ArcGIS Insights

မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် တည်နေရာ လေ့လာဆန်းစစ်မှု Software

arcgis-insights-banner-fg

ArcGIS Insightsသည် open data science နှင့် business intelligence workflowsများဖြင့် တည်နေရာကို အဓိကထား လေ့လာဆန်းစစ်သော analysis software ဖြစ်သည်။ မိမိကိုယ်တိုင် မသိနိုင်သည့် မေးခွန်းများကို အဖြေထုတ်ပေးသည်၊ ဒေတာများကို အပြည့်အဝ ဆန်းစစ်လေ့လာနိုင်သည်၊ insights အသစ်များကို ဖော်ထုတ်ပေးသည်။ ဒေတာများကို တိုက်ရိုက်ချိတ်ဆက်ရန်၊ ပိုမို အဆင့်မြင့်သော လေ့လာဆန်းစစ်ချက်များကို လုပ်ဆောင်ရန်နှင့် third-party systemsသို့ ရလာဒ်များ ယူဆောင်ရန် ဌာနအသီးသီးရှိ ကျွမ်းကျင်မှု အဆင့်အလိုက် လေ့လာဆန်းစစ်ခြင်းများကို ဆောင်ရွက်ပေးသည်။

စွမ်းအားမြင့်လေ့လာဆန်းစစ်မှုများသည် ရိုးရှင်းမှုကို ပြုလုပ်ပေးသည်

ဒေတာများကို စူးစမ်းရှာဖွေ၍ မိမိ၏ လုပ်ဆောင်ချက်များအလိုက် spatial, statistical, predictive နှင့် လေ့လာဆန်းစစ်မှုများကို linkဖြင့် ချိတ်ဆက် ဆက်သွယ်ခြင်းတို့ ကဲ့သို့သော အဆင့်မြင့် ဝေဖန်ဆန်းစစ်မှုများကို လုပ်ဆောင်နိုင်သည်။ ရှုထောင့် အမျိုးမျိုးမှ ရရှိသော အမြင်သစ်များဖြင့် လေ့လာဆန်းစစ်ခြင်းများနှင့်အတူ ဆုံးဖြတ်ချက်များကို ဖော်ထုတ်နိုင်သည်။

ဒေတာအသုံးချခြင်း
ဒေတာအသုံးချခြင်း
အကန့်အသတ်မရှိမြေပုံများ
အကန့်အသတ်မရှိမြေပုံများ
Context အတွင်းသို့ဒေတာများထားရှိခြင်း
Context အတွင်းသို့ဒေတာများထားရှိခြင်း

အရင်းအမြစ်များမှ ဒေတာများအား ခွဲခြမ်းစိတ်ဖြာခြင်း

အလုပ်တစ်ခုပြီးမြောက်ရန်အတွက် tools မြောက်များစွာကို အသုံးပြုနေရသူများအတွက် ဖြစ်သည်။ တည်နေရာနှင့်စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို အတူတကွပေါင်းစပ်ပေးနိုင်သည့် ခွဲခြမ်းစိတ်ဖြာမှုများမှ ဘက်ပေါင်းစုံမှ သေးစိတ်သိမြင်နိုင်သော အကျိုးကျေးဇူးများကို ရယူနိုင်သည်။ ArcGIS သို့မဟုတ် database များ၊ ဇယား (spreadsheet) များ ၊ ArcGIS Living Atlas မှ ဒေတာများ နှင့် တိုက်ရိုက်ချိတ်ဆက်နိုင်သည်။

တည်နေရာတန်ဖိုးများကို တိကျစွာဖြင့် မြေပုံရေးဆွဲခြင်းနှင့် လေ့လာဆန်းစစ်ခြင်း

လိပ်စာများ၊ ကိုသြဒီနိတ် (coordinate)များ၊ Line များ သို့မဟုတ် နယ်နိမိတ်များ(boundarie) များအား တိကျစွာဖြင့် မြေပုံရေးဆွဲနိုင်သည်။ တစ်ချိန်တည်းတွင် အကန့်အသတ်မရှိ မြေပုံအလွှာ (map layer) များစွာနှင့်အလုပ်လုပ်နိုင်သည်။  Spatial စုစည်းခြင်း၊ အနီးဆုံး နေရာကိုရှာဖွေခြင်းနှင့် မောင်းနှင်ချိန် ခန့်မှန်းခြင်း စသည်တို့ကဲ့သို့ အဆင့်မြင့်သော တည်နေရာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနည်းပညာများကို click အနည်းငယ်နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်သည်။

Esri၏တည်နေရာဒေတာများနှင့်အတူ ဒေတာကွာဟချက်များကို နီးစပ်စေခြင်း

Esri ၏လူ ဦးရေဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များကဲ့သို့သော variable များစွာနှင့် မိမိဒေတာများကို အပြင်လောက ကဲ့သို့ မျှဝေအသုံးပြုနိုင်သည်။ နိုင်ငံပေါင်း ၁၃၀ ကျော်အတွက် အသင့်အသုံးပြုနိုင်သည့် ပထဝီဆိုင်ရာအချက်အလက်များ စုဆောင်းနေသည့် ကမ္ဘာ့အကြီးဆုံး ပထဝီဆိုင်ရာအချက်အလက် content များထဲတွင် ပါဝင်နိုင်ပြီး မိမိဒေသတွင်း scale ဖြင့် ခွဲခြမ်းစိတ်ဖြာမှုများကို လုပ်ဆောင်နိုင်သည်။

မေးခွန်းများအတွက်လေ့လာဆန်းစစ်ချက်များ
မေးခွန်းများအတွက်လေ့လာဆန်းစစ်ချက်များ
အသေးစိတ်ကျသောရလဒ်များကိုပို့ဆောင်ခြင်း
အသေးစိတ်ကျသောရလဒ်များကိုပို့ဆောင်ခြင်း

မိမိတွင်ရှိသောမသိနိုင်သောမေးခွန်းများအတွက်အဖြေများ

ရှုပ်ထွေးသော dataset များကို စီမံခန့်ခွဲနိုင်သည့် မေးခွန်းများအဖြစ် ပြောင်းလဲပေးသည်။ ပုံစံများ (pattern)၊ ခေတ်ရေစီးကြောင်း (trend)၊ အချင်းချင်း ချိတ်ဆက်မှုများ နှင့် ဆက်နွယ်မှုများကို အလျင်အမြန်ဖော်ထုတ်ရန် ရှာဖွေမှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနည်းစနစ်များကို အသုံးပြုနိုင်သည်။  ထပ်တိုး လေ့လာခွဲခြမ်းစိတ်ဖြာမှုများကို လုပ်ဆောင်နိုင်ရန် ပထဝီဝင်ဆိုင်ရာ (Spatial) ၊ စာရင်းအင်းဆိုင်ရာ (statistical) အချက်အလက်များနှင့် ချိတ်ဆက်၍ ခွဲခြမ်းလေ့လာဆန်းစစ်ခြင်းများ လုပ်ဆောင်နိုင်သော  အဆင့်မြင့် analytics များကို အသုံးပြုနိုင်သည်။

visualization toolsများကိုလေ့လာရန်→

မိမိ၏ တွေ့ရှိချက်များကို ယုံကြည်မှုရှိရှိဖြင့် မျှဝေခြင်း

မိမိ၏ လေ့လာတွေ့ရှိချက်များကို ရှင်းရှင်းလင်းလင်းဖော်ပြရန်နှင့် လုပ်ဆောင်ချက်များကို ဖော်ပြရန် စာသားများ(text) ၊ link များ၊ ရုပ်ပုံ(image)များ၊ ဗွီဒီယိုများကို report များ ပြုလုပ်နိုင်သည်။ ထပ်ခါတလဲလဲပြုလုပ်ရသည့် (process) များကို  auto-record analysis workflow များတည်ဆောက်ပြီး မိမိ တွေ့ရှိချက်များအတိုင်း ယုံကြည်စိတ်ချစွာမျှဝေနိုင်သည်။ မိမိအဖွဲ့အစည်းအတွင်း နှင့် ပြင်ပမှသက်ဆိုင်သူများသို့လည်း report များဖြင့် အသိပေးမျှဝေနိုင်သည်။

 

live reportလုပ်ဆောင်ပုံများ→

ArcGIS Insightsလုပ်ဆောင်ပုံများ

၁။ အချက်အလက်များ ထည့်သွင်းနိုင်ခြင်း

မိမိ၏ ဒေတာများကို တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်သည်။ drag-and-drop ပြုလုပ်ခြင်းဖြင့် ဒေတာအချက်အလက်များကို စာမျက်နှာ (page)ပေါ် သို့တင်ပေးသည်။ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သတင်းအချက်အလက်ရှာဖွေခြင်းတို့အတွက် ဖြစ်နိုင်ချေအရှိဆုံးသော ဒေတာအချက်အလက်များကို မြေပုံများ၊ chart များ၊ ဇယား(table)များအဖြစ် မြင်တွေ့နိုင်သည်။

၂။ အချက်အလက်များထဲမှ အဖြေများကို ရှာဖွေခြင်း

၃။ လုပ်ဆောင်ပုံ လုပ်ငန်းစဉ်များအား မျှဝေခြင်း

Case Studiesများ

မိမိတို့၏ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများအတွက် industriesအမျိုးမျိုးရှိ အဖွဲ့အစည်းများ၏ ArcGIS Insights အသုံးပြုပုံများကို လေ့လာနိုင်ပါသည်။

ArcGIS Insightsနှင့် စတင်ခြင်း

ArcGIS Insights သည် မိမိတို့အတွက် အဆင်ပြေ သင့်လျော်မည့် ရွေးချယ်မှုများကို  ဆောင်ကျဉ်းပေးမည့် ArcGIS platform၏ စွမ်းဆောင်ရည်များကို ထည့်သွင်းအသုံးပြုထားသည်။ ထို့ကြောင့် မိမိတို့ လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသည့် ကမ်းလှမ်းချက်များကို ရွေးချယ်နိုင်သည်။ 

SaaS ကိုအကျိုးရှိရှိအသုံးချခြင်း

မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်သည်။ မည်သည့်အချိန်၊ နေရာ၊ device များပေါ်တွင်မဆို up-to-date နည်းပညာများဖြင့် အသုံးပြုနိုင်သည်။ 

On-premises ကိုအကျိုးရှိရှိအသုံးချခြင်း

firewall (သို့) infrastructureပေါ်တွင် မိမိ အဖွဲ့အစည်းအတွက် ArcGIS Insightsကို ရယူအသုံးပြုနိုင်သည်။

Desktopပေါ်တွင်ဖြန့်ကျက်အသုံးပြုခြင်း

မိမိ၏ Windows (သို့)  Mac ပေါ်တွင် Insights ကို ထည့်သွင်းအသုံးပြုခြင်းဖြင့် SaaS (သို့) on-premise လုပ်ဆောင်ချက်များကို ပြည့်စုံစေသည်။

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM