Basemaps
—
Apps များအတွက် အသင့်အသုံးပြုနိုင်သော ဒီဂျစ်တယ်မြေပုံများ
တည်နေရာ သတင်းအချက်အလက်များကို applications နှင့် workflows များတွင် ပထဝီဝင်ဆိုင်ရာ အခြေခံအုတ်မြစ်အတွက် လုပ်ဆောင်ပေးသည့် အသင့်အသုံးပြုနိုင်သော မြေပုံများဖြစ်သည့် basemapsများဖြင့် ခေါ်ယူအသုံးပြုသည်။ မိမိလိုအပ်ချက်များအတိုင်း စိတ်ကြိုက် ဖန်တီးနိုင်မည့် ဘာသာစကားအမျိုးမျိုးနှင့် ပထဝီအနေအထားအလိုက် စုစည်းထားသော အသင့်အသုံးပြုနိုင်သော Basemaps များကို ရယူအသုံးပြုနိုင်ပါသည်။
ပထဝီဝင်ဆိုင်ရာ အကြောင်းအရာအချက်အလက်များကို နားလည်သိရှိခြင်း
Basemaps များသည် မိမိ applicationsများအတွက် အခြေခံကျသော layer များအဖြစ် လုပ်ဆောင်ပေးသည်။ မြေပုံကျွမ်းကျင်ပညာရှင်အဖွဲ့များမှ ရေးဆွဲထားသော ကြိုတင် ဒီဇိုင်းပုံစံပြုလုပ်ထားသည့် basemaps ပေါင်းများစွာထဲမှ မိမိတို့စိတ်ကြိုက် ရွေးချယ်အသုံးပြုနိုင်ပါသည်။
ကမ္ဘာ့နေရာအနှံ့မှဒေသတွင်းထိ ပထဝီဝင်များ
Basemaps သည် စကေးအလိုက် အပြင်လောကရှိ ပုံသဏ္ဍာန် အရွယ်အစားများအတိုင်း ပံ့ပိုးပေးပြီး အရင်းအမြစ် ရည်ညွှန်းချက်များအဖြစ် တိကျသေချာသော ဒေတာများကို အသုံးပြုပါသည်။ ဘာသာစကားပေါင်း ၄၀ကျော်ကို အသုံးပြုနိုင်သော basemaps သည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးဆိုင်ရာ၊ အစိုးရပိုင်းဆိုင်ရာ၊သိပ္ပံနည်းပညာဆိုင်ရာ အေဂျင်စီများက ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာ digital mapping solution ကို ပံ့ပိုးပေးသည်။
ဒီဇိုင်းပုံစံများကိုစိတ်ကြိုက်ဖန်တီးနိုင်ခြင်း
မိမိလိုအပ်မှုနှင့် ထပ်တူကျ ဖန်တီးနိုင်ရန် ကြိုတင် ပြင်ဆင်ရေးဆွဲထားသည့် အမျိုးမျိုးသော မြေပုံများမှ ရွေးချယ်နိုင်သည်။ Basemaps များသည် မြေပုံအမျိုးမျိုးကို ရေးဆွဲပေးနိုင်ပြီး၊ မိမိကိုယ်ပိုင် မြေပုံစတိုင်လ်များကို အကောင်းဆုံး ဖန်တီးပေးရန်အတွက်လည်း ထောက်ပံ့ပေးသည်။ မိမိအဖွဲ့အစည်း၏ သီးသန့်လိုအပ်ချက်များနှင့် ကိုက်ညီစေရန် မိမိမြေပုံများ၏ colors, patterns, နှင့် labels များကို မိမိတို့စိတ်ကြိုက် အပြည့်အဝ ရွေးချယ်အသုံးချနိုင်ပါသည်။
မြေပုံများကိုရိုးရှင်းအောင်ပြုလုပ်ထားသည်
မြေပုံပုံစံများရွေးချယ်ခြင်း
မိမိလိုအပ်ချက်များနှင့် ထပ်တူကျသော မြေပုံကို ရွေးချယ်နိုင်သည်။ မြေပုံများသည် အပြန်အလှန် အထောက်အကူပြုနိုင်သော အကျိုးရှိသော လုပ်ဆောင်မှုများကို စွမ်းဆောင်ပေးသည်။
appများတွင်basemapများကိုတိုက်ရိုက်ထည့်သွင်းနိုင်ခြင်း
Esri basemaps များကို မိမိ၏ applicationsများသို့ လျင်မြန်စွာ ထည့်သွင်းအသုံးပြုနိုင်သည်။ web, mobile, နှင့် desktop applications များအတွက် Maps များကို ရွေးချယ်အသုံးပြုစေသည်။
ဘာသာစကားပေါင်း ၄၀ ကျော်ရှိခြင်း
မိမိကြိုက်နှစ်သက်ရာ ဘာသာစကားဖြင့် အသင့်အသုံးပြုနိုင်သော mapsများ ဖြစ်သည်။
Contact Us

for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com

Hot Line:
+95 9 886366874
