Editor User Type
spatial dataများကို ပြုပြင်မွမ်းမံခြင်းနှင့် ပေါင်းထည့်ခြင်း
ArcGIS Online and ArcGIS Enterpriseတို့အတွက် Dependent user typeအမျိုးအစား

Editor user type အမျိုးအစားအကြောင်း
တိကျသေချာမှုကို တိုးမြင့်စေပြီး လက်ရှိဖြစ်ပေါ်နေသော တရားဝင်သတင်းအချက်အလက်များကို ရရှိစေပါသည်။ Editor user type လိုင်စင်ဖြင့် မိမိ၏ ArcGIS Online (သို့မဟုတ်) ArcGIS Enterprise organizationတွင် spatial dataများကို တည်းဖြတ်သည်၊ ပေါင်းထည့်ပေးသည်။ ဒေတာအရည်အသွေးစစ်အင်ဂျင်နီယာများ၊ GISနည်းပညာရှင်များနှင့် ဒေတာ ထည့်သွင်းသူများသည် မိမိတို့၏ လုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီသည့် Editor user typeအမျိုးအစားကို နှစ်သက်စွာ အသုံးပြုလျက်ရှိကြသည်။ Editor သည် dependent user typeအမျိုးအစားဖြစ်သောကြောင့် ၎င်းကို foundational user type (GIS Professional/ Creator)အနည်းဆုံး တစ်ခုဖြင့် တွဲဖက်ဝယ်ယူနိုင်ပါသည်။ (သို့မဟုတ်) ရှိနှင့်ပြီးသော organizationတွင် ထပ်ပေါင်းဝယ်ယူနိုင်သည်။
စွမ်းဆောင်ရည်များ
Editor user typeဖြင့် ဖော်ပြပါ စွမ်းရည်တို့ကို လုပ်ဆောင်နိုင်ပါသည်။
ရှိနှင့်ပြီးသော ဒေတာများကို တည်းဖြတ်ခြင်းနှင့် ဒေတာအသစ်များကို ပေါင်းထည့်ခြင်း
တိကျသေချာမှုကို တိုးမြှင့်ရန်နှင့် လက်ရှိဖြစ်ပေါ်နေသော တိကျသည့် သတင်းအချက်အလက်များကို ထောက်ပံ့ရန် မိမိ organizationရှိ အခြားသော သူများက ဖန်တီးထားသည့် မြေပုံနှင့် appများတွင် ဒေတာများကို အထူးပြင်ဆင် မွမ်းမံသည်။
မိမိအဖွဲ့၏ ကိုယ်ပိုင်သီးခြား မြေပုံများနှင့် appများကို ကြည့်ရှုခြင်း
သတင်းအချက်အလက်ပါ ဆုံးဖြတ်ချက်များနှင့် စွမ်းဆောင်ရည်တို့ကို စောင့်ကြည့်ရန် မိမိအဖွဲ့၏ သီးသန့်ဖြစ်သော spatial informationကို ရယူအသုံးပြုနိုင်သည်။
Dependent user type
Editor သည် dependent user typeအမျိုးအစားဖြစ်သောကြောင့် ၎င်းကို foundational user type (GIS Professional/ Creator)အနည်းဆုံး တစ်ခုဖြင့် တွဲဖက်ဝယ်ယူနိုင်ပါသည်။ (သို့မဟုတ်) ရှိနှင့်ပြီးသော organizationတွင် ထပ်ပေါင်းဝယ်ယူနိုင်သည်။ Editorအမျိုးအစားသည် မြေပုံများဖန်တီးရန်နှင့် ArcGIS Online (သို့မဟုတ်) ArcGIS Enterprise organizationကို စီမံရန် foundational user typeတစ်မျိုးလိုအပ်သည်။
Included and add-on apps
Essential Apps
—
Viewer user typeသည် မိမိတို့၏ organizationရှိ အခြားသူများဖန်တီးသော ဖော်ပြပါ essential appsများနှင့် အပြန်အလှန် ဆက်သွယ်နိုင်ပါသည်။
ArcGIS Instant Apps
မိမိ၏ ရည်မှန်းချက် ပန်းတိုင်များနှင့် အသုံးပြုမည့်သူများ၏ လိုအပ်ချက်များအတွက် ဒီဇိုင်းဆွဲထားသည့် အချင်းချင်းချိတ်ဆက်လျက်ရှိသည့် applicationကို ဖန်တီးရန် မိမိ၏ မြေပုံကို သင့်လျော်အဆင်ပြေသည့် templateတွင် ထည့်သွင်းအသုံးပြုသည်။
ArcGIS Dashboards
စောင့်ကြည့်ရန်၊ သတင်းများပေးပို့ရန်နှင့် စေ့စပ်ညှိနှိုင်ခြင်းတို့အတွက် ကိန်းဂဏန်းနှင့် အချိန်နှင့်အမျှဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို ဖော်ပြနေသည့် dynamic dashboardsများကို အသုံးပြုသည်။
ArcGIS StoryMaps
သတင်းအချက်အလက်များနှင့် စိတ်ကူးအကြံဉာဏ်များကို ဖော်ပြပေးသည့် အကြောင်းအရာ storiesများကို ဖော်ပြရန် မြေပုံများနှင့် မီဒီယာကို ပေါင်းစပ်ထားသည်။
ArcGIS Experience Builder
templateများ (သို့) drag-and-drop ပြုလုပ်နိုင်သည့် toolများဖြင့် ကိုယ်တိုင် ဖန်တီးထားသည့် templateများဖြင့် မိမိ၏ ဒေတာများကို web apps နှင့် web pages များအဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်။
ArcGIS Hub basic
websiteများနှင့် pageများမှ တစ်ဆင့် အဓိကကျသော သတင်းအချက်အလက်များကို ဖြန့်ဝေခြင်းဖြင့် open dataများကို မျှဝေနိုင်ပြီး မိမိ အသိုင်းအဝန်းအတွင်း ရင်းနှီးမှုကို ရရှိစေသည်။
ArcGIS Maps for Adobe Creative Cloud
ပေါင်းထည့်ထားသည့် Adobe Illustrator နှင့် photoshopဖြင့် ဒေတာပါဝင်သည့် map layerများကို ဒီဇိုင်းပြုလုပ်သည်။ (သို့) အဆင့်မြင့် graphic designရရှိရန်အတွက် ရှိနှင့်ပြီးသော မြေပုံများကို ယူဆောင်၍ ဒီဇိုင်းပြုလုပ်သည်။
ArcGIS for Power BI
geospatial analyticsစွမ်းရည်အဖြစ် ပါဝင်သက်ရောက်စေသည်။ map themeအသစ်များ၊ demographic dataနှင့် မြေပုံတွေ့မြင်ခံစားမှု ပုံစံအသစ်များကို ရရှိစေသည်။
Map Viewer
2Dမြေပုံများကို ဖန်းတီးပုံဖော်သည်၊ ဒေတာများကို ရှာဖွေဖော်ထုတ်သည်၊ လေ့လာဆန်းစစ်မှုများကို လုပ်ဆောင်ပေးပါသည်။
Scene Viewer
မိမိ၏ browserများတွင် 3Dမြေပုံများကို ကြည့်ရှုနိုင်သည်၊ ဖန်တီးနိုင်သည်၊ မျှဝေနိုင်ပါသည်။
Office Apps
—
Editor user type အမျိုးအစားတွင် ဖော်ပြပါ office appsများ ပါဝင်ပါသည်။
ArcGIS for Office
Microsoft Excel dataကို ထင်သာမြင်သာရှိရန်နှင့် လေ့လာဆန်းစစ်ရန် မြေပုံများကို အသုံးပြုပြီး မိမိ၏ တင်ဆက်မှုများကို အကောင်းဆုံးဖြစ်စေသည်။
ArcGIS for SharePoint
SharePoint dataဖြင့် မြင်ကွင်းများပုံဖော်ရန်၊ ဖွဲ့စည်းရန်နှင့် အပြန်အလှန် ချိတ်ဆက်ရန် ပိုကောင်းသော သဘောပေါက် နားလည်မှုများအတွက် မြေပုံများကို အသုံးပြုသည်။
Purchase add-on apps
—
ဖော်ပြပါ appsများကို သီခြားဝယ်ယူ၍ Editorတွင် အသုံးပြုနိုင်ပါသည်။ အဆိုပါ appများအတွက် Editor user type တွင် ထပ်မံဝယ်ယူရမည်ဖြစ်သည်။
ArcGIS Navigator
ကွင်းဆင်းလုပ်ငန်းများကို လမ်းကြောင်းရေးဆွဲသည်။ ခရီးစဉ် ပုံစံကို သတ်မှတ်ပေးသည်၊ လမ်းများကို ရေးဆွဲသည်၊ မိမိလုပ်ဆောင်ရမည့် အရာများကို ရှာဖွေသည်။ online (သို့) offlineဖြင့် အလုပ်လုပ်နိုင်သည်။
ArcGIS Survey123
လွယ်ကူသည့်အဆင့်၃ဆင့်ဖြင့် စစ်တမ်းများကို ဖန်တီးသည်၊ မျှဝေသည်၊ လေ့လာဆန်းစစ်သည်။
ArcGIS Workforce
mobile workforceစနစ်တွင် ပိုမိုကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုနှင့် အဖွဲ့လိုက် လုပ်ဆောင်မှုကို ရရှိစေသည်။
ArcGIS QuickCapture
မိမိရွေ့လျားမှုအလိုက် ကွင်းဆင်းလေ့လာချက်များကို လျင်လျင်မြန်မြန် ဖမ်းယူပေးသည်။
user typesများနှိုင်းယှဉ်ချက်
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
