GIS Professional User Type
ArcGIS Proနှင့်အတူ အဆင့်မြင့်မြေပုံများဖန်တီးခြင်း
ArcGIS Online နှင့် ArcGIS Enterpriseတို့အတွက် Foundational user type

GIS Professional user typeအမျိုးအစားအကြောင်း
professional desktop GIS applicationဖြစ်သည့် ArcGIS Proကို အသုံးပြု၍ ပိုမိုကောင်းမွန်သော 2D၊ 3D မြေပုံများ၊ ထင်သာမြင်သာရှိအောင် ပုံဖော်ပြသခြင်းများနှင့် လေ့လာဆန်းစစ်မှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ArcGIS Proအပြင် GIS Professional user typeလိုင်စင်တွင် web mapsများကို ပူးပေါင်းဖန်တီးပြီး appများမှ တစ်ဆင့် မျှဝေနိုင်သည့် ArcGIS Onlineကို အပြည့်အဝ ဝင်ရောက်နိုင်ပါသည်။ GISလေ့လာသုံးသပ်သူများ၊ geodevelopersများနှင့် မြေပုံရေးဆွဲသူ ပညာရှင်တို့သည် မိမိတို့၏ လုပ်ငန်းတာဝန် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့် GIS Professional user typeအမျိုးအစားကို ရွေးချယ်အသုံးပြုကြသည်။ GIS Professionalသည် ArcGIS Online (သို့မဟုတ်) ArcGIS Enterprise တို့ကို စီမံခန့်ခွဲနိုင်သည့် foundational user typeအမျိုးအစားဖြစ်ပြီး ၎င်းလိုင်စင်အမျိုးအစားတစ်မျိုးတည်း (သို့မဟုတ်) အခြားသော user typesများနှင့် တွဲဖက်၍ ဝယ်ယူနိုင်ပါသည်။
စွမ်းဆောင်ရည်များ
GIS Professional user typeဖြင့် ဖော်ပြပါ စွမ်းရည်တို့ကို လုပ်ဆောင်နိုင်ပါသည်။
2D၊ 3D တည်နေရာပြဒေတာများကို ဖန်တီးခြင်းနှင့် စီမံခန့်ခွဲခြင်း
single-user နှင့် multiuser editing ပုံစံတို့ဖြင့် မိမိ၏ geospatial dataများကို ဖန်တီးတည်ဆောက်ပြီး စီမံခန့်ခွဲသည်။ မိမိ၏ လုပ်ငန်းစဉ်များနှင့် ကိုက်ညီသည့် ပြောင်းလဲပြုပြင်လွယ်သော နည်းလမ်းများကို အသုံးပြုကာ ဒေတာများကို သိမ်းဆည်းနိုင်သည်၊ ရယူအသုံးပြုနိုင်ပါသည်။
သိပ္ပံနည်းကျ လေ့လာဆန်းစစ်နိုင်သော toolsများကို အသုံးချခြင်းဖြင့် နာလည်မှုစွမ်းအားကို ပိုမိုနက်နဲစေသည်
ပုံစံငယ်များ ချမှတ်ရန်၊ ကြိုတင်ခန့်မှန်းချက်များ ပြုလုပ်ရန် နှင့် မေးခွန်းများ၏ အဖြေများအတွက် 2D, 3D, နှင့် 4D ဒေတာများပေါ်တွင် သိပ္ပံနည်းကျ လေ့လာဆန်းစစ်နိုင်သည့် tools များကို အသုံးပြုသည်။
ဒေတာများဖြင့် အဆင့်မြင့်မြေပုံများ ထုတ်လုပ်ခြင်း
အလှပဆုံးသော မြေပုံများကို ဖန်တီးရန် attributeအမျိုးမျိုးအတွက် သင်္ကေတများ၊ သင့်လျော်သည့် labelပုံစံများ၊ မှတ်စု အချက်အလက်များ စသည်တို့ကဲ့သို့သော ဖွံဖြိုးတိုးတက်မှု အဆင့်ကို မြှင့်တင်ပေးသည့် ခေတ်မီ toolsများကို ArcGIS Proတွင် အသုံးပြုထားသည်။
မိမိအဖွဲ့ (သို့မဟုတ်) publicထံသို့ မြေပုံများမျှဝေခြင်း
ArcGIS Onlineတွင် အပြန်အလှန် ချိတ်ဆက်ထားသည့် web mapsအနေဖြင့်လည်းကောင်း၊ ArcGIS apps နှင့် custom applicationsပုံစံများဖြင့်လည်းကောင်း မိမိ၏မြေပုံများကို ဖြန့်ဝေရာတွင် တိကျမှန်ကန်မှုရှိသော toolsများကို အသုံးပြုသည်။
မိမိလုပ်ငန်းများကို အရှိန်မြှင့်တင်ရန်နှင့် ဆန်းစစ်ချက်များ တိုးချဲ့လုပ်ဆောင်ရန် မှန်ကန်တိကျသည့် ဒေတာများကို ရယူအသုံးပြုခြင်း
ကမ္ဘာ့နေရာ အနှံ့အပြားမှ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းတင်ပြထားသည့် ArcGIS Living Atlas of the Worldဖြင့် မိမိ မြေပုံများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်စေသည်။မှန်ကန်တိကျမှုရှိသည့် အရင်းအမြစ်များမှ basemapsများကို ရယူပြီး ဒေတာများဖြင့် ပေါင်းစပ်အသုံးပြုနိုင်ပါသည်။
တစ်နေရာတည်းတွင် စူးစမ်းလေ့လာမှု၊ ကိန်းဂဏန်းတွက်ချက်မှု၊ ချိတ်ဆက်မှုနှင့် လေ့လာဆန်းစစ်မှုများကို လုပ်ဆောင်ခြင်း
လုပ်ဆောင်ချက်များပေါ်တွင် အပြန်အလှန်ချိတ်ဆက်၍ ပုံဖော် ဖန်တီးမှုများနှင့် လေ့လာဆန်းစစ်မှု ပုံစံများကို တည်းဖြတ်ခြင်းဖြင့် မိမိ၏ ဒေတာများကို ရင်းနှီးမြှုပ်နှံသည်။ လေ့လာဆန်းစစ်ချက် လုပ်ဆောင်ချက်များကို တွက်ချက်ဖော်ထုတ်၍ အချိန်နှင့်အမျှဖြစ်ပေါ်နေသည့် တုံ့ပြန်ျက်များကို မျက်မြင် လက်ခံရရှိစေပါသည်။
မြေပုံတစ်ခုတည်းပေါ်တွင် 3D, CAD, imageryနှင့် အခြားသော ဒေတာအမျိုးအစားများကို ပေါင်းစပ်ခြင်း
ArcGIS Proကိုအသုံးပြု၍ မြေပုံတစ်ခုတည်းပေါ်တွင် အားကောင်းသော ဒေတာအမျိုးအစားများစွာဖြင့် လုပ်ငန်းစဉ်များဆောင်ရွက်သည်၊ စီမံခန့်ခွဲသည်၊ လေ့လာဆန်းစစ်သည်။
organizationအတွင်း userများကို စီမံခန့်ခွဲခြင်းနှင့် အကြောင်းအရာများ ဖန်တီးခြင်း
မိမိ၏ ArcGIS Online (သို့) ArcGIS Enterprise organizationတွင် usersများကို လုပ်ပိုင်ခွင့်ပေးသည်၊ စီမံခန့်ခွဲသည်။ မိမိတို့ လုပ်ငန်းအတွက် လိုအပ်သော လုပ်ပိုင်ခွင့်များ၊ ဒေတာများနှင့် appsများကို usersတိုင်းအတွက် လုံခြုံစိတ်ချရသည့် အသုံးပြုခွင့်ကို ရရှိစေသည်။
Included and add-on apps
ArcGIS Pro
—
လှပသော 2D, 3Dမြေပုံများကို ဖန်တီးပုံဖော်၍ စွမ်းရည်ပြည့်ဝသော geospatial analysisများကို လုပ်ဆောင်သည်။

Essential Apps
—
GIS Professional user typeအမျိုးအစားတွင် ဖော်ပြထားသော essential appsများ ပါဝင်သည်။
ArcGIS Instant Apps
မိမိ၏ ရည်မှန်းချက် ပန်းတိုင်များနှင့် အသုံးပြုမည့်သူများ၏ လိုအပ်ချက်များအလိုက် ဒီဇိုင်းဆွဲထားသည့် အချင်းချင်းချိတ်ဆက်လျက်ရှိသည့် applicationကို ဖန်တီးရန် မိမိ၏ မြေပုံကို သတ်မှတ်ထားသည့် templateတွင် ထည့်သွင်းအသုံးပြုသည်။
ArcGIS Dashboards
စောင့်ကြည့်ရန်၊ သတင်းများပေးပို့ရန်နှင့် စေ့စပ်ညှိနှိုင်ခြင်းတို့အတွက် အချိန်နှင့်အမျှဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို ဖော်ပြနေသည့် dynamic dashboardsများနှင့် ကိန်းဂဏန်းပုံစံများကို အသုံးပြုသည်။
ArcGIS StoryMaps
သတင်းနှင့် စိတ်ကူးအကြံဉာဏ်များကို ဖော်ပြပေးသည့် အကြောင်းအရာ storiesများကို ဖော်ပြရန် မြေပုံများနှင့် မီဒီယာကို ပေါင်းစပ်ထားသည်။
ArcGIS Experience Builder
templateများ (သို့) drag-and-drop ပြုလုပ်နိုင်သည့် toolsဖြင့် ကိုယ်တိုင် ဖန်တီးထားသည့် templateများဖြင့် မိမိ၏ ဒေတာများကို web apps နှင့် web pages များအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။
ArcGIS Hub basic
websiteများနှင့် pageများမှ တစ်ဆင့် အဓိကကျသော သတင်းအချက်အလက်များကို ဖြန့်ဝေခြင်းဖြင့် open dataများကို မျှဝေနိုင်ပြီး မိမိ အသိုင်းအဝန်းအတွင်း ရင်းနှီးမှုကို ရရှိစေသည်။
ArcGIS Maps for Adobe Creative Cloud
ပေါင်းထည့်ထားသည့် Adobe Illustrator နှင့် photoshopဖြင့် ဒေတာပါဝင်သည့် map layerများကို ဒီဇိုင်းပြုလုပ်သည်။ (သို့) အဆင့်မြင့် graphic designရရှိရန်အတွက် ရှိနှင့်ပြီးသော မြေပုံများကို ယူဆောင်၍ ဒီဇိုင်းပုံဖော်သည်။
ArcGIS for Power BI
geospatial analyticsစွမ်းရည်အဖြစ် ပါဝင်သက်ရောက်စေသည်။ map themeအသစ်များ၊ demographic dataနှင့် မြေပုံတွေ့မြင်ခံစားမှု ပုံစံအသစ်များကို ရရှိစေသည်။
Map Viewer
2Dမြေပုံများကို ဖန်းတီးပုံဖော်သည်၊ ဒေတာများကို ရှာဖွေဖော်ထုတ်သည်၊ လေ့လာဆန်းစစ်မှုများကို လုပ်ဆောင်ပေးပါသည်။
Scene Viewer
မိမိ၏ browserများတွင် 3Dမြေပုံများကို ကြည့်ရှုနိုင်သည်၊ ဖန်တီးနိုင်သည်၊ မျှဝေနိုင်ပါသည်။
Field Apps
—
GIS Professional user typeအမျိုးအစားတွင် ဖော်ပြပါ field appsများ ပါဝင်ပါသည်။
ArcGIS Survey123
လွယ်ကူသည့်အဆင့်၃ဆင့်ဖြင့် စစ်တမ်းများကို ဖန်တီးသည်၊ မျှဝေသည်၊ လေ့လာဆန်းစစ်သည်။
ArcGIS Workforce
mobile workforceစနစ်တွင် ပိုမိုကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုနှင့် အဖွဲ့လိုက် လုပ်ဆောင်မှုကို ရရှိစေသည်။
ArcGIS QuickCapture
မိမိရွေ့လျားမှုအလိုက် ကွင်းဆင်းလေ့လာချက်များကို လျင်လျင်မြန်မြန် ဖမ်းယူပေးသည်။
Office Apps
—
GIS Professional user typeအမျိုးအစားတွင် ဖော်ပြပါ office appsများ ပါဝင်ပါသည်။
ArcGIS for Office
Microsoft Excel dataကို ထင်သာမြင်သာရှိရန်နှင့် လေ့လာဆန်းစစ်ရန် မြေပုံများကို အသုံးပြုပြီး မိမိ၏ တင်ဆက်မှုများကို အကောင်းဆုံးဖြစ်စေသည်။
ArcGIS for SharePoint
တွေ့မြင်ပုံဖော်ရန်၊ ဖွဲ့စည်းရန်နှင့် အပြန်အလှန် ချိတ်ဆက်ရန် SharePoint dataဖြင့် ပိုမိုသော သဘောပေါက် နားလည်မှုများအတွက် မြေပုံများကို အသုံးပြုသည်။
Purchase add-on apps
—
ဖော်ပြပါ appsများကို သီခြားဝယ်ယူ၍ GIS Professionalတွင် အသုံးပြုနိုင်ပါသည်။ အဆိုပါ appများအတွက် GIS Professional user typeတွင် ထပ်မံဝယ်ယူရမည်ဖြစ်သည်။
ArcGIS Navigator
ကွင်းဆင်းလုပ်ငန်းများကို လမ်းကြောင်းရေးဆွဲသည်။ ခရီးစဉ် ပုံစံကို သတ်မှတ်ပေးသည်၊ လမ်းများကို ရေးဆွဲသည်၊ မိမိလုပ်ဆောင်ရမည့် အရာများကို ရှာဖွေသည်။ online (သို့) offlineဖြင့် အလုပ်လုပ်နိုင်ပါသည်။
ArcGIS Business Analyst
ဈေးကွက် အစီးအစဉ်ရေးဆွဲခြင်း၊ လုပ်ငန်းခွင် ရွေးချယ်ခြင်းနှင့် customerအမျိုးအစား ခွဲခြမ်းခြင်းတို့အတွက် တည်နေရာ အခြေပြုသော ထိုးထွင်းသိမြင်နိုင်စွမ်းကို ရရှိသည်။
ArcGIS Insights
ဒေတာများကို လျင်မြန်စွာ ရှာဖွေဖော်ထုတ်ပေးသည်။ မြေပုံများ၊ charts နှင့် tableများကို အသုံးပြု၍ ဒေတာအရင်းအမြစ်များစွာဖြင့် လေ့လာဆန်းစစ်သည်။ ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို လွယ်ကူစွာ မျှဝေပေးသည်။
ArcGIS Drone2Map
ArcGISတွင် visualization နှင့် analysisတို့အတွက် ဒရုန်းဖြင့်ဖမ်းယူထားသော ရုပ်ပုံများမှ အရည်အသွေး ကောင်းမွန်သော ရုပ်ပုံရလာဒ်များ ဖန်တီးရန် ထုတ်လုပ်ပေးသည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
