ArcGIS StoryMaps

ကျိုးကြောင်းဆီလျော်သော မှတ်တမ်းမှတ်ရာများကို တည်နေရာမြေပုံများနှင့်တကွ ဖော်ညွှန်းပြသခြင်း

စိတ်ကြိုက်ဖန်းတီးထားသော မြေပုံများဖြင့် ဒီဂျစ်တယ် အကြောင်းအရာများအဖြစ် ပြောင်းလဲခြင်း

အဖြစ်အပျက်များ၏ တည်နေရာများ၊ အကြောင်းအရာများ နှင့် ပြောင်းလဲလာမည့် အခြေအနေများကို ရှာဖွေဖော်ထုတ်ခြင်း

ArcGIS StoryMapsသည် သတင်းအချက်အလက်များနှင့် စိတ်ဝင်စားဖွယ် အကြောင်းအရာများ ပါဝင်သော စိတ်ကြိုက်ဖန်တီးထားသည့် မြေပုံများဖြင့် အမှတ်ရဖွယ် storyများကို ဖော်ပြပေးသည်။ 

 

Storyတစ်ခုသည် ပြောင်းလဲမှုများကို အကျိုးသက်ရောက်စေသည်၊ ထင်မြင်ယူဆချက်များကို လွှမ်းမိုးနိုင်သည်၊ သတိပြုမိရန် ဖန်းတီးနိုင်သည်။ မြေပုံများသည် story အကြောင်းအရာ ဖော်ပြချက်များ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ArcGIS StoryMaps သည် မိမိ ဖော်ပြသည့် ဇာတ်ကြောင်းကို ပိုမိုအားကောင်းသည့် နေရာတစ်ခုအဖြစ် ပေးစွမ်းသည်၊ spatial relationshipsကို ပုံဖော်ပြသပေးပြီး၊ မိမိ၏ စိတ်ကူးများအတွက် အမြင်အာရုံဆွဲဆောင်မှုနှင့် ယုံကြည်မှုကို ပေါင်းထည့်ပေးသည်။

 

စိတ်ကြိုက် ပုံဖော် ပြသနိုင်မည့် မြေပုံများကို ဖန်တီးရန် ရိုးရှင်းလှသော မြေပုံပြုလုပ်ပုံကို အသုံးပြုနိုင်သည်။ Publicထံသို့ အလွယ်တကူ ချပြနိုင်သည့် အကြောင်းအရာများကို ဖန်တီးရန် ရှိနှင့်ပြီးသော ArcGIS web maps နှင့် web scenesပေါ်တွင် စာသားများ၊ ရုပ်ပုံများ နှင့် ဗီဒီယိုများကိုလည်း ထည့်သွင်းဖော်ပြနိုင်သည်။ 

တန်ဖိုးရှိသည့် မြေပုံများဖြင့် Storytellingဖန်တီးခြင်း

Empower every storyteller

Storyteller user typeအသစ်ဖြင့် ArcGIS StoryMapsကို အသုံးပြု၍ လှပသေသပ်သော ဒီဂျစ်တယ်နည်းပညာပုံစံ ဇာတ်ကြောင်းများကို အဖွဲ့အစည်းအတွင်းရှိ storytellerများကို ဖန်တီးခွင့်ပေးသည်။ အဆိုပါ user type သည် မိမိ အဖွဲ့အစည်းမှ ArcGIS content များကို မြှုပ်နှံ အသုံးပြုခြင်းဖြင့် (သို့မဟုတ်) ကိုယ်ပိုင်မြေပုံများကို ဖန်တီးခြင်းဖြင့် အများနှင့် မတူသည့် ကိုယ်ပိုင် stories များကို (ဇာတ်လမ်းများ) ပြုလုပ်ချင်သူများအတွက် အရေးပါသော အမျိုးအစားဖြစ်သည်။  ဈေးကွက်ရှာဖွေခြင်း၊ ပေါင်းသင်းဆက်ဆံရေး၊ အများပြည်သူနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ contentဖန်တီးခြင်း စသည့်အခန်းကဏ္ဍများရှိ ပုဂ္ဂိုလ်များသည် Storyteller user typeကို အသုံးပြုကြသည်။ Creator (သို့မဟုတ်) GIS Professional user type ရှိနှင့်ပြီးသော အဖွဲ့အစည်းများအတွက် အဆိုပါ Storyteller user typeကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။ 

Simple mapmaking

story builderအတွင်း၌ပင် ပြုလုပ်နိုင်သော express mapsသည် အနုပညာဆန်ပြီး သတင်းအချက်အလက်များပါသော မြေပုံများကို ဖန်တီးနိုင်သည့် စွမ်းအင်တစ်ခုဖြစ်သည်။ မိနစ်အနည်းငယ်အတွင်း မိမိ ကိုယ်ပိုင် ဒေတာအချက်အလက်များ ပါရှိသော မြေပုံများကို ဒီဇိုင်းရေးဆွဲနိုင်ပြီး မိမိ story ကိုပိုမို ကောင်းမွန်စေရန် pointများ, pop-upများနှင့် ဦးတည်ရာ လမ်းကြောင်းများကို ထည့်သွင်းနိုင်သည်။ ရှိနှင့်ပြီးသော မိမိ၏ ArcGIS web maps နှင့် web scenes များကိုလည်း အသုံးပြုနိုင်သကဲ့သို့၊ လူဦးရေ ဒေတာအချက်အလက်နှင့် နေထိုင်မှုပုံစံ ဒေတာများကို အသုံးပြု၍ မြေပုံအသစ်တစ်ခုကို ဖန်တီးနိုင်သည်၊ (သို့မဟုတ်) ArcGIS Living Atlas of the Worldရှိ တိကျသေချာမှုရှိပြီး အသင့်အသုံးပြုနိုင်သော မြေပုံအစုအဝေးများမှလည်း ရွေးချယ် အသုံးပြုနိုင်ပါသည်။ 

express mapsနှင့်ပတ်သက်၍လေ့လာရန်→→

Digital storytelling on your terms

ဓာတ်ပုံ, ဗီဒီယိုနှင့် အခြားသော လုပ်ဆောင်ချက်များပါဝင်သော မိမိ၏ content ကို အလွယ်တကူ ထုတ်ဖော် မျှဝေနိုင်သည့် ဆွဲဆောင်မှုရှိပြီး၊ အကျိုးပြုသော ဇာတ်ကြောင်း/ အကြောင်းအရာတခုအဖြစ် ဖန်တီးရန် ပြုပြင်လွယ်၊ အသုံးပြုရလွယ်ကူသော builderကို အသုံးပြုလိုက်ပါ။ မိမိ ပြောပြချင်သည့် story အမျိုးအစား ပုံစံအတိုင်း ဖော်ညွှန်းပြသနိုင်ပြီး အဆိုပါ story နှင့် ထိတွေ့သူ အားလုံးအပေါ် လွှမ်းမိုးမှုရယူနိုင်သည်။

 

 

Incorporate stylish, modern designs

မိမိ story နှင့် mapsများကို click လုပ်ရုံဖြင့် ဆွဲဆောင်မှုရှိသော ခံစားချက်အဖြစ် ပြောင်းလဲလိုက်ပါ။ မတူညီသည့် design themes အမျိုးမျိုးအနက်မှ မိမိ ပြောပြချင်သည့် ဇာတ်လမ်း အကြောင်းအရာအလိုက် အကောင်းဆုံးဖြစ်မည့် themeကို ရွေးချယ် အသုံးပြုနိုင်သည်။  မိမိ တင်ဆက်ပြသသည့် storytelling skillsသည် ပရော်ဖက်ရှင်နယ်ဆန်သော content တစ်ခုအနေဖြင့် ကြည့်ရှုသူများ၏ အမြင်အာရုံကို လွှမ်းမိုးနေလိမ့်မည်။ 

လူကြိုက်အများဆုံးသော

storiesအချို့ကို လေ့လာနိုင်ပါသည်။

မိမိ၏ စိတ်ကူး အကြံဉာဏ်များကို ရှာဖွေပါ။ကျွန်ုပ်တို့ရွေးချယ် ဖော်ပြထားသော digital story mapsများကို ကြည့်ရှုပေးပါ။

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM