ArcGIS Indoors
ပိုမိုကောင်းမွန်သော အဆောက်အဦးအတွင်းပိုင်းစီမံခန့်ခွဲမှု

ArcGIS Indoors သည် အဆောက်အအုံစီမံခန့်ခွဲမှုအတွက် အဆောက်အဦးအတွင်းပိုင်းစီမံခန့်ခွဲနိုင်ရန် ပြီးပြည့်စုံသော မြေပုံစနစ်တစ်ခုဖြစ်သည်။ လုပ်ငန်းခွင်လည်ပတ်မှုများ၊ ပြုပြင်ထိန်းသိမ်းရေးapp( application)များနှင့် အမျိုးမျိုးသော အသုံးပြုမှုကိစ္စများကို ပံ့ပိုးရန်အတွက် ကွန်ပြူတာ ဒီဇိုင်း (CAD)၊ building information modeling (BIM) များ၊ ၊ ဆိုဒ်စကန်ဖတ်ခြင်းများ(site scans)နှင့် လုပ်ငန်းလည်ပတ်မှု ဒေတာများကို (floor-aware indoor maps)အိမ်အတွင်းပိုင်းမြေပုံများအဖြစ် စုစည်းပေးသည်။ အမှုဆောင်များ၊ ကြီးကြပ်ရေးမှူးများ၊ မိုဘိုင်းဝန်ထမ်းများနှင့် ဝန်ထမ်းများသည် ArcGIS Indoors ဖြင့် လုပ်ငန်းခွင်ပတ်ဝန်းကျင်များကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်၊ ထိန်းသိမ်းနိုင်ပြီး လည်ပတ်နိုင်ပါသည်။
မြေပုံနှင့် app များ တိကျသေချာစွာ
ဖန်တီးမျှဝေလိုက်ပါ
အိမ်အတွင်းပိုင်းမြေပုံများနှင့် app များဖြင့် သင့်အဖွဲ့အစည်းတစ်ဝှမ်းရှိ အဆောက်အဦးများ၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီလိုက်ပါ။

နေရာအကျယ်အဝန်းများအား စီမံခန့်ခွဲခြင်း
ArcGIS Indoors သည် အဖွဲ့အစည်းများအား လုပ်ငန်းခွင်လည်ပတ်မှု၊ ဆက်သွယ်ရေးနှင့် ထုတ်လုပ်မှုစွမ်းအားကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးရန်အတွက် နေရာများကို ကောင်းစွာသတ်မှတ်ခြင်း၊ ခွဲဝေသတ်မှတ်ခြင်းနှင့် တာဝန်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်စေပါသည်။
အလုပ်နေရာများပိုမိုဖန်တီးခြင်း
အဖွဲ့အစည်းများသည် အစည်းအဝေးခန်းများ၊ ပူးပေါင်းဆောင်ရွက်သည့်နေရာများ သို့မဟုတ် ရုံးခန်းဟိုတယ်များ၊ အတူတကွပူးတွဲမျှဝေအသုံးပြုရသော အလုပ်နေရာများကဲ့သို့သော ဘုံနေရာများ အသုံးပြုမှုကို ညှိနှိုင်းဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။
ဝန်ဆောင်မှုပေးပို့မှုများအား အရှိန်မြှင့်တင်လိုက်ပါ။
ဝန်ထမ်းများသည် စက်ရုံနှင့်ပတ်သက်ပြီး ပြောင်းရွှေ့သည့်အခါ ပိုင်ဆိုင်မှုများကို ရှာဖွေခြေရာခံနိုင်ရမည်၊ လုပ်ငန်းခွင်ပြဿနာများကို တည်နေရာအတိအကျဖြင့် သတင်းပို့ရန်နှင့် နောက်ဆုံးပေါ် စစ်ဆေးရေးမှတ်တမ်းများကို ထိန်းသိမ်းထားနိုင်ရမည်။
လုပ်ငန်းခွင်များအား ဘေးကင်းစွာ ပြန်လည်ဖွင့်လှစ်ခြင်း
ArcGIS Indoors သည် ဘေးကင်းလုံခြုံသော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်အတွက် ၊ လူမှုရေးအရ ခပ်ခွာခွာနေခြင်းနှင့် အကြံပြုထားသော တည်နေရာဆိုင်ရာ လမ်းညွှန်ချက်များနှင့်ကိုက်ညီမှုရှိစေရန်အတွက်အမှုဆောင်အရာရှိများအား ဆုံးဖြတ်ချက်များချရာတွင် ကူညီပေးနိုင်မှာဖြစ်သည်။

အိမ်အတွင်းပိုင်းမြေပုံများ ဖန်းတီးလိုက်ပါ
floor-aware indoor အိမ်အတွင်းပိုင်းမြေပုံများကို ဖန်တီးရန်အတွက် သင့်မှာရှိနေသည့် CAD နှင့်/သို့မဟုတ် BIM ဖိုင်များ၊ အဆောက်အဦးနှင့် ပိုင်ဆိုင်မှုအချက်အလက်အားလုံးကို ပေါင်းစပ်လိုက်ပါ။
မိမိအဖွဲ့အစည်းအတွင်းမျှဝေလိုက်ပါ
ဝန်ထမ်းများ၊ လာရောက်လည်ပတ်သူများ၊ အထောက်အကူပြုဝန်ထမ်း၊ အိုင်တီဝန်ထမ်းများနှင့် အခြားအရာများအပါအဝင် သင့်အဖွဲ့အစည်းအတွင်းရှိ မည်သူမဆို အသုံးပြုရန်အတွက် 2D နှင့် 3D အတွင်းပိုင်းမြေပုံများကို မျှဝေပါ။
လုပ်သားအင်အားကို မြှင့်တင်ပါ။
ပိုင်ဆိုင်မှုများနှင့် အရာဝတ္ထုများကို နေရာချရန်၊ အလုပ်ခွင်နေရာရှာဖွေရန်နှင့်ကြိုတင်စာရင်းသွင်းရန်၊ အဆောက်အဦးများကို လမ်းညွှန်ရန်၊ အစီရင်ခံစာ ဝန်ဆောင်မှုပေးရန်အတွက် မိမိဝန်ထမ်းများအား အိမ်အတွင်းပိုင်းမြေပုံများ (indoor maps)၊ အက်ပ်များ(indoor apps )နှင့် dashboard များဖြင့် စွမ်းရည်မြှင့်တင် နိုင်စေသည်။
လက်တွေ့အသုံးချအောင်မြင်မှုများ
Raleigh Water
Raleigh Water သည် ၎င်းတို့၏အတွင်းပိုင်းနေရာများ၏ 2D နှင့် 3D များပုံဖော်ဖန်တီးရန်အတွက် ArcGIS Indoors ကိုအသုံးပြုကာ ဒေါင်လိုက်ပိုက်လိုင်းပိုင်ဆိုင်မှုစီမံခန့်ခွဲမှုပရိုဂရမ်ကို လုပ်ဆောင်ပေးသည်။