ArcGIS Business Analyst

တည်နေရာအခြေပြု၍ စျေးကွက်ရှာဖွေခြင်း

ဈေးကွက်ဝယ်လိုအားနှင့်အခွင့်လမ်းများကိုရှင်းလင်းပြတ်သားစွာတွေ့မြင်စေခြင်း

ArcGIS Business Analystသည် မြေပုံအခြေခံ လေ့လာဆန်းစစ်မှုများဖြင့် လူဦးနေအခြေအနေ၊ လူနေမှုပုံစံ၊ ဝင်ငွေစီးဆင်းမှု၊ စီးပွားရေးလုပ်ငန်း၊ မြေပြင်အခြေအနေတို့ကို ပေါင်းစပ်၍ ဈေးကွက်အစီစဉ်ရေးဆွဲခြင်း၊ နေရာရွေးချယ်ခြင်း၊ ဝယ်လိုအား အနဲအများအခြေအနေများအတွက် ပိုမိုကောင်းမွန်သော ဆုံဖြတ်ချက်များကိုပေးစွမ်းပါသည်။ desktop, web, နှင့် mobile appsများမှတစ်ဆင့် Business Analyst demographic mapping software သည် လက်ရှိဈေးကွက်အခြေအနေ၊ အမှန်တကယ်ကြီးထွားဖွံ့ဖြိုးမှု၊ မှန်ကန်သောဈေးကွက်ဝယ်လိုအားတည်နေရာများကို တိကျသော infographic reportများ၊ တိုးတက်မှုအခြေအနေ presentationများဖြင့် မိမိတို့အဖွဲ့များထံသို့ တိတိကျကျ ဖော်ပြပေးပါသည်။

Business Analystဖြင့်ယှဉ်ပြိုင်မှုများကိုအနိုင်ရယူလိုက်ပါ

ဈေးကွက်ယှဉ်ပြိုင်မှုများတွင် ရှေ့ဆုံးမှ ဦးဆောင်မှုရရှိရန်နှင့် တိကျမှန်ကန်သော တည်နေရာရွေးချယ်မှုများအတွက် ဒေတာအခြေခံ ချဉ်းကပ်မှုကို ရယူနိုင်သည်။ Business Analyst တွင် ဈေးကွက်ဦးတည်ချက်၊ စားသုံးသူများ၏ ဝယ်လိုအား၊ ဈေးကွက်နယ်မြေပိုင်ဆိုင်မှုအခြေနေ၊ ဈေးကွက်သုတေသန စသည့် အသုံးပြုသူများလိုအပ်ချက်နှင့် ကိုက်ညီသည့် toolများစွာ ပါဝင်ပါသည်။ ပြီးပြည့်စုံသော ဈေးကွက်ဆိုင်ရာ လေ့လာဆန်းစစ်မှုများကို လှပသော၊ Customizeပြုလုပ်နိုင်သော၊ ပြောင်းလဲဖြစ်ပေါ်နေသော မြေပြင်အခြေအနေများကို လုပ်ငန်းခွင်တွင် ဖြန့်ဝေပြသနိုင်ပါသည်။

နယ်မြေရွေးချယ်မှုနှင့်ဈေးကွက်အစီအစဉ်ချမှတ်ခြင်း

ဈေးကွက်အခြေအနေပေါ်မူတည်၍ ဈေးကွက်တိုးချဲ့ရန်၊ လျော့ချရန် ဈေးကွက်နေရာများကို ခွဲခြမ်းစိတ်ဖြာလေ့လာဆန်းစစ်ရပါသည်။ စားသုံးသူအချက်အလက်၊ ဈေးကွက်အလားအလာ၊ ရောင်းအားခန့်မှန်းချက်၊ အချိန်မီရောက်ရှိနိုင်မှုနှင့် ​ကူးသန်းရောင်းဝယ်ရေးဆက်သွယ်ချက်တို့အတွက် Toolများ ပါဝင်ပါသည်။ You can perform demographic analysis and facility and retail site selection, create trade areas around a location, and identify a market for your products or services. လူဦးရေအခြေပြု ဆန်းစစ်လေ့လာမှုများပြုလုပ်ပြီး လိုအပ်ချက်များ၊ ဈေးကွက်နယ်မြေရွေးချယ်မှုများကို လုပ်ဆောင်နိုင်ပါသည်။  ရောင်းဝယ်ဖောက်ကားမှုအတွက် တည်နေရာတစ်ခုဖန်တီး၍ ထိုနေရာနှင့် သင့်လျော်သော ဝန်ဆောင်မှုများ၊ ထုတ်ကုန်များကို သတ်မှတ်ဖော်ပြနိုင်ပါသည်။

လုပ်ငန်းနယ်မြေဒီဇိုင်းနှင့်ဈေးကွက်ဧရိယာရေးဆွဲခြင်း

တည်နေရာတစ်ခုစီနှင့် အောင်မြင်သောနယ်မြေခံစီမံခန့်ခွဲသူများအကြား မျှတသော လုပ်ငန်းချိတ်ဆက်မှုကို ရရှိစေသည်။ နယ်မြေပိုင်ဆိုင်မှု၊ တည်နေရာရွေးချယ်မှုနှင့် ဈေးကွက်ထိုးဖောက်မှုများအတွက် အလိုအလျောက်ရေးဆွဲပေးသော workflowsများကို အသုံးပြုနိုင်ပါသည်။ လုပ်ငန်းလုပ်ဆောင်လျက်ရှိသော နယ်မြေများကို ညွှန်ပြခြင်း၊ လျာထားသတ်မှတ်ထားသော တည်နေရာများ၏ လုပ်ဆောင်နိုင်စွမ်းကို ကြိုတင်ခန့်မှန်းပေးခြင်းနှင့် ဒေတာအချက်အလက်အမျိုးမျိုးကို အသုံးပြု၍ အကောင်းဆုံးသော ဈေးကွက်တည်နေရာတို့ကို ရှာဖွေပေးပါသည်။

customerအသစ်နှင့် ရှိရင်းစွဲ customerများကိုTargetသတ်မှတ်ခြင်း

အဓိက ပစ်မှတ်ထားသည့် customerများကို သိရှိပြီး၊ ထိုသူတို့ကို ဆွဲဆောင်နိုင်ခြင်းသည် customer များ၏ အကြိုက်နှင့် လိုအပ်ချက်များကို နားလည်သဘောပေါက်စေပါသည်။ ပစ်မှတ်ထားသည့် customerများကို အုပ်စုအလိုက် ခွဲခြားသည်။ အသက်အရွယ်၊ ဝင်ငွေ၊ မိသားစုဦးရေ၊ ကျန်းမာရေးနှင့် ပတ်သက်သော အချက်အလက်များပါဝင်သည့် လူဦးရေအခြေပြုဒေတာများနှင့် သန်းခေါင်စာရင်းဒေတာများကို ကျယ်ပြန့်စွာအသုံးပြုသည်။ စားသုံးသူများ၏ အကြိုက်ကို လေ့လာရန် လူနေမှုပုံစံဒေတာများကို အသုံးပြုပါသည်။

ဆုံးဖြတ်ချက်များအတွက် ဒေတာနှင့် infographicများ

တည်နေရာယူဆချက်များကို ဒေတာအသုံးချ ချဉ်းကပ်နည်းဖြင့် ရယူပါသည်။ နိုင်ငံပေါင်း ၁၃၀ကျော်မှ ဈေးကွက်ဒေတာပေါင်း ၁၅,၀၀၀ ကျော်ဖြင့် global dataများကို ရယူအသုံးပြုနိုင်သည်။ တည်နေရာပါဝင်သောဒေတာများနှင့် ဝယ်လိုအား၊ ဝန်ဆောင်မှုရယူသူ၊ လူနာ စသည့် ဒေတာတို့ကို ပေါင်းစပ်၍ ခွဲခြမ်းစိတ်ဖြာဆန်းစစ်မှုများပြုလုပ်ပြီးနောက် သိသာထင်ရှားသော ရုပ်ပုံများ၊ စာရင်းဇယားတို့ဖြင့် ပြန်လည်မျှဝေသည်။

Business Analyst လုပ်ဆောင်ပုံအဆင့်ဆင့်

အဆင့် ၁—သတ်မှတ်ခြင်း

မိမိလုပ်ငန်းနယ်ပယ်အတွက် အရေးပါသော လေ့လာဆန်းစစ်ရန်များအတွက် ဧရိယာသတ်မှတ်ခြင်း—အိမ်၊ခြံမြေလုပ်ငန်းများနေရာမှစ၍ အရေးပေါ်အခြေအနေများအတွက် ခိုအောင်းနိုင်သော အဆောက်အဦးတည်နေရာများအထိ လုပ်ဆောင်ပေးပါသည်။

ba-how-it-works-opt-1

အဆင့် ၂—ဝေဖန်ဆန်းစစ်လေ့လာခြင်း

ကိုယ်ပိုင်ဒေတာများနှင့်အတူ Esri Demographicsကိုအသုံးပြု၍ ဧရိယာများကို ဝေဖန်ဆန်းစစ်လေ့လာခြင်းဖြစ်သည်။ spatial contextတွင် ရလဒ်များဖော်ပြခြင်း၊ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းနှင့် ရင်သပ်ရှုမောဖွယ်ရာ မြေပုံများကို ထုတ်လုပ်ပေးသည်။

 

အဆင့် ၃—ဖြန့်ဝေခြင်း/မျှဝေခြင်း

မိမိရှာဖွေတွေ့ရှိမှုများကို သတင်းအချက်အလက်ပါဝင်သော မြေပုံများ၊ လှပသော infographicsနှင့် ဆန်းစစ်လေ့လာချက်များပါဝင်သော မြေပုံအခြေခံ storiesများဖြင့် တင်ပြသည်။

ArcGISတွင် ပါဝင်လျက်ရှိသောBusiness Analyst

အချိန်တိုင်း၊ နေရာတိုင်း၊ deviceအမျိုးမျိုးတို့ပေါ်တွင် လုပ်ဆောင်နိုင်ပါသည်။ —Business Analyst ကို web browser software-as-a-service (SaaS) solutionအနေဖြင့် (သို့မဟုတ်) ArcGISနှင့်တွဲဖတ်အစိတ်အပိုင်းအဖြစ် မိမိ၏ လက်ရှိလုပ်ငန်းစဉ်၌ ပါဝင်ထည့်သွင်းနိုင်ပါသည်။

ArcGISအကြောင်းလေ့လာရန်→