Geocoding and Search
—
ယုံကြည်စွာဖြင့် မြေပုံပေါ်တွင် တည်နေရာများကို ရှာဖွေ၊ ဖော်ပြခြင်း
တည်နေရာသတင်းအချက်အလက်ကို တွေ့မြင်စေသည်။ Geocoding နှင့် search သည် လိပ်စာများနှင့် တည်နေရာအမည်များကို coordinates ပုံစံအဖြစ် ပြောင်းလဲပေးပြီး မြေပုံပေါ်တွင် ဖော်ပြသည်။ လိပ်စာများ၊ အထင်ကရနေရာများနှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားသော တည်နေရာများအတွက် တိကျပြီး ယုံကြည်စိတ်ချရသော ရလာဒ်များကို ရရှိသည်။
မြေပုံပေါ်တွင်လိပ်စာများကို ချက်ချင်းရှာဖွေခြင်း
လိပ်စာတစ်ခုအတွက် ရှာဖွေ၍ မြေပုံပေါ်တွင် ဖော်ပြသည်။ ကမ္ဘာတစ်ဝှမ်းရှိ လိပ်စာများကို ရှာဖွေပြီး၊ တိကျသေချာမှု အမြင့်ဆုံးဖြင့် ထိုလိပ်စာများကို မြေပုံပေါ်တွင် ထားရှိသည်။
နေရာအမည်ဖြင့် တည်နေရာများကိုရှာဖွေခြင်း
Englisဘာသာ သို့မဟုတ် မိမိတို့ဘာသာစကားကို အသုံးပြု၍ ထောင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းနေရာများ၊ အသိအမှတ်ပြု ထင်ရှားသောနေရာများ နှင့် အခြားစိတ်ဝင်စားဖွယ်နေရာများကို ရှာဖွေ ဖော်ပြပေးသည်။ ဥပမာအားဖြင့် ဧရိယာတစ်ခုရှိ ကော်ဖီဆိုင်/ ဆေးဆိုင်ကို ရှာဖွေခြင်း၊ (သို့မဟုတ်) ပြင်သစ်ရှိ သီးသန့် သတ်မှတ်နာမည် Tour Eiffel ဖြင့် Eiffel Tower ကို ရှာဖွေခြင်းတို့ ဖြစ်ကြသည်။
တည်နေရာများကိုမြန်ဆန်စွာရရှိခြင်း
တည်နေရာတစ်ခုကို ရိုက်နှိပ်သည့်အခါ ကိုယ်စားပြု လိပ်စာအမျိုးမျိုးကို ဖော်ပြပေးသည့် လုပ်နိုင်စွမ်းဖြင့် မိမိ၏ အဖြေများကို ပိုမိုကောင်းမွန်စေသည်။ မှန်ကန်သော တည်နေရာကို မြန်ဆန်စွာ ရရှိရန် ကူညီပေးသည်။
အချိန်နည်းနည်းဖြင့် များများရှာဖွေနိုင်ခြင်း
batch geocodingကိုအသုံးပြု၍ လုပ်ငန်းစဉ် တစ်ကြောင်းတည်းဖြင့်လိပ်စာအမျိုးမျိုးကို မြေပုံပေါ်တွင် လျင်မြန်စွာ ရှာဖွေ ဖော်ပြနိုင်သည်။
ပြည့်စုံသောတည်နေရာသတင်းအချက်အလက်ကိုရရှိခြင်း
reverse geocodingကို အသုံးပြု၍ မြေပုံပေါ်တွင် ကိုဩဒိနိတ်များအတွက် အနီးစပ်ဆုံး လိပ်စာ၊ ဆုံမှတ်နေရာများ (သို့မဟုတ်) နေရာအမည် ကဲ့သို့သော စာသားဖော်ပြချက်များကိုရယူသည်။
geocoding နှင့် search serviceတို့၏ အကျိုးကျေးဇူးများ
တိကျသေချာပြတ်သားသောရလဒ်များကိုရယူခြင်း
Esri သည် အဖွဲ့အစည်းများ၊ စီးပွားရေးနှင့် အစိုးရပိုင်းဆိုင်ရာ ပံ့ပိုးသူများမှ တရားဝင်ခွင့်ပြုထားသော sourcesများမှ up-to-date reference data အများစုကို အသုံးပြုထားသည်။
ဘာသာစကား၊ format supportများဖြင့်ကမ္ဘာအနှံ့ လွှမ်းမိုးခြင်း
Esri သည် ကမ္ဘာ့လူဦးရေ၏ ၉၀% ကျော်အထိ ခြုံငုံမိသော နိုင်ငံပေါင်း ၁၄၉နိုင်ငံ၏ street-level addressများကို ထောက်ပံ့ပေးသည်။ လိပ်စာများကို ဒေသတွင်း စကားအသုံးအနှုန်းနှင့် ဘာသာစကားများ၊ လက်တင် (သို့မဟုတ်) လက်တင်မဟုတ်သော စကားလုံးများ၊ ဘာသာပြန်စကားများ နှင့် ဒေသတွင်းရှိ သတ်မှတ်လိပ်စာပုံစံများအတိုင်း အသုံးပြု ရှာဖွေနိုင်ပါသည်။
မိမိ၏ရလဒ်များကိုပိုင်ဆိုင်မှု
မိမိရှာဖွေထားသော ကိုဩဒိနိတ်များကို မိမိ enterpriseအတွင်း သိမ်းဆည်းရန်နှင့် အသုံးပြုရန် ခွင့်ပြုပေးထားသည်။ စီးပွားရေးဆိုင်ရာ အဓိကကျသော ဆုံးဖြတ်ချက်များအတွက် အထောက်အပံ့ကောင်းဖြစ်စေရန် မိမိ သိမ်းဆည်းထားသော ရလဒ်များ၏ တန်ဖိုးကို အသေးစိတ် ခွဲခြမ်းလေ့လာဆန်းစစ် လေ့လာမှုများဖြင့် ပိုမိုအကျိုးရှိ ထိရောက်စေပါသည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
