
ArcGIS Image
—
ရုပ်ပုံစွမ်းအားကိုအပြည့်အဝအသုံးချခြင်း
ArcGIS Imageသည် ပုံရိပ် ရုပ်ပုံများကို မိမိ၏ လုပ်ငန်းလုပ်ဆောင်ချက်များအတွက် လျင်မြန်စွာပေါင်းစပ်ပေးသော product အစုတစ်ခုဖြစ်သည်။ ArcGIS Imageသည် အဖွဲ့အစည်းများအတွက် desktop, on premises, (သို့) cloudမှ imagery နှင့် rasterစုစည်းမှုများကို လက်ခံရန်၊ ဝေဖန်ဆန်းစစ်လေ့လာရန်နှင့် ထုတ်လွှင့်တင်ပြရန် လုပ်ဆောင်ပေးသည်။ လုပ်ငန်းခွင်၊ မြို့ပြ၊ ပြည်နယ်နှင့် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာများ၌ ပုံရိပ်လေ့လာဆန်းစစ်ခြင်းများနှင့် raster ခွဲခြမ်းစိတ်ဖြာခြင်းများကို လုပ်ဆောင်ပေးသည်။ classification, multidimensional, နှင့် advanced artificial intelligence (AI) လုပ်ငန်းစဉ်များ ပါဝင်သော လေ့လာဆန်းစစ်ခြင်းများကို လုပ်ဆောင်ခြင်းဖြင့် အသေးစိတ် ချိတ်ဆက်မှုများကို ထုတ်နှုတ်ပေးသည်။ မြန်မြန်ဆန်ဆန်ရောက်ရှိရန်နှင့် အကျိုးရှိသော ဆုံးဖြတ်ချက်များရရှိရန်အတွက် မိမိ၏ အသေးစိတ်ချိတ်ဆက်မှုများမှ တစ်ဆင့် အပြန်အလှန် ဆက်နွယ်လျက်ရှိသော apps, dashboards နှင့် reportများအနေဖြင့် သက်ဆိုင်ရာ အဖွဲ့ဝင်များထံသို့ မျှဝေပေးသည်။
မြင့်မားသော imagery dataတန်ဖိုးများ
—
ArcGIS Imageဖြင့် ပိုမိုကောင်းမွန်သော မူဝါဒချမှတ်ခြင်းများနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အထောက်အကူပြုရန် ကြီးမားသော ရုပ်ပုံစုစည်းမှုများဖြင့် ရှာဖွေထိန်းချုပ်ပါ။
ArcGIS Image၏ လုပ်ဆောင်နိုင်စွမ်းများ

on premisesနှင့် cloudပေါ်တွင် ရုပ်ပုံများလွှင့်တင်ခြင်
ရုပ်ပုံနှင့် rasterစုစည်းမှုများကို Upload နှင့် shareပြုလုပ်ခြင်းဖြင့် အသုံးပြုရန် လိုအပ်သူများက ဝင်ရောက်ကြည့်ရှုနိုင်သည်။ ArcGIS Imageသည် formats နှင့် projections အမျိုးမျိုးတို့တွင် ရုပ်ပုံ တစ်ခုစီသာမက ကြီးမားသော စုစည်းရွေးချယ်ထားမှုများကိုပါ ထောက်ပံ့ပေးသည်။ လိုအပ်သော ရုပ်ပုံများကို အလွယ်တကူ ရှာဖွေနိုင်ရန် ရုပ်ပုံများကို ရှင်းလင်းတင်ပြချက်များဖြင့် Tagတွဲတင်ပြနိုင်သည်။

အသင့်အသုံးပြုနိုင်သော image servicesများကိုဖန်တီးခြင်း
Intelligent tiled နှင့် dynamic image လုပ်ဆောင်မှုများသည် web နှင့် desktop applicationsများတွင် လေ့လာအကဲဖြတ်နိုင်စွမ်းကို pixelအခြေခံ၍ လျင်မြန်စွာဖြင့် ပံ့ပိုးပေးပါသည်။ low-bandwidth networks ပေါ်တွင်လည်း လက်ခံရယူ အသုံးပြုနိုင်ပါသည်။ နယ်မြေတစ်ခုလုံးအတွက် orthomosaics, satellite scenes, elevation နှင့် categorical dataများကို ထုတ်လွှင့်ပေးသည်။

imagery အမျိုးအစားများစွာမှ အသေးစိတ်ထုတ်နှုတ်ခြင်း
Landsat, Sentinel, and National Agriculture Imagery Program အစရှိသော ရုပ်ပုံများအပါအဝင် မိမိ၏ ရုပ်ပုံများမှ သတင်းအချက်အလက်များနှင့် ArcGIS Living Atlas of the Worldရှိ datasetsများကို ထုတ်ယူ အသုံးချနိုင်သည်။ အချိန်စီးရီးအလိုက် လေ့လာသုံးသပ်ချက်များ၊ အသေးစိတ်လေ့လာချက်များနှင့် terrainလုပ်ငန်းစဉ်များပါဝင်သော အဆင့်မြင့်သော လေ့လာဆန်းစစ်မှုများကို လုပ်ဆောင်နိုင်သည်။

အကြီးမားဆုံးသော online remote sensing collectionကို ရယူအသုံးပြုခြင်း
Esri၏ partner networkမှ တရားဝင်ခွင့်ပြုထားသည် ပုံရိပ်များကို အသုံးပြုသည်။ ArcGIS Living Atlas of the Worldမှ တစ်ဆင့် ရရှိနိုင်သည်။ တိကျသည့် ရုပ်ပုံစုစည်းမှုများထဲတွင် စွမ်းဆောင်ရည်ပြည့်ဝသော basemapရုပ်ပုံများ၊ ဂြိုဟ်တုပုံရိပ် အစုအဝေးများနှင့် elevationဝန်ဆောင်မှုများ ပါဝင်သည်။

အချင်းချင်းချိတ်ဆက်လျက်ရှိသော ရုပ်ပုံလုပ်ငန်းများကိုမျှဝေခြင်း
imageryမှသည် storytellingသို့ လျင်မြန်စွာ လုပ်ဆောင်ပေးသည်။ လေ့လာရှာဖွေမှုများ၊ လေ့လာဆန်းစစ်ချက်ရလာဒ်များ နှင့် စုစည်းထားသောပုံရိပ် အစုအဖွဲ့များကို လူတိုင်းနားလည်နိုင်သည့် apps များနှင့် dashboardsအဖြစ် ပြောင်းလဲပေးသည်။ အသုံးပြုရ ပိုမိုအဆင်ပြေလွယ်ကူစေရန် legends များနှင့် metadataပါဝင်သော pop-upsများကို ဖန်တီးပေးသည်။
အဖွဲ့အစည်းအတွက်လိုအပ်ချက်ပေါ်အခြေခံ၍အသုံးချခြင်း

Desktop
ArcGIS Proအတွက် ArcGIS Image Analyst သည် အမျိုးမျိုးသော ရုပ်ပုံသဏ္ဍာန်တို့ပေါ်တွင် အဆင့်မြင့်သော ရုပ်ပုံ အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ အကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းရန်အလို့ငှာ အသုံးချခြင်းနှင့် ပထဝီဝင်လေ့လာဆန်းစစ်ချက်တို့အတွက် tools များကို ဖြည့်ဆည်းပေးသော ပြီးပြည့်စုံသည့် ရုပ်ပုံလေ့လာဆန်းစစ်သည့် လုပ်ငန်းနယ်မြေတစ်ခုဖြစ်သည်။ အကောင်းဆုံးသော machine နှင့် အသေးစိတ် လေ့လာနိုင်သော tools အစုအဝေးများ၊ raster functions, နှင့် geoprocessing toolsများဖြင့် လုပ်ငန်းစဉ်များအတိုင်း အလိုအလျောက် မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးသည်။
Enterprise
ArcGIS Enterpriseအတွက် ArcGIS Image Serverသည် ကြီးမား များပြားသော ပုံရိပ်နှင့် raster စုစည်းမှုများ၏ တင်ပြမှု၊ လေ့လာဆန်းစစ်ချက်များနှင့် ထုတ်လွှင့်တင်ဆက်မှုတို့ကို တိကျသေချာမှု ရှိစေသည်။ အဖိုးတန် ရုပ်ပုံများနှင့် ဒေတာ ထုတ်လုပ်မှုများကို လျင်မြန်စွာ ထုတ်ဖော်ရန်အတွက် အပြိုင်လုပ်ဆောင်ရသော လုပ်ငန်းများနှင့် တွက်ချက်ဆောင်ရွက်မှုများကို တိကျသေချာမှုရှိသော raster analyticsလုပ်ငန်းများဖြင့် စွမ်းရည်ပြည့်ဝသော enterprise (သို့) cloud resourcesကို အသုံးပြုသည်။
![]()
Software as a service
ArcGIS Online အတွက် ArcGIS Imageသည် ရုပ်ပုံများနှင့် rasterစုစည်းမှုများကို လက်ခံခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် ထုတ်လွှင့်ခြင်းတို့အတွက် ပြည့်စုံသော software as a service (SaaS) ကမ်းလှမ်းမှု တစ်ခုဖြစ်သည်။ အခြေခံလိုအပ်ချက်များအတွက် ကုန်ကျစရိတ်များကို သက်သာစေပြီး၊ လုံခြုံမှု၊ တိကျမှုကို ထိန်းသိမ်းပေးသည်။ မိမိလုပ်ငန်း ဆောင်ရွက်ချက်များအဖြစ် လျင်မြန်စွာ ပေါင်းစပ်ပေးသော cloud environmentကို ထမ်းဆောင်သည်။
Managed SaaS
ArcGIS Image Dedicatedသည် Amazon Web Services (သို့) Microsoft Azure cloud environmentတွင် ရုပ်ပုံများကို raster analyticsများနှင့် တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းကို ယူဆောင်လာပေးသည်။ အဆိုပါ ဝန်ဆောင်မှုဖြင့် Esriသည် ရုပ်ပုံများဖြင့် ထပ်မံ၍ လုပ်ငန်းဆောင်ရွက်ရန်၊ ဝန်ဆောင်မှုပေးရန်နှင့် ရုပ်ပုံများလေ့လာဆန်းစစ်ခြင်းများအတွက် မိမိကိုယ်တိုင် ထပ်မံလုပ်ဆောင်ရန် မလိုအပ်ဘဲ သီးခြား ဆာဗာများတွင် အသင့်ရှိနေပေလိမ့်မည်။
Contact Us
for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com
Hot Line:
+95 9 886366874
