်သော ချိတ်ဆက်ဆောင်ရွက်နိုင်စေသည်။ 


ArcGIS Dashboards

အသိပေးဆုံးဖြတ်ချက်များစွာကို အထောက်အပံ့ပေးရန် Survey123မှ ရရှိသော ဒေတာများကို dashboardsတွင် ပုံဖော်ပြသနိုင်သည်။ 


ArcGIS Web AppBuilder

Survey123 စစ်တမ်းတင်သွင်းမှုများအတွက် QA/QC appကို တည်ဆောက်ရန် အလိုအလျောက် တွက်ထုတ်ပေးသည့် WYSIWYG appကို အသုံးပြုသည်။


ArcGIS Apps

လုပ်ငန်းခွင်အတွင်း အကျိုးရှိ ထိရောက်မှု ရှိစေရန်၊ သတင်းအချက်အလက်များ ပါဝင်သော ဆုံးဖြတ်ချက်များကို ထောက်ပံ့ရန်နှင့် ထိရောက်သော ဆက်သွယ်မှုများ ရရှိရန်အတွက် ဒေတာများကို ဖန်တီးနိုင်သော အခြား သင့်လျော်သည့် appsများဖြင့် တွဲစပ်၍ Survey123ကို အသုံးပြုသည်။ 

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM