Web and Mobile Apps

cloudပေါ်တွင် လုပ်ငန်းခွင်နယ်မြေရွေးချယ်ခြင်း၊ စီးပွားလုပ်ငန်းများ ခွဲခြမ်းလေ့လာဆန်းစစ်ခြင်းနှင့် demographicsများ

web browser, iOS, Android deviceများတွင် ArcGIS Business Analystကို အသုံးပြု၍ လုပ်ပိုင်ခွင့်များရှာဖွေပြီး customersအရေအတွက်ကို တိုးမြှင့်စေသည်။ အမြတ်အစွန်းအများဆုံးရှိနိုင်သော နေရာများသတ်မှတ်ခြင်း၊ လွယ်ကူစွာသုံးစွဲနိုင်သော toolsများကို အသုံးပြုနိုင်ခြင်း၊ မိမိကိုယ်ပိုင် demographicsများ ရယူနိုင်ခြင်း၊ ပြည့်စုံသောမြေပုံများနှင့် professional ကျသော အစီရင်ခံစာများ ဖန်တီးခြင်းနှင့် decision-makersများထံသို့ မိမိ၏ market researchများကို မြန်ဆန်စွာ shareခြင်းတို့ဖြင့်  ပိုမိုကောင်းမွန်သော ဈေးကွက်နေရာများ ရွေးချယ်နိုင်ပါသည်။

customersများ၏ သဘောသဘာဝကိုသိရှိစေခြင်း

စီးပွားရေးလုပ်ငန်းအတွက် နယ်မြေတစ်ခုကို သတ်မှတ်ရွေးချယ်ပြီးနောက် ရရှိနိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းစွာ မြင်တွေ့စေသည်။ Industry leadersများသည် လုပ်ငန်းတည်နေရာရွေးချယ်ရန် Business Analystကို အသုံးပြုကြသည်။ Business Analystသည် ဆက်စပ်လျက်ရှိသော ဒေတာများကို သိရှိစေခြင်း၊ လိုအပ်ချက်များကို တွေ့မြင်စေခြင်း၊ လှပသော infographicsများ ဖန်တီး၍ မိမိအဖွဲ့အစည်းများထံသို့ shareခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။ အောင်မြင်လျက်ရှိသော လက်လီရောင်းချသူများ၊ ဆေးရုံများနှင့် အကြံပေးလုပ်ငန်းလုပ်ဆောင်သူအားလုံးသည် မိမိတို့နှင့် ဆက်စပ်လျက်ရှိသော customersများကို ပိုမိုနားလည်သဘောပေါက်စေသောကြောင့် Business Analystကို ကြိုက်နှစ်သက်ကြသည်။

စီးပွားရေးလုပ်ငန်းကြီးထွားဖွံ့ဖြိုးမှုအတွက်ရွေးချယ်သတ်မှတ်ခြင်း

လုပ်ငန်းနေရာရွေးချယ်မှုမှန်ကန်ခြင်းသည် သန်းပေါင်းများစွာသော ကုန်ကျမှုကို လျော့ချနိုင်သည်။ ဈေးကွက်လိုအပ်ချက်များ နားလည် သိရှိရန်၊ right customers ရွေးချယ်မှုမှန်ကန်ရန်နှင့် အသေးစိတ်ကျသော ဒေတာပေါ်မူတည်၍ ထုတ်ကုန်အမျိုးအစားများကို ရွေးချယ်တင်ပို့ရန် Esri၏ spatial, business analytics များဖြင့် ဆုံးဖြတ်ချက်များချမှတ်၍ ဆုံရှုံးနစ်နာမှုများကို လျော့ချနိုင်ပါသည်။

global data နှင့် demographicsများကို ရယူအသုံးပြုခြင်း

Your data and our data—analyzed side by side. public data များနှင့် Esri demographersများမှ တင်ပြထားသော စားသုံးသူများ၏ သုံးစွဲသူပမာဏ၊ ဈေးကွက်နေရာရရှိမှု၊ ယာဉ်လမ်းကြောင်းအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်မှုဘဝ datasets များဖြင့် လုပ်ဆောင်နိုင်ပါသည်။ ကမ္ဘာ့လူဦးရေ ၉၀ရာခိုင်နှုန်းကျော်အတွက် ရရှိနိုင်သော geodemographicပေါင်း ၁၅,၀၀၀ကျော်ဖြင့် သုံးစွဲသူများလိုအပ်ချက်များအတိုင်း ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်နိုင်ပါသည်။

လုပ်ဆောင်ချက်များကိုမျှဝေခြင်းနှင့် တွေ့ရှိချက်များကိုတင်ပြခြင်း

လုပ်ငန်းဆိုင်ရာဆွေးနွေးတင်ပြချက်များကို အကောင်းဆုံးဖြစ်စေရန် ရည်ရွယ်ပါသည်။ Business Analystသည် မိမိစိတ်ကြိုက် ပြင်ဆင်နိုင်သော infographics နှင့် reportsများတွင် ဒေတာအချက်အလက်များထည့်သွင်းစေ၍  ခက်ခဲသော လုပ်ငန်းများကို ပြီးမြောက်စေပါသည်။  လုပ်ဆောင်ချက်များကိုလည်း ပြည့်စုံသော infographicsများ၊ story mapsများ၊  ဖန်တီးထားသော web appsများဖြင့်  မိမိအဖွဲ့အစည်း သီးသန့်ထံသို့လည်းကောင်း၊ အခြားအဖွဲ့အစည်းများထံသို့လည်းကောင်း မျှဝေနိုင်ပါသည်။

အဆက်မပြတ်ဆန်းစစ်လေ့လာခြင်းများ

လုပ်ငန်းဆောင်ရွက်မှုများအတွက် Business Analyst Web App ကို tabletနှင့် smartphoneများတွင် အသုံးပြုဆောင်ရွက်နိုင်ပါသည်။

Business Analyst infographicsဖြင့် လက်တွေ့အသုံးချအဖြေထုတ်ခြင်း

ArcGIS Business Analyst Web App တွင် အဓိက ရည်ညွှန်းချက်များ၊ သတင်းအချက်အလက်များကို လွယ်ကူစွာထည့်သွင်းအသုံးပြုနိုင်သော လှပသော infographics ပုံစံများဖြင့် တွေ့မြင်နိုင်ပါသည်။ မိမိစိတ်ကြိုက် infographic report ကို ရွေးချယ်နိုင်ပြီး၊ Business Analystမှ ထုတ်ယူပြီးနောက် ပုံစံတူများကိုလည်း လုပ်ဆောင်နိုင်ပါသည်။