ArcGIS Urban
—
Smart city planning
မြို့ပြအစီစဉ်ရေးဆွဲခြင်းနှင့် ဒီဇိုင်းဖန်တီးခြင်း
အိမ်ယာရရှိနိုင်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသောရည်မှန်းချက်များနှင့်စီးပွားရေးအပြောင်းအလဲများကဲ့သို့သော အရာများသည် မြို့ကြီးများအားအနာဂတ်အတွက်ပိုမိုကောင်းမွန်သောအစီအစဉ်ရေးဆွဲရန်ဆွဲဆောင်သည်။ ArcGIS Urban သည်စီမံကိန်းရေးဆွဲသူများနှင့် ဒီဇိုင်းပညာရှင်များအား ၀က်ဘ်အခြေပြု 3D အက်ပလီကေးရှင်းများနှင့် ပူးပေါင်း၍ မြင်ကွင်းစီစဉ်ခြင်း(scenario planning) နှင့်သက်ရောက်မှုအကဲဖြတ်ခြင်း (impact assessment) ကိုပြုလုပ်နိုင်သည်။ ArcGIS Urban သည်ဒေသခံနှင့်သက်ဆိုင်သောသူများနှင့်ပူးပေါင်းရန် အားပေးခြင်း၊ ရေရှည်တည်တံ့သောအနာဂတ်အတွက် အဖွဲ့များအားကူညီခြင်းအားဖြင့် မြို့ပြနှင့်ဒေသဆိုင်ရာ စီမံကိန်းကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းအား ကူညီပေးပါသည်။
Smart city planning made simple
Encourage collaboration with stakeholders to create an inclusive and more sustainable future for your community.
မြို့တစ်မြို့အတိုင်းအတာဖြင့် စီမံကိန်းများကိုမြင်နိုင်ခြင်း
—
သင့်မြို့၏ digital twin ပုံစံဖြင့် စီမံကိန်းများကို ဖန်တီးခြင်း၊ ခြေရာခံခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ လုပ် ဆောင်နိုင်ပါသည်။စီမံကိန်း ပြန်လည်သုံးသပ်ခြင်း ဖြစ်စဉ်မှ အဆောက်အဦးအချက်အလက်မော်ဒယ် (BIM) နှင့် အခြားသော သုံးဖက်မြင်အချက်အလက်များ (3D information) ထည့်သွင်းခြင်းသည် စီမံကိန်းရေးဆွဲသူ များနှင့် developer များကို မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလမ်းညွှန်ချက်များနှင့် အဆောက်အဦးဆိုင်ရာ အက်ပလီကေးရှင်းများအတွက် အချိန်ကုန်သက်သာခြင်းနှင့် ခြုံငုံမြင်နိုင်စွမ်းများကိုပေးပါသည်။
3D မြင်ကွင်းများအဖြစ်ဒီဇိုင်းရေးဆွဲခြင်း
—
ArcGIS Urban သည်စီမံကိန်းရေးဆွဲစီစဉ်သူများ၏ စိတ်ကူးအတိုင်း တည်ဆောက်ထားသော အပြန်အလှန်အ ကျိုးသက်ရောက်မှုရှိသည့် 3D environment နှင့်အတူ ရိုးရှင်းသော ဇုန်ခွဲခြားသတ်မှတ်ခြင်းအစီအစဉ်များ၊ ဖန်တီးမှုများ၊ ပြင်ဆင်တည်းဖြတ်မှုများနှင့် မြေယာအသုံးပြုခြင်းအတွက် စီမံခန့်ခွဲမှုများကို လုပ်ဆောင်နိုင်ပါ သည်။ မိမိ၏လေ့လာမှုဧရိယာ (study area) အတွင်းရှိ ဇုန်ခွဲခြားခြင်းနှင့် မြေအသုံးပြုမှုပြောင်းလဲခြင်းများ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ခြင်းအားဖြင့် အဖိုးတန်အရင်းအမြစ်များကို ဟန်ချက်ညီညီထိန်းညှိနေစဉ် အချိန်နှင့်ငွေကုန်သက်သာစေရန်သည် အဓိကသော့ချက်တစ်ခု ဖြစ်စေပါသည်။ အဆိုပြုထားသော မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကြောင့် ထိခိုက်မည့်ဒေသများကို ပုံဖော်ကြည့်နိုင်စေရန်အတွက် အသေးစိတ်ညွှန်ကိန်းများနှင့် ခွဲခြမ်းစိတ်ဖြာမှုများမှ တဆင့် ArcGIS Urban သည် On-the-fly မြင်ကွင်းများကို ဖန်တီးပေးနိုင်ပါသည်။
ပြောင်းလဲမှုကိုညွှန်ပြ၍ အကျိုးသက်ရောက်မှုကိုတိုင်းတာခြင်း
—
လူဦးရေပြောင်းလဲမှု၊ စီးပွားရေးတိုးတက်မှုနှင့်၊ အခြေခိုင်မာတိကျမှုရှိသော အစီအစဉ်အတွက် လက်ရှိ ဇုန်ခွဲခြားသတ်မှတ်ခြင်းကုဒ်များကဲ့သို့သော အချက်အလက်များကိုအခြေခံပြီး မြေယာအသုံးပြုမှုအခြေအနေ များကိုထည့်သွင်းနိုင်ပါသည်။ ArcGIS Urban အား ကျယ်ပြန့်သော စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် ထည့်သွင်းခြင်းအားဖြင့် စီမံကိန်းရေးဆွဲသူများသည် အနာဂတ်လိုအပ်ချက်နှင့် ကိုက်ညီစေရန် မြေယာအသုံးပြုမှုပြောင်းလဲမှုများကို ပိုမိုလွယ်ကူစွာအကဲဖြတ်နိုင်သည်။
ဒီဂျစ်တယ်နည်းပညာဖြင့်ထိတွေ့စေခြင်း
—
နားလည်ရလွယ်ကူစေသော ပုံရိပ်များနှင့် မက်ထရစ်များ(metrics)ကို ပံ့ပိုးပေးခြင်းအားဖြင့် အဆိုပြုချက်များကို ရှင်းလင်းစေနိုင်ပြီး ဝယ်လိုအားတိုးတက်စေပါသည်။ အများပြည်သူနှင့်ထိတွေ့ဆက်ဆံမှုတိုးပွားစေသည့် အွန်လိုင်းမှတ်ချက်များနှင့် စစ်တမ်းများကို ထည့်သွင်းခြင်းအားဖြင့် သုံးစွဲသူအသစ်များနှင့် အဓိကကျသောလူဦးရေဆိုင်ရာ အုပ်စုများဝင်ရောက်ခွင့်ကို တိုးမြှင့်စေနိုင်ပါသည်။
How ArcGIS Urban works
ဒီဂျစ်တယ်ပုံတူတည်ဆောက်ခြင်း
လက်ရှိ (သို့မဟုတ်) အနာဂတ်ဖွံ့ဖြိုးရေးကြိုးပမ်းမှုများကို ဘက်စုံကြည့်ရှုနိုင်ရန်အတွက် 3D အဆောက်အဦးများ၊ အခွင့်အလမ်းနှင့် အခြားမြို့တစ်မြို့၏ အခြေခံအဆောက်အအုံများကို ပုံတူပွားကြည့်နိုင်ပါသည်။

ဒီဂျစ်တယ်ဖြင့်အစီအစဉ်ရေးဆွဲခြင်းနှင့် အဆောက်အဦးလုပ်ငန်းစဉ်များကိုစတင်ခြင်း
မြေအသုံးချမှုအစီအစဉ်များကိုဖန်တီးရန်၊ ဇုန်သတ်မှတ်ချက်အဆင့်မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက်များကို အကဲဖြတ်ရန်အတွက် ဖြစ်နိုင်ခြေရှိသောလုပ်ငန်းစဉ်ဖြင့် မူဝါဒချမှတ်ခြင်းကို အရှိန်မြှင့်တင်နိုင်ပါသည်။
ရည်မှန်းချက်များကိုစောင့်ကြည့်ခြင်းနှင့်အထောက်အပံ့ပေးခြင်း
ရေရှည်မူဝါဒများကို ဟန်ချက်ညီညီထိန်းညှိနေစဉ်ကာလအတွင်း ကာလတိုစီမံကိန်းများ၏ မသေချာမရေရာမှု များကို လမ်းညွှန်ပေးနိုင်ရန်အတွက် အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများနှင့်အတူ ဆုံးဖြတ်ချက်ချခြင်းများကို ထောက်ပံ့ပေးပါသည်။