ArcGIS Hub

မိမိလုပ်ငန်းဝန်းကျင်အသိုင်းအဝန်းများအကြား ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိခြင်း

Esri သည်ကမ္ဘာအနှံ့ Coronavirus ရောဂါ 2019 (COVID-19) ကို စောင့်ကြည့်လေ့လာမှုများ နှင့် တုန့်ပြန်ဆောင်ရွက်မှုများအတွက် အရင်းအမြစ်များထောက်ပံ့နေသည်။

ArcGIS_Hub သည် သတင်းအချက်အလက်များမှတဆင့် လူများ၊ ဒေတာများနှင့် tools များကို စုစည်းထားသော လွယ်ကူစွာပုံဖော်နိုင်စွမ်း (easy-to-configure) ရှိသည့် ပြည်သူများနှင့် အပြန်အလှန်ချိတ်ဆက်နိုင်သည့် (Community Engagement) Platform တစ်ခုဖြစ်ပါသည်။ အစိုးရအေဂျင်စီများ၊ အကျိုးအမြတ်မယူသောအဖွဲ့များ (NGO) နှင့် ပညာရှင်များအပါအ၀င် အဖွဲ့အစည်းများအနေဖြင့် ArcGIS Hub ကို သုံး၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းများကို အထိရောက်ဆုံးလုပ်ဆောင်နိုင်သည်။ArcGIS_Hub ဖြင့် အဖွဲ့အစည်းများသည် မိမိတို့ရဲ့လက်ရှိဒေတာ ၊ နည်းပညာ များကို မိမိအဖွဲ့အစည်းအတွင်းသာမက ပြင်ပသက်ဆိုင်ရာများနှင့် အတူတကွတိုးချဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။တိုးတက်မှုများကိုခြေရာခံနိုင်ခြင်း၊ ပိုမိုတိုးတက်ကောင်းမွန်သော ရလဒ်များ အပြင် ပိုမိုကောင်းမွန်သော လူမှုကွန်ယက်ကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ArcGIS_Hub ကို အခြေခံ (Basic) နှင့် ပရီမီယံ (Premium)အဆင့်နှစ်ခုဖြင့်ရရှိနိုင်သည်။ ArcGIS_Hub_Basic တွင် ArcGIS Online နှင့် ဒေတာဝေမျှခြင်း များအပြင် site ဖန်တီးခြင်း စွမ်းရည်များ ပါဝင်သည်။ ArcGIS_Hub_Premium တွင် ArcGIS Online ၊ ဒေတာဝေမျှခြင်း ၊ site ဖန်တီးခြင်း များအပြင် ချိတ်ဆက်ထားသော အဖွဲ့ဝင်၊ အဖွဲ့များနှင့် အတူ ပူးတွဲလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

What ArcGIS Hub can do for you

 

Share open data

ဆုံးဖြတ်ချက်ချရာတွင် သတင်းအချက်အလက်သည် လွန်စွာအရေးပါလှသည်။ မိမိနေထိုင်လိုသော အရပ်ဒေသတစ်ခုကို ရွေးချယ်ရာ၌လည်းကောင်း၊ မြို့ပြစီမံကိန်းများနှင့်စပ်လျဉ်း၍ လေ့လာရာ၌လည်းကောင်း၊ စီးပွားရေးလုပ်ငန်းသစ်တစ်ခု ဖွင့်လှစ်ရန်အတွက်လည်းကောင်း စသည်တို့အတွက် မိမိယုံကြည်စိတ်ချနိုင်သော သတင်းအချက်အလက်များသည် မရှိမဖြစ်လိုအပ်သည်။ ArcGIS Hub နှင့်အတူ အဖွဲ့အစည်းများသည် မိမိတို့၏ authoritative data များကိုမျှဝေခြင်းဖြင့် Community များအတွက် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်။

အကျိုးရှိရှိလေ့လာနိုင်မည့် Hub ဝက်ဘ်ဆိုက်များ

မြို့ပြများ၊ အကျိုးအမြတ်မယူအဖွဲ့အစည်းများနှင့် နယ်ပယ်အမျိုးမျိုးမှ အဖွဲ့အစည်းများသည် မိမိမျှဝေလိုသော ဒေတာများကို Publicသို့ တင်ခြင်းဖြင့်  ဒေတာအသုံးချမှုစွမ်းရည်ကို မြှင့်တင်ရန် ArcGIS Hub ကို အသုံးပြုလျက်ရှိကြသည်။ အတွေးအမြင်အသစ်၊ စိတ်ကူးအသစ်များရရှိရန် အောက်ဖော်ပြပါ hub sites အချို့တွင် လေ့လာနိုင်ပါသည်။

Los Angeles၌ ဆီးချိုရောဂါတိုက်ခိုက်ရေးလုပ်ငန်း

Los Angeles ပတ်ဝန်းကျင်၌ ထောင်ပေါင်းများစွးသော လူတို့သည် ဆီးချိုရောဂါကို ခံစားနေရလျက်ရှိကြပြီး၊ မိမိကိုယ်တိုင် ဆီးချိုရောဂါဖြစ်မှန်း မသိသေးသောသူများလည်း များစွာရှိနေသည်။ အဆိုပါ ပြဿနာရပ် ဖြေရှင်းပုံကို လေ့လာနိုင်ပါသည်။

hub siteကြည့်ရှုရန်→

city dataအတွက် တစ်နေရာတည်းတွင်ရရှိနိုင်ခြင်း

Georgia, Johns Creek သည် city services များကို မြှင့်တင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ArcGIS Hub ကိုအသုံးပြုသည်။ Data များကို dashboard များ၊ charts များနှင့် အခြားသော ပုံစံများကို အသုံးပြု၍ မျှဝေထားပါသည်။

hub siteကြည့်ရှုရန်→

Sustainable Development Goals အတွက် data hubတစ်ခု

Open SDG Data Hubသည် ယုံကြည်စိတ်ချရသော Sustainable Development Goals (SDG) data sourcesအား ခိုင်မာသောအချက်အလက်များကို အခြေခံသော ဆုံဖြတ်ချက်များအတွက် အသုံးပြုရန် ရည်ရွယ်ထားပါသည်။

hub siteကြည့်ရှုရန်→

quote-dana-berchman

"A lot of cities create open data portals in the name of transparency, but we've taken it further. We couldn't do this without having a foundation built on ArcGIS and ArcGIS Hub.

Dana Berchman
Chief Digital Officer, Gilbert, Arizona

ArcGIS Hub capabilities

ArcGIS Hubသည် မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်ရာ အသိုင်းအဝန်းများအကြား ပေါင်းကူးဆက်သွယ်ပေးသည်။  မိမိဌာနအတွင်း ပြုလုပ်သော အခြေခံ GISအလုပ်သည် မိမိတို့သက်ဆိုင်ရာ နယ်ပယ်အသိုင်းအဝန်းတစ်ခုလုံးရှိ စီမံကိန်းများတွင် ပူးပေါင်းပါဝင်နေစေရန် ကူညီပေးပါလိမ့်မည်။

Maps and apps

မူဝါဒရေးရာ၊ မျှော်မှန်းထားသော ရလဒ်များ၊ စသဖြင့် မိမိ မျှဝေထားသောဒေတာများကို လူအများက ပိုမိုလွယ်ကူစွာ သိမြင်စေရန် လုပ်ဆောင်ပေးပါသည်။


•Informative charts


•Interactive Maps


•Narrative Story Maps


•Dashboards


•Data-Driven Microsites

 

A place to collaborate

ArcGIS Hubကို မိမိတို့၏ လုပ်ငန်းနယ်ပယ် ဝန်းကျင်ရှိ အဖွဲ့ဝင်များနှင့်ဆက်သွယ်ရန် ဆက်သွယ်မှု ပလက်ဖောင်းအဖြစ် အသုံးပြုနိုင်သည်။


•Local Businesses


•Universities


•NGOs


•Startups


•Citizen Scientists

Capture data & input

အသုံးဝင်သော digital formatဖြင့် လိုအပ်သော ဒေတာများကို စုဆောင်းရန် ArcGIS Hubတွင် စာရင်းသွင်းထားနိုင်ပါသည်။


•Initiative-Related Surveys


•Development Proposals


•Community Events and Meetups

Tools for innovation

မိမိတင်ထားသောဒေတာများကို အခြားသူများက အလွယ်တကူရှာဖွေ အသုံးပြုနိုင်ရန် စီစဉ်ပေးထားပါသည်။


•Civic Developers


•Volunteers


•Students


•Open Source Community