လုပ်ဆောင်ချက်များ(functions)
ပြည့်စုံကောင်းမွန်သော ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ချက်များအတွက်
ကျွန်ုပ်တို့ ကမ္ဘာမြေကြီးပေါ်ရှိ သတင်းအချက်အလက်ဒေတာများကို ရှာဖွေဖော်ထုတ်နိုင်သည်။ အသုံးပြုသူများ၏ လုပ်ငန်းစဉ်များကို ဖော်ပြရန်၊ ကြိုတင်ခန့်မှန်းတွက်ချက်မှုများကို ဖော်ထုတ်နိုင်ရန်၊ အခက်အခဲ ပြဿနာရပ်များကို ဖြေရှင်းရန် သိပ္ပံနည်းကျ လက်တွေ့လုပ်ဆောင်နိုင်သော analysis tools များကို အသုံးပြုနိုင်ပါသည်။
အသုံးပြုသူများအတွက် လိုအပ်သော သတင်းအချက်အလက်များကို သိရှိနိုင်ခြင်း
မိမိ၏ ဒေတာများကို မြေပုံပေါ်တွင် လွယ်ကူစွာတင်ခြင်းဖြင့် ၎င်းဒေတာနှင့် ပတ်သက်သော တိကျသေချာသော သတင်းအချက်အလက်များကို ပိုမိုရှင်းလင်းစွာဖြင့် ရှာဖွေဖော်ထုတ်နိုင်ပါသည်။
Determine the spatial relationship
asymptotic relationships, coincidence, intersection, stacking, visibility and accessibility ကဲ့သို့သော spatial relationships ကို နားလည်ရန်သဘောပေါက်စေရန် မေးခွန်းများဖြင့် ဖြေကြားနိုင်ပါသည်။
တည်နေရာနှင့် လမ်းကြောင်း
တည်နေရာကို အခြေခံသည့် တိကျသော ဒေတာများကို ဖော်ထုတ်နိုင်ရန် GISကို အသုံးပြုနိုင်ပါ သည်။ မိမိ၏ ကိုယ်ပိုင်ဒေတာများကို မိမိစိတ်တိုင်းကျ သတ်မှတ်မှုများပြုလုပ်၍ လမ်းကြောင်းများကို ဖော်ပြနိုင်ပါသည်။
သွင်ပြင်လက္ခဏာရပ်များကို စစ်ဆေးဖော်ထုတ်ခြင်း
အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်နေသော သွင်ပြင်လက္ခဏာရပ်များကို ခွဲခြမ်းဆန်းစစ်ရန်၊ စစ်ဆေးဖော်ထုတ်ရန်နှင့် ကိန်းဂဏန်းအရေအတွက်ကို ဖော်ပြသော ဒေတာများကို အသုံးပြု၍ အရေးပါဆုံးနှင့် ကွဲထွက်နေသော ဒေတာစုများ၊ ကျပန်းရွေးချယ်ရသော ဒေတာစုများကို ရှာဖွေနိုင်သည်။
ခန့်မှန်းချက်များချမှတ်ခြင်း
Spatial data များကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းသည် ကမ္ဘာမြေအကြောင်းကို ပိုမိုနားလည်နိုင်ရန်နှင့် ကြိုတင်ခန့်မှန်းတွက်ချက်မှုများကို ပြုလုပ်ရန်အတွက် ခေတ်မီနည်းပညာများဖြင့် အကျိုးရှိရှိအသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ပိုမိုကောင်းမွန်ပြည့်စုံသောဖော်ပြမှုများ
အတိတ်အခြေအနေ၊ လက်ရှိအခြေအနေတို့ပေါ်မူတည်၍ နောင်ဖြစ်လာမည့် အနာဂတ်အတွက် မြေပုံပေါ်တွင် လှပသော၊ အပြန်အလှန်အကျိုးပြုနိုင်သော၊ သတင်းအချက်အလက်အဖြစ်ဖန်တီးနိုင်သော ဒေတာများကို ပြုလုပ်လိုက်နိုင်ပါသည်။
ပိုမိုကောင်းမွန်သောမြေပုံများဖန်တီးခြင်း
အရေးကြီးသည့် အချက်အလက်များကို ထိထိမိမိ ဖော်ပြနိုင်သော အလွယ်တကူတွေ့မြင်နိုင်သော မြေပုံများကိုဖော်ထုတ်ရန် Toolsများကို အသုံးပြုနိုင်ပါသည်။
နယ်ပယ်အသီးသီးအတွက်ဒီဇိုင်းပုံစံများ
မိမိ၏ သတင်းအချက်အလက်များကို Esri မှဒီဇိုင်းပြုလုပ်ထားသော templates ပုံစံများဖြင့် မိမိစိတ်တိုင်းကျ ကိုယ်တိုင်ဖန်တီးရေးဆွဲနိုင်ပါသည်။
ဒေတာအရင်းအမြစ်များ
ဝဘ်ဆိုက်ဝန်ဆောင်မှုများ၊ ပုံစံအမျိုးအစားပေါင်း ၃၀၀ ကျော်ပါဝင်သော အွန်လိုင်းဒေတာများ၊ ArcGIS Open Dataနှင့် Living Atlasတို့မှ ထုတ်ယူအသုံးပြုနိုင်သည်။
အောက်ခံမြေပုံများကို ထည့်သွင်းထားပြီးဖြစ်ခြင်း
Esriမှရရှိသော အောက်ခံမြေပုံများ (Many types of basemap) ပေါ်တွင် မိမိ၏ ဒေတာများကို ထည့်သွင်း၍ သတင်းအချက်အလက်များကို ဖော်ပြပေးပါသည်။
2D နှင့်3Dမြေပုံများကိုပေါင်းစပ်ဖော်ပြခြင်း
GIS 3D နည်းပညာကို အသုံးပြု၍ မိမိဒေတာကို အမြင်သစ်နှင့် ပြန်လည်ကြည့်ရှုနိုင်သည်။ 2D နှင့် 3D နည်းပညာသည် မြေပုံအသစ်ဖန်တီးရာတွင် အကောင်းဆုံးသော ပေါင်းစပ်ခြင်းဖြစ်သည်။
2D နှင့် 3D
2D နှင့် 3D နည်းပညာများဖြင့် အလုပ်လုပ်ခြင်းသည် ပိုမိုပြည့်စုံသော ရုပ်ပုံများအဖြစ် သင့်ထံယူဆောင်လာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေကြီးသည် အနိမ့်အမြင့် ပုံစံမျိုးစုံ ရှိနေသည့်အတွက် ၎င်းအနက်ပေ/ အမြင့်ပေများထည့်သွင်း၍ မြေပုံများကို ရေးဆွဲခြင်းဖြင့် သိသာထင်ရှားသော မြေပုံများကို ရရှိနိုင်ပါသည်။
3Dဖြင့် မြင်တွေ့နိုင်ခြင်း
ArcGIS Pro နှင့်အတူ 2D၊ 3Dရုပ်ပုံများဖြင့် မြေပုံအမြောက်အများကို ရေးဆွဲနိုင်ခြင်းနှင့် ပုံထုတ်ယူ ခြင်းများကို ချက်ချင်းပြုလုပ်နိုင်သည်။
3D၌ တည်းဖြတ်ခြင်း (Edit ပြုလုပ်ခြင်း)
ပုံများ ရေးဆွဲ၍လည်းကောင်း၊ 3D modelမှ ထည့်သွင်း၍ လည်းကောင်း၊ 2D ပုံစံဒေတာများကို 3Dအခြေခံသော attributeဒေတာအဖြစ်လည်းကောင်း 3Dပုံစံများ ဖန်တီးနိုင်သည်။
3D၌ခွဲခြမ်းလေ့လာခြင်း
ArcGIS Pro၌ 3D ဒေတာကို ဆန်းစစ်လေ့လာရန် toolsများကို ထောက်ပံ့ ပေးထားပါသည်။ ၎င်း 3D data analysis tools များတွင် သုံးဖက်မြင်နိုင်သော အရာဝတ္ထုများအကြား မြေမျက်နှာသွင်ပြင်များကို ခွဲခြမ်းလေ့လာခြင်း၊ မျဉ်းကြောင်းလိုင်းများကို ခွဲခြမ်းလေ့လာခြင်း နှင့် ပထဝီဝင်ဆိုင်ရာ ဆက်စပ်မှုများကို ခွဲခြမ်းလေ့လာခြင်းတို့ ပါဝင်ပါသည်။
ဆက်သွယ်ခြင်းနှင့် မျှဝေခြင်း
မိမိ၏ လုပ်ဆောင်မှုအားလုံးကို ကမ္ဘာတစ်ဝှမ်းရှိလူအများနှင့် ဆက်သွယ်မျှဝေနိုင်သည်။ လျင်မြန်ထိရောက်သော Web လုပ်ဆောင်မှုမှတစ်ဆင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ မိမိ၏မြေပုံများကို Webမှလည်းကောင်း၊ Mobile Appမှလည်းကောင်း အများပြည်သူများကို ချပြခြင်း/ မျှဝေခြင်းဖြစ်သည်။
ArcGIS Online နှင့်အတူ မျှဝေခြင်း
မိမိ၏မြေပုံများ၊ ဒေတာများ၊ မိမိကိုယ်တိုင် ပြုလုပ်ထားသော tools များနှင့် လုပ်ငန်းစဉ်များကို မိမိ၏ အဖွဲ့အစည်းသို့လည်းကောင်း၊ အများပြည်သူများ သိရှိစေရန်လည်းကောင်း ArcGIS Online မှတစ်ဆင့် မျှဝေနိုင်ပါသည်။
စံသတ်မှတ်ချက်များကိုလိုက်နာခြင်း
ArcGIS Proသည် သက်ဆိုင်ရာနယ်ပယ်တစ်ခုစီ (သို့မဟုတ်) နယ်ပယ်အားလုံးအတွက် KML, metadata, နှင့် OGC standards တို့ကဲ့သို့သော အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်သော စံသတ်မှတ်ချက်များကို ထောက်ပံ့ပေးပါသည်။ ၎င်းသတ်မှတ်ချက်များကို layers, tables, raster, 3D, Web services တို့နှင့် အချိန်နှင့်တစ်ပြေးညီ အာရုံခံနိုင်သော ကိရိယာများ (real-time sensors) များတွင် အသုံးချနိုင်ပါသည်။
Web mapနှင့်အတူ မျှဝေခြင်း
ကမ္ဘာတစ်ဝှမ်းရှိ ဒေတာများကို မိမိ၏ ဝက်ဘ်ဆိုက် (website)မှတစ်ဆင့် ခေါ်ယူအသုံးပြုနိုင်ပါသည်။ အသုံးပြုသူ user များသည် GIS applications များကို install လုပ်ရန်မလိုဘဲ ArcGIS နည်းပညာဖြင့် Story telling ကဲ့သို့ ဖော်ပြခြင်းများနှင့် Problem solving များအတွက် Web maps များတည်ဆောက်၍ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
Appsများနှင့်အတူမျှဝေခြင်း
ArcGIS Apps သည် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေရန် (sharing လုပ်ရန်) ရည်ရွယ်၍ အလွယ်တကူ ရယူအသုံးပြုနိုင်သော ပတ်ဝန်းကျင်ဖြစ်စေရန် ထောက်ပံ့ပေးပါသည်။ ၎င်းအက်ပလီကေးရှင်း (applications) များသည် မိမိလုပ်ငန်းနယ်ပယ်များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုများအတွက် အသုံးပြုနိုင်ပါသည်။ ကိုယ်ပိုင် applicationကိုလည်း ဖန်တီးတည်ဆောင်နိုင်ပါသည်။
ပုံရိပ်ဒေတာများလုပ်ဆောင်ခြင်း
ArcGIS Proသည် Drones, satellites, aviation, video, LIDAR စသော အရင်းအမြစ်များမှ ရရှိသော ပုံရိပ်ဒေတာများကို စီမံခန့်ခွဲရန်၊ ဆန်းစစ်လေ့လာရန်အတွက် အကျိုးရှိထိရောက်သော Toolများကို ထောက်ပံ့ပေးသည်။
ဓါတ်ပုံများကိုလေ့လာဆန်းစစ်ခြင်း
အရင်းအမြစ်အမျိုးမျိုးတို့မှ ရရှိသော image dataများ၏ အချက်အလက်များကို ရှာဖွေဖော်ထုတ်ရန်နှင့် နားလည်နိုင်စေရန် ArcGIS Desktopမှ မြောက်များစွာသော toolများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ image dataများမှ ဒေတာများကို ထုတ်ယူခြင်း၊ သိပ္ပံနည်းကျ ဆန်းစစ်လေ့လာခြင်း၊ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်ကို လေ့လာဆောင်ရွက်နိုင်ပါသည်။
ဓါတ်ပုံများကိုစီမံခန့်ခွဲခြင်း
ကောင်းကင်ဓါတ်ပုံ၊ လေကြောင်း၊ ဒရုန်းစနစ်များ၊ ဗီဒီယိုများ၊ အမြင့်မှရိုက်ထားသောပုံများနှင့် lidar စသည်တို့မှ ရရှိသော အမျိုးမျိုးသော ဒေတာအရင်းအမြစ်များမှ ဓါတ်ပုံများကို စီမံခန့်ခွဲနိုင်သည်။
ပုံရိပ်များအတွက်လုပ်ဆောင်မှုများ
ArcGIS Desktopသည် ကောင်းကင်ဓါတ်ပုံProcessingပိုင်းတွင် ဒေတာထပ်ခြင်းမှကာကွယ်ခြင်း၊ မလိုလားအပ်သော ပုံများကိုဖယ်၍ မိမိ သိမ်းဆည်းချင်သော ဓါတ်ပုံများကိုသာ ခွဲထုတ်၍ သိမ်းဆည်းနိုင်ခြင်းတို့ကို လုပ်ဆောင်ပေးသည်။ ထို့အပြင် မိမိUpdateပြုလုပ်လိုသော နေရာအပိုင်းကိုသာ လွယ်ကူစွာ အစားထိုး လုပ်ဆောင်နိုင်ခြင်းနှင့် Ortho-rectification, Enhancement, Filtering, Pan sharpening, Rendering ကဲ့သို့သော toolsများကိုအသုံးပြု၍ မြေပုံရေးဆွဲခြင်း နည်းစနစ်များဖြင့် ပုံရိပ်အသစ်များကိုလည်း ပြုလုပ်နိုင်ပါသည်။
ဒေတာများကိုစီမံခန့်ခွဲခြင်း
အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေသော ဒေတာများ၊ ကြီးမားသောဒေတာများ (Big Data) ပါဝင်သော အမျိုးမျိုးသော Spatial Dataများကို မှန်ကန်တိကျရန်ရည်ရွယ်၍ သိုလှောင်ရန်၊ တည်းဖြတ်ရန်၊ တွက်ချက်ရန်နှင့် စီမံနိုင်သော Toolအစု တစ်ခု ဖြစ်ပါသည်။
ဒေတာများကိုထိန်းသိမ်းထားခြင်း
ArcGIS Proသည် မိမိ၏ GIS Data လုပ်ဆောင်မှုများကို ထိန်းသိမ်းနိုင်ရန် ကူညီပေးပါသည်။ desktop computers များ၊ ArcGIS Enterprise systemsများနှင့် မိုဘိုင်းလ်ဖုန်း/ စမတ်ဖုန်းများမှာ geospatial data များကို ထိန်းသိမ်ထားရန်နှင့် စီမံခန့်ခွဲရန် Esri မှ cloud/ Geodatabaseကို အသုံးပြုနိုင်ပါသည်။
ဒေတာများeditလုပ်ခြင်း
ArcGIS Pro တွင် Geospatial dataများကို စီမံခန့်ခွဲရန် လိုအပ်သော Toolsများကို ထောက်ပံ့ပေးထားပါသည်။ ရိုးရှင်းစွာဖြင့် edit ပြုလုပ်နိုင်သော လုပ်ဆောင်မှုများ၊ မိမိလုပ်ဆောင်နေသော ကိစ္စရပ်များ/အကြောင်းအရာများပေါ်တွင် editing toolsများကို အသုံးပြု၍ တိကျကျစ်လစ်သော ဒေတာများကို တည်ဆောက်ခြင်း၊ Domain တစ်ခုချင်းအတွက်သော်လည်းကောင်း၊ domainများ အတွက်သော်လည်းကောင်း၊ အမျိုအစားခွဲ (subtypes) အတွက်သော်လည်းကောင်း ဘုံသုံးနိုင်သော Templateများကို လွယ်ကူစွာလုပ်ဆောင်နိုင်ပါသည်။
ဒေတာတွက်ချက်ခြင်း
ArcGIS Pro တွင် Spatil ဒေတာများ၏ တည်နေရာတိကျမှု၊ ကိုက်ညီမှုရှိမှုနှင့် ဒေတာအချက်အလက်များ ပြည့်စုံမှု စသည်တို့ကို စစ်ဆေးရန် တွက်ချက်ရန်အတွက် လုံလောက်သော ကိရိယာအစု (Tools set) ပါဝင်ပါသည်။