ArcGIS Field Maps
—
mobile work အတွက် all-in-one app

ArcGIS Field Mapsသည် mobile workersများအတွက် မြေပုံများနှင့် မိုဘိုင်းform များပါဝင်သော မိုဘိုင်းလ် appဖြစ်သည်။ ဒေတာကောက်ယူခြင်းနှင့် တည်းဖြတ်မှုများ၊ အချက်အလက်များကို ရှာဖွေရယူရန် နှင့်၊ ကွင်းဆင်ေဒေတာကောက်သူများအား အချိန်နှင့် တစ်ပြေးညီ လက်ရှိတည်နေရာများကို တင်ပြရန် ကူညီပေးသည်။ ArcGIS Field Maps သည် ကွင်းဆင်းဆောင်ရွက်သူများအတွက် နေ့စဉ်အသုံးပြုရသည့် သက်ဆိုင်ရာ သီးခြားလုပ်ငန်းစဉ်များ ထည့်သွင်းထားသော field mapsများကို ထောက်ပံ့ထားပြီး၊ field အတွင်း၌ ယူဆောင် အသုံးချနိုင်သည့် app ဖြစ်သည်။ ArcGISပေါ်တွင် တည်ဆောက်ထားသည့် အတွက် dataတစ်မျိုးတည်းကို အသုံးပြုခြင်းဖြင့် ကွင်းဆင်းဆောင်ရွက်သူများနှင့် ရုံးအတွင်းရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအကြား အကျိုးကျေးဇူးများစွာ ဖြစ်စေသည်။
ArcGIS Field Mapsဖြင့် လုပ်ဆောင်နိုင်မှုစွမ်းရည်များ
Field Maps လုပ်ဆောင်ပုံ
ဖန်တီးမှု
offline နှင့် indoor အပါအဝင် အလုပ်ပြီးမြောက်ရန်အတွက် Field တစ်ခုစီ၏ သီးခြားသတ်မှတ် လုပ်ဆောင်ချက်များအတိုင်း မြေပုံများကို ဖန်တီးနိုင်သည်။
ကောက်ယူမှု
မြေပုံရယူနိုင်သည့် ဖောင်ပုံစံများသည် ဒေတာများကို ရယူရန်နှင့် တည်းဖြတ်ရန်၊ မှတ်တမ်းတင်ရန်နှင့် အစီရင်ခံတင်ပြရန်၊ ကောက်ကွက်လုပ်ငန်းစဉ်များ ပြည့်စုံစေရန်တို့အတွက် ArcGIS Field Maps mobile app ကို ဖြည့်ဆည်းပေးသည်။
ညွှန်ပြမှု
မြေပုံများကို နေရာတိုင်းသို့ ယူဆောင်နိုင်ပြီး မိမိ အလိုရှိသည့်အတိုင်း မြေပုံထဲမှ ရှာဖွေနိုင်သည်။ မိမိရှာဖွေမှုများကို အခြားသူများသို့ မျှဝေရန်အတွက် မှတ်သားပြုလုပ်ရန်နှင့် စာရွက်စာတမ်းများပြုလုပ်ရန် mark-up toolsများကို အသုံးပြုနိုင်သည်။
offline အတွက်လုပ်ဆောင်ပုံအဆင့်ဆင့်ကိုလေ့လာရန်→
တည်နေရာမျှဝေမှု
တည်နေရာထောက်လှမ်းရေး (location tracking)သည် လုပ်ငန်းခွင်ကြီးကြပ်သူများအတွက် အခြေအနေကို သိရှိနားလည်ရန် များစွာ အထောက်အကူပြုပြီး၊ လုပ်ငန်းခွင်နယ်မြေနှင့် ရုံးပိုင်းအကြား ပွင့်လင်းမြင်သာမှုကို တိုးမြင့်စေသည်။
ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
—
မိမိလုပ်ငန်းခွင်အတွင်း လိုအပ်ချက်များနှင့် ကိုက်ညီရန်နှင့် လုပ်ငန်းလည်ပတ်မှုကို အဆင်ပြေချောမွေ့ရန် ArcGIS Field Maps ကို အခြားသော ArcGIS appsများနှင့် ပေါင်းစပ်အသုံးပြုနိုင်သည်။

ArcGIS Navigator
—
မြေပုံပေါ်ရှိ မည်သည့် အမှတ်မှမဆို clickတချက်နှိပ်ရုံဖြင့် Navigatorကို ဖွင့်နိုင်ပြီး၊ မိမိရွေးချယ်ထားသည့် နေရာအထိ လမ်းကြောင်းဆွဲပေးသည်။ ထို့နောက် Field Mapsသို့ ပြန်လည်ပေးပို့ခြင်းဖြင့် ဒေတာများကို ရယူအသုံးပြုနိုင်သည်။

ArcGIS Workforce
—
fieldအတွင်းလုပ်ဆောင်ချက်များကို စီစဉ်ညွှန်ကြားပေးသည်။ မိမိ လုပ်ငန်းခွင်အတွင်းရှိ လုပ်ငန်းစာရင်းမှ တာဝန်တစ်ခုကိုရွေးချယ်သည်။ လိုအပ်သော အလုပ်ကို ပြီးမြောက်ရန် Field Mapsကို အသုံးပြုသည်။ ထို့နောက် လုပ်ငန်းခွင်ဧရိယာသို့ ပြန်လည်းပေးပို့သည်။

ArcGIS Dashboards
—
သတင်းအချက်အလက်များ ပိုမိုပါဝင်သော ဆုံးဖြတ်ချက်များအတွက် Field Mapsဖြင့် ဖမ်းယူထားသော ဒေတာများကို dashboardsတွင် ပုံဖော်ပြသသည်။

ArcGIS Survey123
—
ပိုမိုရှုပ်ထွေးသော ကွင်းဆင်းဒေတာကောက်ယူ စုစည်းမှု လုပ်ငန်းစဉ်များကို ပြည့်စုံရန် Field Mapsနှင့် form အခြေပြု appကို တွဲဖတ်သည်။
Contact Us


Hot Line:
+95 9 886366874

Social Media:
https://www.facebook.com/EsriMM