ArcGIS Pro သည်အသုံးပြုသူများကြား ဂုဏ်သတင်းကောင်းများနှင့် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိသော feature-packed ဆော့ဖ်ဝဲလ် အမျိုးအစား single desktop GIS application ဖြစ်သည်။ ArcGIS Proသည် data visualization၊ advanced analysis နှင့် 2D, 3D, နှင့် 4D တို့တွင် အသုံးချနိုင်သော တရားဝင် ဒေတာများကိုလည်း ထောက်ပံ့ပေးပါသည်။ ArcGIS Online နှင့် ArcGIS Enterprise ကဲ့သို့သော ArcGIS products များအတွက် ဒေတာများမျှဝေခြင်းကို ထောက်ပံ့ပေးသည်။ Web GIS ပေါ်ရှိ platformsများတွင် users များကို အသုံးပြုစေသည်။ ယခုအခါ ArcGIS Pro၌ အကျိုးရှိထိရောက်သော tools များနှင့် စွမ်းဆောင်ရည်များကိုလည်း ရှာဖွေအသုံးပြုနိုင်ပါပြီ။
ဒေတာများကို မြေပုံများနှင် သရုပ်ပုံဖော် ပြသသော သတင်းအချက်အလက်များ အသွင်သို့ ကူပြောင်းခြင်း
—
လှပသေသပ် Smartကျသော မြေပုံများထုတ်လုပ်ရန် နယ်ပယ်အသီးသီးမှ ဒေတာများကို ပေါင်းစပ်သည်။ အမှတ် သင်္ကေတများ သတ်မှတ်ရန်၊ ကြိုတင်ခန့်မှန်းချက်များ တွက်ထုတ်ရန် နှင့် မေးခွန်းများစွာအတွက် အဖြေထုတ်ပေးရန် 2D, 3D နှင့် 4D ဒေတာများပေါ်တွင် သိပ္ပံနည်းကျ ခွဲခြမ်းလေ့လာဆန်းစစ်နိုင်သော Toolsများကို အသုံးပြုသည်။ မိမိ အသင်းအဖွဲ့အစည်း၊ အွန်းလိုင်းနှင့် mobile appsများအတွင်း ပရောဂျက်များနှင့် သတင်းအချက်အလက်များကိုလည်း လျင်မြန်စွာ မျှဝေပေးသည်။
ဒေတာသိသာထင်ရှားမှု
2D, 3Dများပေါ်တွင် ဒေတာများကို တစ်ပြိုင်နက် ဖော်ပြပေးပါသည်။ ပရောဂျက်တစ်ခုကို အခြေခံသော လုပ်ဆောင်ချက် အဆင့်ဆင့်တိုင်းပေါ်တွင် Maps နှင့် Layouts အမျိုးမျိုးကို စီမံဆောင်ရွက်ပေးပါသည်။
ဒေတာများကို ပြုပြင်ခြင်းနှင့် ခွဲခြမ်းလေ့လာခြင်း
စွမ်းဆောင်ရည်မြန်ဆန်သော Tools များဖြင့် ဒေတာများကို လွယ်ကူစွာ အသုံးပြုနိုင်သည်။ 2D ၊ 3D လေ့လာဆန်းစစ်မှုများဖြင့် အပြန်အလှန် အကျိုးပြုစေသည်။ ModelBuilder (သို့မဟုတ်) Pythonဖြင့်လည်း အလိုအလျောက် အလုပ်လုပ်နိုင်ပါသည်။
ကမ္ဘာတစ်ဝှမ်းသို့ မိမိလုပ်ဆောင်ချက်များကိုမျှဝေပါ
မြေပုံများနှင့် လေ့လာဆန်းစစ်မှု ရလဒ်များကို web services (သို့မဟုတ်) အရည်အသွေးမြင့်မားသော ရုပ်ပုံထုတ်လုပ်ခြင်းများဖြင့် Publishသို့ မျှဝေနိုင်ပါသည်။ မြေပုံများနှင့် ဒေတာများကို ArcGIS Online, ArcGIS Enterprise များပေါ်တွင် မျှဝေနိုင်ပြီး၊ packageတစ်ခုအနေဖြင့်လည်း မျှဝေနိုင်ပါသည်။