လမ်းကြောင်းနှင့် လမ်းညွှန်များ

လမ်းကြောင်းများ၊ လမ်းညွှန်များကို ရှာဖွေပြီး အဘက်ဘက်မှ ပြီးပြည့်စုံသည့် network analysisများကို ဖန်တီးလိုက်ပါ။

အချိန်ကုန်၊ ငွေကုန် သက်သာစေရန် မိမိသွားမည့် လမ်းကြောင်းအကွာအဝေးအတွက် အဆင်ပြေဆုံးသော လမ်းကြောင်းများကို ရှာဖွေသည်။ လမ်းကြောင်းပေါ်တွင် အမြဲရှိစေရန် ဦးတည်ရာ ညွှန်ကြားချက်များကို ထုတ်လုပ်ပေးသည်။ မိမိ၏ ယာဉ်များကို စီမံခန့်ခွဲသည်။ အမြင့်ဆုံးသော လုပ်ငန်းစွမ်းရည်ထွက်ပေါ်ရန် အကျိုးရှိထိရောက်သော လမ်းကြောင်းရေးဆွဲခြင်းအတွက် အဘက်ဘက်မှ ပြီးပြည့်စုံသည့် network analysisကို လုပ်ဆောင်ပေးသည်။

လမ်းကြောင်းများရှာဖွေခြင်း

အချိန် နှင့်/သို့မဟုတ် အကွာအဝေးအလိုက် အမြန်ဆုံးနှင့် အတိုဆုံးလမ်းကြောင်းများကို ရှာဖွေပေးသည်။ သွားရမည့် တည်နေရာ အမှတ် ၂ ခုအတွက် ဖြေရှင်းနိုင်ခြင်း သို့မဟုတ် အကောင်းဆုံးသော လမ်းကြောင်းအစီအစဉ်များအတွက် အမှတ်ပွိုင့်များစွာကို အဆင်ပြေဆုံး ဖန်တီးပေးသည်။  အဆိုပါလမ်းကြောင်းများကို လက်ရှိ အသုံးပြုလျက်ရှိသော သို့မဟုတ် အသုံးပြုပီးသော လမ်းကြောင်းများဖြင့် တည်ဆောက်ပေးသည်။

လမ်းညွှန်မှုအဆင့်ဆင့်ကိုဖော်ပြခြင်း

လမ်းကြောင်းပေါ်တွင် ခရီးစဉ်အတိုင်း လမ်းညွှန်မှု တစ်ခုချင်းစီကို ဖော်ပြပေးသည်။ နောက်ထပ်တည်နေရာတစ်ခုအတွက် သို့မဟုတ် တည်နေရာ အမှတ်စဉ်အလိုက် သို့မဟုတ် လမ်းကြောင်းတစ်ခုလုံးစာအတွက် ဆက်စပ်လျက်ရှိသော သတင်းအချက်အလက်များကို ညွှန်ကြားပေးသည်။ လမ်းကြောင်းလိုအပ်ချက်များအလိုက် လမ်းညွှန်မှုများကို ရရှိစေသည်။ ဥပမာအားဖြင့် လမ်းကြောင်းတစ်ခုအတွက် ချဉ်းကပ်သောအခါ အသုံးပြုနိုင်သည်။ device location မှ လမ်းကြောင်းလွဲသောအခါတွင်လည်း လမ်းကြောင်းမှန်ကို အလျင်မြန်ဆုံး ပြန်လည်တွက်ချက်ပေးသည်။

စီးပွားရေးလုပ်ငန်းများအတွက် အကောင်းဆုံးတည်နေရာကိုရှာဖွေခြင်း

ကုန်ကျစရိတ်သက်သာစွာဖြင့် ဝန်ဆောင်မှုအရည်အသွေး မြင့်မားပြီး၊ အကျိုးအမြတ်များစွာရရှိနိုင်မည့် လမ်းကြောင်းကို ရှာဖွေပေးသည်။ လေ့လာဆန်းစစ်မှုများသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့နိုင်သည့် နေရာများနှင့် အသုံးပြုမှု အများဆုံး နေရာများကိုပါ ထည့်သွင်းတွက်ချက်ပေးသည်။

အနီးဆုံးရှိသတ်မှတ်တည်နေရာများကိုရှာဖွေခြင်း

အချိန်တိုအတွင်း သွားရောက်နိုင်သော လုပ်ငန်းဌာနတည်နေရာများကို တိုင်းတာသိရှိနိုင်ပါသည်။ ခရီးချိန် အနည်းဆုံးဖြင့် စားသုံးသူများ လာရောက်နိုင်သော ဆိုင်တည်နေရာများ၊ မတော်တဆဖြစ်ချိန်အတွင်း အနီးဆုံးရှိ အရေးပေါ်လူနာတင်ယာဉ် တည်ရှိရာနေများနှင့် ကင်းလှည့်ကား တည်ရှိရာနေရာများကို သတ်မှတ်ပေးသည်။ မိမိသိရှိလိုသည့် ဌာန တည်နေရာ အရေအတွက်ကို သတ်မှတ်ရှာဖွေနိုင်ပြီး၊ ၎င်းတည်နေရာသို့ ရောက်ရှိမည့် လမ်းကြောင်းအကွာအဝေးများကိုလည်း သိရှိနိုင်ပါသည်။

service areaများသတ်မှတ်ဖော်ထုတ်ခြင်း

Network service area သည် ပေးထားသည့် အချိန်ကာလတစ်ခုအတွင်း (သို့မဟုတ်) အကွာအဝေးတစ်ခုအတွင်း၌ သတ်မှတ်တည်နေရာတစ်ခုမှ ရောက်ရှိနိုင်သည့် နယ်မြေတစ်ခုဖြစ်သည်။ service areaများ သတ်မှတ်ပြီးသောအခါ စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်သော ဈေးကွက်ဧရိယာများ သတ်မှတ်ခြင်း (သို့မဟုတ်) မီးသတ်စခန်းမှ ၅မိနစ်အတွင်း ရောက်ရှိနိုင်မည့် နေအိမ်နေရာများကို သိရှိစေခြင်း စသည်တို့အတွက် အသုံးချနိုင်သည်။

origin-destination matricesများဖန်တီးခြင်း

ကုန်ကျစရိတ်ကို အခြေခံထားသော origin-destinationသည် ခရီးစဉ် အစမှ အဆုံးထိ လမ်းကြောင်းများစွာပါဝင်သော network တစ်လျေက်ကို ကုန်ကျစရိတ်အနည်းဆုံးဖြစ်သော အကွာအဝေးဇယားတစ်ခုအဖြစ် တွက်ချက်ပေးပါသည်။ ကုန်ကျစရိတ် တန်ဖိုးများသည် ချိတ်ဆက်မှု အကွာအဝေးအလိုက် သက်ရောက်မှုရှိစေပါသည်။


လုပ်ငန်းစဉ်အဆင့်ဆင့်ကိုအစီအစဉ်ရေးဆွဲခြင်း

လမ်းကြောင်းများကိုရွေးချယ်သတ်မှတ်ခြင်း

စမှတ် ဆုံးမှတ်၂ခု သို့မဟုတ် ၂မှတ်ထက်ပိုသော မှတ်တိုင်များဖြင့် အတိုဆုံးသော (သို့မဟုတ်) အမြန်ဆုံးသော လမ်းကြောင်းကို ရှာဖွေသည်။ ယာဉ်လမ်းကြောင်းများ၊ U-turns ဆိုင်းဘုတ်များ၊ လမ်းပိတ်ဆို့မှုများ၊ အများဆုံးခွင့်ပြုထားသည့် ယာဉ်အမြင့်သတ်မှတ်ချက်များ စသည့် စံသတ်မှတ်ချက်များကို ထည့်သွင်းတွက်ချက်ပေးပါသည်။

ယာဉ်အမျိုးမျိုးအတွက်လမ်းကြောင်းရေးဆွဲခြင်း

လုပ်ငန်းတည်နေရာများနှင့် ယာဉ်အစီးရေများကို သတ်မှတ်ပေးခြင်းဖြင့် လမ်းကြောင်းတစ်ခုစီအလိုက် ဝန်ဆောင်မှုပေးရမည့် မှတ်တိုင်များနှင့် သွားရောက်သင့်သည့် မှတ်တိုင်အစီအစဉ်များကိုလည်း ဆုံးဖြတ်ပေးသည်။ ယာဉ်လမ်းကြောင်းဆိုင်ရာ စံသတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစားပေးခြင်းဖြင့် ယာဉ်အစုတစ်ခုလုံး၏ ကုန်ကျစရိတ်အားလုံးကို လျော့ချစေနိုင်သည်။

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM

Youtube: EsriMyanmar

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM

Youtube: EsriMyanmar