Data Hosting

ArcGIS Platform ဖြင့် မိမိဒေတာများကို လုံခြုံစိတ်ချစွာ လွှင့်တင်နိုင်သည်။

ArcGISတွင်ဒေတာများကိုလွှင့်တင်ခြင်း

မိမိဒေတာများကို serviceတစ်ခုအနေဖြင့် ထားရှိသည်နှင့် တစ်ပြိုင်နက် ယင်းဒေတာများကို မြေပုံပေါ်တွင် လွယ်ကူစွာ ထပ်ပေါင်းနိုင်သည်။ optionsပုံစံအမျိုးမျိုးဖြင့် ဖော်ပြခြင်းဖြင့် အရေးကြီးသော အသေးစိတ်အချက်အလက်များကို မီးမောင်းထိုးပြပေးပြီး၊ ဒေတာအခြေပြု ဆုံးဖြတ်ချက်များအတွက် spatial patterns များကို ရှာဖွေတွေ့ရှိစေပါသည်။

အဆင်ပြေသင့်လျော်သည့်formatများတွင်ဒေတာများကိုသိမ်းဆည်းထားရှိခြင်း

မိမိလုပ်ပိုင်ခွင့်ရှိသည့် အကြောင်းအရာ သတင်းအချက်အလက်များကို သိမြင်စေခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း နှင့် ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ငန်းများအတွက် data servicesများကို ဖန်းတီးရန် CSV, GEOJSON, (သို့မဟုတ်) Shapefile ကဲ့သို့သော မိမိကြိုက်နှစ်သက်ရာ format များတွင် ဒေတာများကို သိမ်းဆည်း ထည့်သွင်းနိုင်ပါသည်။

ဒေတာပိုင်ဆိုင်မှုကိုထိန်းသိမ်းခြင်း

မိမိတို့၏ ဒေတာ၊ အကြောင်းအချင်းအရာများကို မိမိကိုယ်ပိုင် အဖြစ် အပြည့်အဝ ထိန်းသိမ်းထားနိုင်ပြီး မိမိ ဒေတာ သတင်းအချက်အလက်များသည် မိမိပိုင်ဆိုင်မှုအဖြစ်သာ ကျန်ရှိနေမည်ဖြစ်သည်။ Esri သည် မိမိ၏ userများထံမှ ဒေတာများကိုလည်း စုဆောင်းထားပေးမည် မဟုတ်ပေ။

ဒေတာများကိုလွယ်ကူစွာအသုံးပြုနိုင်ခြင်း

မိမိလွှင့်တင်ထားသော ဒေတာများကို applicationsများအတွင်း vector tiles, raster tiles, GeoJSON ကဲ့သို့သော formats အနေဖြင့် သော်လည်းကောင်း၊ feature services အနေဖြင့် သော်လည်းကောင်း လွယ်ကူစွာ ရယူ အသုံးပြုနိုင်ပါသည်။ ဒေတာများကို မိမိရွေးချယ်ထားသည့် API အလိုက် အဆင်ပြေစွာ ထောက်ပံ့ထားပါသည်။

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM

Youtube: EsriMyanmar