ArcGIS Platform
သင့်applications များတွင် စွမ်းဆောင်ရည်မြင့်မားသော မြေပုံများနှင့် တည်နေရာဝန်ဆောင်မှုများကို ရယူပေါင်းစပ်အသုံးပြုလိုက်ပါ။
Esri ၏ ArcGIS Platformသည် ဈေးကွက်ကို ဦးဆောင်နေသည့် တည်နေရာ ဝမ်ဆောင်မှု လုပ်ငန်းများကို service platform တစ်ခု (Platform as a Service, PaaS) အနေဖြင့် ဆောင်ရွက်ပေးမှာဖြစ်ပါသည်။ appsနှင့် business systemsအတွင်း တည်နေရာကို ပြီးပြည့်စုံဆုံးသော၊ အရည်အသွေးမြင့်မားဆုံးသော တည်နေရာဝန်ဆောင်မှုများ၊ ဒေတာနှင့် မြေပုံtools အစုတို့ဖြင့် ပေါင်းစပ်ပေးထားသည်။ မိမိရွေးချယ်ထားသည့် မြေပုံအစုအဝေးဖြင့် (သို့မဟုတ်) Esriမှ အပြည့်အဝ စီစဉ်သတ်မှတ်ပေးသည့် မြေပုံအစုအဝေးတို့ဖြင့် ပုံဖော်ဖန်တီးနိုင်ပြီး၊ ဈေးကွက်ထိုးဖောက်ရာတွင် အချိန်ကုန်သက်သာစေပြီး ဒီဇိုင်းဖန်တီးမှုကို အဆင့်မြှင့်တင်ပေးသည့် ကုဒ်ရေးသားရန် မလိုသည့် ရွေးချယ်မှုပုံစံဖြစ်သည်။ ArcGIS Platformသည် developers, စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် products, solutions နှင့် systems များအတွင်း အရေးပါသည့် တည်နေရာလုပ်ငန်းပိုင်းများဆိုင်ရာ ဝန်ဆောင်မှုများတွင် သင့်တင့်မျှတပြီး ပြောင်းလဲပြုပြင်လွယ်သော တည်နေရာ အသားပေး PaaSစနစ်ကို ပံ့ပိုးပေးသည်။
အောင်မြင်မှုကို တည်ဆောက်ခြင်း
သင့်လျော်ကိုက်ညီသည့် toolsများဖြင့် ပိုမိုမြန်ဆန်စွာ ဖန်တီးတည်ဆောက်ခြင်း
ဦးဆောင်သူများကို ယုံကြည်မှုတိုးစေသည့် တည်နေရာအခြပြုနည်းပညာ
ဘတ်ချက်လျာထားခြင်း
ArcGIS Platform မိတ်ဆက်
ArcGIS Platformသည် developersများအတွက် မိမိရွေးချယ်လိုသည်များအား မြေပုံစာကြည့်တိုက် (mapping libraries) ကို အသုံးပြုပြီး စွမ်းရည်ပြည့်ဝသော တည်နေရာဝန်ဆောင်မှုများကို တိုက်ရိုက်ရယူ အသုံးပြုခြင်းဖြင့် apps များကို ဖန်တီးတည်ဆောက်ရန် နည်းလမ်းအသစ်ကို ထောက်ပံ့ပေးထားသည်။
ကမ္ဘာ့အဆင့်မီ တည်နေရာအခြေပြုစွမ်းဆောင်ရည်များဖြင့် အက်ပ်များ တည်ဆောက်လိုက်ပါ။
ပြောင်းလွယ်ပြင်လွယ်ရှိသော PaaS modelတွင် မိမိလိုအပ်သလောက် အရည်အသွေးမြင့် တည်နေရာဝန်ဆောင်မှုများ၊ မြေပုံများနှင့် ဒေတာများကို ရယူပြီး မိမိရွေးချယ်လိုက်သည့် APIဖြင့် တည်ဆောက်၍ developersအားလုံးအတွက် ဒီဇိုင်းရေးဆွဲထားသော စွမ်းအားမြင့် တည်နေရာ စွမ်းဆောင်မှုများဖြင့် မိမိ apps များကို ပိုမိုကောင်းမွန်စွာ ဖန်တီးနိုင်သည်။
Basemaps
အသင့်အသုံးပြုနိုင်သော မြေပုံများသည် မိမိ appsများအတွက် ပထဝီဝင် အခြေခံအုတ်မြစ်အဖြစ် လုပ်ဆောင်သည်။ မိမိ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်အတွက် မိမိစိတ်ကြိုက် ပုံဖော်ဖန်တီးနိုင်သည့် ကမ္ဘာတစ်ဝှမ်း စုစည်းထားသည့် အရည်အသွေးမြင့် မြေပုံများကို ရယူအသုံးပြုသည်။
Geocoding and search
ကမ္ဘာတစ်ဝှမ်းရှိ နေရာများ၊ အထင်ကရနေရာများနှင့် အခြားရှာဖွေမှုများအတွက် တိကျသေချာပြီး ယုံကြည် စိတ်ချရသော ရှာဖွေမှု ရလာဒ်များကို ရယူအသုံပြုနိုင်သည်။ အလိုအလျောက် အကြုံပြုချက်များ၊ အချက်အလက်များကို တစ်ပြိုင်နက် ရှာဖွေမှုများ၊ geocodingစနစ်မှတစ်ဆင့် လိပ်စာနာမည်ရှာဖွေမှုများနှင့် အခြားသော စမတ်ကျသော လုပ်ဆောင်နိုင်မှုများဖြင့် အသုံးပြုသူ၏ လုပ်နိုင်စွမ်းကို အဆင့်မြှင့်တင်ပေးနိုင်သည်။
Routing and directions
အချိန်ကုန်၊ ငွေကုန်သက်သာစေရန် မိမိဦးတည်ရာ လမ်းကြောင်းအတွက် အထိရောက်ဆုံးသော လမ်းကြောင်းများကို ရှာဖွေနိုင်သည်။ မှန်ကန်သော လမ်းကြောင်းပေါ်တွင် အမြဲတမ်းရှိနေစေရန် turn-by-turn directionsများကို ထုတ်နှုတ်ပေးသည်။ အကျိုးရှိထိရောက်သော လမ်းကြောင်းရေးဆွဲခြင်းအတွက် ပြီးပြည့်စုံသည့် toolsများဖြင့် ပိုမိုကောင်းမွန်သော network analysisများကို လုပ်ဆောင်ပေးနိုင်သည်။
Mapping APIs
မိမိရွေးချယ်ထားသည့် မြေပုံစာကြည့်တိုက် (mapping labaries) ဖြင့်
App တည်ဆောက်သည်။ ArcGIS Platformသည် မြေပုံရေးဆွဲနိုင်သည့် APIs, SDKsကို အပြည့်အဝ စီစဉ်ဆောင်ရွက်ပေး၍၊ လုပ်ဆောင်ချိန် လျော့နည်းစေပြီး၊ ဖန်တီးနိုင်မှုစွမ်းအားကို တိုးတက်စေသော ကုဒ်ရေးသားရန် မလိုသည့် စနစ်ကို ဆောင်ရွက်ပေးသည်။ ArcGIS Platformသည် လူအသုံးများသော third-party open-source APIsကိုလည်း ထောက်ပံ့ပေးထားသည်။
Data hosting
ArcGIS Platformဖြင့် မိမိဒေတာများကို လုံခြုံစိတ်ချစွာ တင်ခြင်း(host)ဖြင့် ဝန်ဆောင်မှုများကို လျင်မြန်စွာ ဖန်တီးနိုင်သည်။ မိမိဒေတာပိုင်ဆိုင်မှု အပြည့်အဝ ရရှိနေစဉ်အတွင်း formatsအမျိုးမျိုးဖြင့် ဒေတာများကို အလွယ်တကူ တင်(host)ခြင်း၊ အသုံးချခြင်းများ ပြုလုပ်နိုင်သည်။
Data visualization
လှပသေသပ်သော မြေပုံများကို ဖန်တီးနိုင်ပြီး၊ မမြင်ရသော ပုံစံငယ်များကို ပုံဖော်ခြင်းနှင့် ဆက်နွယ်မှုများကို ဖော်ထုတ်နိုင်သည်။ များပြားသော အပြန်အလှန်တုံ့ပြန်သက်ရောက်မှုရှိသော မြေပုံများကို 2D အနေဖြင့် ပေါင်းစပ်ပုံဖော်နိုင်သည်။ လက်တွေ့အစစ်အမှန်အတိုင်း တွေ့မြင်နိုင်သည့် 3Dပုံစံဖြင့် ဒေတာများကို ပုံဖော်နိုင်သည်။ မိမိဒေတာနှင့် အံဝင်ခွင်ကျ ဖြစ်စေမည့်ဒေတာအသုံးချမှုစတိုင်လ်နှင့် သင့်လျော်သည့် ပုံသေသတ်မှတ်ချက် ပုံစံငယ်များကိုလည်း အသုံးပြုနိုင်သည်။
မြေပုံနှင့်ဒေတာ
တရားဝင်ခွင့်ပြုထားသော ကမ္ဘာလုံးဆိုင်ရာ မြေပုံနှင့် ဒေတာများစွာဖြင့် မိမိ၏ appsများကို ပိုမိုပြည့်စုံစွာ ဖန်တီးနိုင်သည်။ လူဦးရေစာရင်း၊ နေထိုင်မှုပုံစံ နှင့် စီးပွားရေးလုပ်ငန်းဒေတာအချက်အလက် ကဲ့သို့သော အသင့်အသုံးပြုနိုင်သော datasets များ၊ ၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရာသီဥတုအခြေအနေကဲ့သို့သော တိုက်ရိုက်သတင်းများ၊ ၊ နေရာများ၊ ဒေတာရွေ့လျားမှုနှင့် အရည်အသွေးမြင့် ရုပ်ပုံများတွင် အကြောင်းအရာ အချက်အလက်များကို ထပ်ပေါင်းထည့်သွင်းအသုံးပြုနိုင်သည်။
Spatial analytics
လုပ်ငန်းနယ်ပယ်တွင် ဦးဆောင်လျက်ရှိသည့် ကျယ်ပြန့်သော spatial analytical toolsများသည် သင့်အား ပြဿနာရပ်များကို ကူညီဖြေရှင်းပေးနိုင်ပြီး သတင်းအချက်အလက်ပါဝင်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေမှာဖြစ်သည်။ အဆိုပါ toolsများသည် မြောက်များလှစွာသော ဒေတာအချက်အလက်များစွာဖြင့် အသုံးပြုသူပိုင်းနှင့် ဆာဗာပိုင်းအတွက် အလုပ်လုပ်ဆောင်ပေးသည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
