Esri’s enterprise geospatial platform
ArcGIS
ArcGISသည် အသင်းအဖွဲ့အစည်းများနှင့် professionalများအတွက် ပြီးပြည့်စုံသည့် geospatial platformတစ်ခုဖြစ်ပြီး Geographic information system (GIS) နည်းပညာကို ဦးဆောင်လျက်ရှိသည်။
Esriမှ တည်ထောင်ထားသည့် ArcGISသည် ပထဝီဝင် အကြောင်းအရာအချက်အလက်များမှတစ်ဆင့် ဒေတာများကို ပေါင်းစပ် ချိတ်ဆက်ပေးသည်။ ဒေတာအမျိုးအစားအားလုံး၏ creating, managing, analyzing, mappingနှင့် sharingတို့အတွက် လုပ်နိုင်စွမ်းများ (capabilities) ကို ဦးဆောင်လျက်ရှိသည်။
ပထဝီဝင်ဆိုင်ရာ အဖြစ်အပျတ်များအတွက် ArcGISကို အသုံးပြု၍ လေ့လာဆန်းစစ်ချက်များကို ရယူလျက်ရှိသော ဌာနအဖွဲ့အစည်းများတွင် ရှင်းလင်းမြင်သာသော အကျိုးကျေးဇူးနှင့် ဆုံးဖြတ်ချက် ရလာဒ်များကို ရရှိစေသည်။
ArcGISသည် စီးပွားရေးနှင့် အစိုးရလုပ်ငန်းများအတွက် အထောက်အကူပြုလျက်ရှိသည်
ArcGISကို ထိပ်တန်းကုမ္ပဏီကြီးများ၊ အစိုးရအဖွဲ့အစည်းများနှင့် မြို့တော်ကြီးများတွင် အသုံးပြုလျက်ရှိကြသည်။ ထိုအကြောင်းအရာသည် ArcGIS ကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသုံးပြုနေခြင်း၏ သိသာထင်ရှားသော အချက်တစ်ခုပင်ဖြစ်သည်။
Assetနှင့် networkစီမံခန့်ခွဲမှု
ပြောင်းလဲနေသော assetများနှင့် အခြေကျလျက်ရှိသော assetတို့၏ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်နေသော တည်နေရာနှင့် အခြေအနေတို့ကို သိရှိနိုင်သည်။
မူဝါဒရေးရာနှင့်အသွင်ကူးပြောင်းရေး
အားကောင်းသော မြင်ကွင်းပုံစံများဖြင့် လိုအပ်မှုအရှိဆုံးသော တည်နေရာများသို့ အရင်းအမြစ်များကို ခွဲဝေသတ်မှတ်ပေးပြီး ဆုံးဖြစ်ချက်များကို ချိတ်ဆက်ပေးသည်။
မြို့ပြစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေး
BIM နှင့် 3D dataတို့ဖြင့် ပေါင်းစပ်ထားသည့် digital twinsကို ပထဝီဝင်အခြေအနေအတွက် ဖန်တီးသည်။
မြေအသုံးချမှုနှင့်ပိုင်ဆိုင်မှုကိုစီမံခန့်ခွဲခြင်း
တိကျပြီး ယုံကြည်စိတ်ချရသော geographic database, capabilities နှင့် tools တို့ဖြင့် မြေယာစီမံခန့်ခွဲမှုကို ပုံဖော်ထုတ်လုပ်သည်။
သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု
အရင်းအမြစ်များရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အကျိုးဖြစ်ထွန်းရေးကို စီမံခန့်ခွဲရန် မြေပုံ၊ ပုံရိပ်နှင့် remote sensingတို့ဖြင့် ပေါင်းစပ်အသုံးပြုသည်။
သယ်ယူပို့ဆောင်ရေးနှင့်logistics
မျှဝေထားသော မြေပုံ၊ dashboardတို့ဖြင့် ထိရောက်သော လမ်းကြောင်းများကို စီစဉ်သည်၊ ရှုပ်ထွေးသော logistics လုပ်ငန်းများကို စီမံသည်။
ဈေးကွက်လေ့လာဆန်းစစ်ခြင်းနှင့်လုပ်ကွက်နေရာရွေးချယ်ခြင်း
စိတ်ဝင်စားဖွယ်ကောင်းသော နေရာအခြေပြု ဒေတာများနှင့် spatial analysisတို့ဖြင့် စတိုးဆိုင်များ၊ ထောက်ပံ့ရေးများလုပ်ငန်းများနှင့် ဈေးကွက်ချဲ့ထွင်ခြင်းတို့အတွက် အကောင်းဆုံးသော လုပ်ငန်းတည်နေရာများကို ရွေးချယ်သည်။
Supply chainကိုပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်း
real-timeမြေပုံတို့ဖြင့် supply chainလုပ်ငန်းစဉ် အသေးစိတ် စွမ်းရည်များကို တွေ့မြင်နိုင်သည်၊ အစီအစဉ်အရေးဆွဲနိုင်သည်။
အများပြည်သူလုံခြုံစိတ်ချရေး
တိကျသော တည်နေရာဒေတာဖြစ်ပျတ်မှုတို့ဖြင့် သတိပြုဖွယ် အခြေအနေတို့ကို ပိုမိုကောင်းမွန်စွာ တွေ့ရှိ၊ သိရှိစေသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စောင့်ကြည့်လေ့လာရေး
ဒေတာအခြေခံသောဆုံးဖြတ်ချက်များ၊ နယ်မြေသတ်မှတ်ချက်အလိုက် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ပုံဖော်ဖန်တီးရန် ပတ်ဝန်းကျင်ရေးရာနှင့် စီးပွားရေးစနစ်များကို အပြည့်အဝ အကဲဖြတ် လေ့လာဆန်းစစ်သည်။
ဖြစ်ပေါ်လာမည့် အန္တရာယ်ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် လျော့ပါးသက်သာစေခြင်း
ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ကြိုတင်တွက်ချက်ရန်နှင့် ထိခိုက်ပျတ်စီးမှုများကို လျော့ပေါ့သက်သာစေရေးအတွက် ဦးစားပေးရန် မြေပုံသည် ကူညီအားဖြည့်ပေးသည်။
အများနှင့်မတူသော အကျိုးကျေးဇူးများအတွက် ပထဝီဝင်လုပ်ငန်းစွမ်းဆောင်ရည်
ArcGISသည် ပထဝီဝင်ဆိုင်ရာ အချက်အလက် အကြောင်းအရာတို့ကို အသုံးပြု၍ လုပ်ငန်းအတွက် အတွေးအခေါ် စိတ်ကူးတို့ကို ပုံဖော်တွက်ထုတ်နိုင်သည့် စွမ်းရည်ကို ပံ့ပိုးပေးသည်။ အရေးပါသောလုပ်ငန်းဆုံးဖြတ်ချက်များ၊ ပြဿနာရပ်များအတွက်ဖြေရှင်းခြင်း နည်းစနစ်များကို အကောင်အထည်ဖော်ရန် Capabilitieများ၊ ဒေတာနှင့် toolများကို ArcGISအတွင်း အတူတကွ လုပ်ဆောင်စေသည်။
Mapping
2D, 3Dနှင့် real timeတို့တွင် မြေပုံရေးဆွဲခြင်းနှင့် မြင်ယောင်ပြသခြင်းဖြင့် ဒေတာများကို နားလည် သဘောပေါက်စေသည်။ location serviceနှင့် အဆင့်မြင့် cartographic toolsများကို ပေါင်းစပ်အသုံးပြုသည်။
Spatial analytics
ပထဝီဝင်အချက်အလက်များစွာပါရှိသော အရင်းအမြစ်အမျိုးမျိုးမှ ဒေတာများဖြင့် spatial modeling နှင့် analysisကို စွမ်းဆောင်ပေးသည်။ လုပ်ငန်းစဉ်များ ထည့်သွင်းထားသော AIသည် အဆင့်မြင့် လေ့လာဆန်းစစ်ချက်တို့ကို အားကောင်းစေသည်။
Field operations
ချိတ်ဆက်မှုပြတ်တောက်လျက်ရှိသည့် ပတ်ဝန်းကျင်တွင် အဖွဲ့၏စွမ်းဆောင်ရည်ကို ရရှိစေသည်။ field dataကောက်ယူခြင်းကို လုပ်ဆောင်ပေးပြီး အစီစဉ်ချမှတ်ခြင်းများ၊ လမ်းကြောင်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို တွန်းအားပေးသည်။
Data editing နှင့် management
data editing, offline dataစီမံခန့်ခွဲခြင်းနှင့် အဖွဲ့အစည်းအကြား ဒေတာမျှဝေခြင်းအတွက် ယုံကြည်စိတ်ချရသည့် မှတ်တမ်းစနစ်ကို အကောင်အထည်ဖော်သည်။
Imagery နှင့် remote sensing
AI workflowတို့ဖြင့် ပိုမိုကောင်းမွန်သော ရုပ်ပုံစုစည်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်းတို့အတွက် ချိတ်ဆက်မှုစနစ်ကို ပါဝင်ထည့်သွင်းထားသည်။
နည်းပညာရပ်ကိုကျော်လွန်ပြီး customer၏ အကျိုးခံစားခွင့်များအတွက် Esri
ArcGISတွင် GIS software အသုံးပြုခြင်းမှ ရရှိသော solution နှင့် serviceတို့ထက် သာလွန်သော အကျိုးကျေးဇူးများပါဝင်သည်။ ArcGISသည် အဖွဲ့အစည်းများကို Esri၏ အဆင့်မြင့်မားသော support, training, နှင့် community တို့နှင့် ဆက်သွယ်ပေးပါသည်။
နည်းပညာပံ့ပိုးမှု
Esri၏ support teamအကူအညီကို အဖွဲ့အစည်းများ၏ လိုအပ်ချက်များနှင့်အညီ အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
သင်တန်း
schedule, role, နှင့် experience levelအလိုက် online နှင့် classroom အတန်းများကို certificationအစီအစဉ်များဖြင့် ပြီးပြည့်စုံစွာ သင်ကြားပေးသည်။
Community
local user groups နှင့် global online forums များမှ တစ်ဆင့် geospatial professionalများကွန်ရက်သည် tips, chat, နှင့် collaborateတို့ဖြင့် မျှဝေပေးသည်။
Conferences နှင့် eventsအခမ်းအနားများ
Esriသည် professionalများစွာ ပါဝင်တက်ရောက်ပြီး အသိပညာများမျှဝေဖလှယ်သည့် အကြီးဆုံးသော GIS conferenceအပါအဝင် ပွဲအခမ်းအနားများစွာကို တင်ဆက်လျက်ရှိသည်။
Contact Us
for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com
Hot Line:
+95 9 886366874