Features

Initiatives

မိမိတင်ပြလိုသော အကြောင်းအရာများကို အသိုင်းအဝန်းတစ်ခုအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အိမ်ခြေရာမဲ့အခြေအနေလျော့ချရေး၊ မြို့တွင်းဧရိယာအတွင်းရှိ အခက်အခဲများကို အလျင်မြန်ဆုံးဖြေရှင်းရေး စသည်တို့ကဲ့သို့သော အဓိကဦးစားပေးလုပ်ငန်းများကို သတ်မှတ်ဖော်ပြပြီး၊ ထို့နောက် အဆိုပါ အကြောင်းအရာများကို စီမံခန့်ခွဲရန်နှင့် တင်ပြထားသော ဒေတာများကို အသုံးပြုချင်သူများနှင့် သက်ဆိုင်ရာနယ်မြေခံများသို့ မျှဝေရန် ArcGIS Hubကို အသုံးပြုပါသည်။

Ready-to-Use Initiatives

အသင့်အသုံးပြုနိုင်သော initiativeတစ်ခုစီတွင် မိမိရွေးချယ်တင်ပြသော အကြောင်းအရာနှင့် ပတ်သက်၍ ထိတွေ့စပ်ဆက်လျက်ရှိသော အသိုင်းအဝန်းကို သတင်းအချက်အလက်ပေးရန်နှင့် ထိတွေ့မှုရှိစေရန် ကြိုတင်ဒီဇိုင်းပြုလုပ်ထားသော content နှင့် apps များ ပါဝင်ပါသည်။

Initiative Websites

ArcGIS Hubတွင် အချိန်ကုန် ငွေကုန်သက်သာပြီး၊ မိမိအဖွဲ့အစည်းအမှတ်တံဆိပ်ကို အလိုအလျောက် အဆင့်ဆင့်မြှင့်တင်ပေးမည့် လှပပြီး ဆွဲဆောင်မှုရှိသော default layoutsများ ပါဝင်ပါသည်။

Create Your Own

မိမိ လိုအပ်ချက်များနှင့် ကိုက်ညီသော ကိုယ်ပိုင် templateအဖြစ် ဖန်တီးရန် initiative builder tool ကိုအသုံးပြု၍ လိုအပ်ချက်များဖြည့်ဆည်းပြီး ကိုယ်ပိုင် website, apps,နှင့် contentများကို ထည့်သွင်းဖော်ပြနိုင်ပါသည်။

Open Data

ဒေတာမျှဝေခြင်းသည် မိမိတို့ နယ်ပယ်အသိုင်းအဝန်းရှိ အသုံးပြုသူအချင်းချင်း ချိတ်ဆက်ပေးသော hubတစ်ခုတည်ဆောက်ရာတွင် အဓိက အခြေခံကျသော အဆင့်တစ်ခုဖြစ်သည်။ မိမိ မျှဝေပေးနိုင်သော ကိုယ်ပိုင် ဒေတာများကို decision-maker များ, ဝန်ထမ်းနှင့် အများပြည်သူထံသို့ မျှဝေခြင်းဖြင့် ဒေတာများကို လူတိုင်း အချိန်မရွေး စိတ်ကြိုက်ခေါ်ယူအသုံးပြုစေပါသည်။

Share Data

spatial data နှင့် mapsများအပြင် spreadsheets, tables, PDFsတို့ ကဲ့သို့သော non-spatial data များကိုလည်း ထောက်ပံ့ပေးပါသည်။ အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသော အသိုင်းအဝန်းအတွင်းရှိ အဖွဲ့ဝင်များသည် မိမိတို့နှင့် ကိုက်ညီမှုရှိမည့် data formats အမျိုးမျိုးတို့၏ datasets တစ်ခုလုံး (သို့မဟုတ်) ရွေးချယ်အသုံးပြုလိုသည့် subsetsများကို ရှာဖွေ၊ download ချနိုင်သည်။

Find the Data You Need

ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော ဌာန အဖွဲ့အစည်းများသည် shareထားသော ဒေတာများကို ရှာဖွေ downloadရယူနိုင်ပါသည်။ စွမ်းဆောင်ရည်ပြည့်ဝသော ရည်ညွှန်းချက်များ၊ ရှာဖွေမှုများသည် မိမိ လိုအပ်သော ဒေတာများကို စစ်ထုတ် စီစစ်ပေးသည်။ မိမိရှာဖွေလိုသော အကြောင်းအရာအမျိုးအစားနှင့် ဆက်စပ်လျက်ရှိသော အခြားသော ရလဒ်များကိုလည်း ဖော်ထုတ်ပေးပါသည်။

Break Down Silos

အခမဲ့ရယူနိုင်သော ဒေတာနှင့် သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် မည်သူမဆိုရှာဖွေရယူနိုင်ပါသည်။ up-to-date ဒေတာများကို သိမ်းဆည်းရန်နှင့် sourceများနှင့် ချိတ်ဆက်ရန် APIsများကို အသုံးပြုနိုင်ပါသည်။

Data Visualization

အသင့်အသုံးပြုနိုင်သော initiative templates တိုင်းရှိ apps, maps, story maps, dashboards, နှင့် charts များဖြင့် မိမိ၏ open dataများကို ဖြည့်သွင်း အသုံးပြုနိုင်ပါသည်။ ရရှိလာသော အဆိုပါ data visualizations များသည် မိမိဒေတာနှင့် storiesများကို အလိုလို သိမြင်သဘောပေါက်စေပြီး၊ မိမိလုပ်ဆောင်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကိုလည်း မျှဝေပေးနိုင်ပါသည်။

Hub Apps

ArcGIS Hub တွင် အသုံးပြုသူများအတွက် အချင်းချင်း ချိတ်ဆက် ဆက်သွယ်မှုကို အားကောင်းစေသည့် အသင့်ထည့်သွင်းထားသော applications များနှင့် tools များပါဝင်ပါသည်။

Surveys and Next Generation Crowdsourcing

ချိတ်ဆက်ထားသော အသိုင်းအဝန်းထံမှ တုံ့ပြန်ချက်များကို ရယူရန် စစ်တမ်းကောက်ယူမှုများအား initiative web page တွင် ဖော်ပြသည်။ မိမိတင်ပြချက်များအပေါ် အသုံးပြုသူများက ရှာဖွေလေ့လာတွေ့ရှိချက်၊ အကြံဉာဏ်များ တင်ပို့နိုင်ရန် smartphones နှင့် tabletsများတွင် တည်နေရာထည့်သွင်းခြင်းကို ထပ်မံ လုပ်ဆောင်နိုင်ပါသည်။

Dashboards

အဓိကလုပ်ဆောင်ရမည့်အပိုင်းများ၊ လုပ်ငန်းအခြေအနေများကို လူတိုင်း နားလည်သဘောပေါက်ရန် key performance indicators (KPI)ဖြင့်တိုင်းတာပေးသည်။ ထို စံသတ်မှတ်ချက် KPI များအတိုင်း ပူးပေါင်းလုပ်ဆောင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် များစွာပံ့ပိုးကူညီနိုင်သည့် dashboard များကို လွယ်ကူစွာ ဖန်တီးအသုံးချနိုင်သည်။

Place Explorers

ဆက်စပ်လျက်ရှိသော အသိုင်းအဝန်းအတွင်းရှိ အခြေအနေနှင့် မိမိတင်ပြလိုသည့် ရည်မှန်းချက်များကို အသေးစိတ် နားလည်သိရှိစေရန် modern web applicationsများကို ထည့်သွင်းထားပြီး သက်ဆိုင်ရာအဖွဲ့ဝင်များက ရှာဖွေကြည့်ရှုနိုင်ပါသည်။

Interactive Stories and Infographics

လူဦးရေအချက်အလက်များ၊ ဈေးဌာနနေရာများ၊ အိမ်ရာနှင့် ကျောင်းများ၊ လူဦးရေးအထူထပ်ဆုံးနေရာများ ကဲ့သို့သော Esriမှ ရယူထားသော သတင်းအချက်အလက်၊ ဒေတာများဖြင့် သေသပ်လှပပြီး ဆွဲဆောင်မှုရှိသော infographicများကို ဖန်တီးနိုင်သည်။ အောင်မြင်သော လုပ်ငန်းစတင်မှုများအတွက် အဆိုပါ ဒေတာအချက်အလက်များကို ကိုယ်ပိုင်ပုံစံအနေဖြင့် ဖန်တီးအသုံးချနိုင်ပါသည်။

Events

မြို့နယ်အဆင့်အစည်းအဝေးများ၊ hackathon (သို့မဟုတ်) meetup ကဲ့သို့သော ပွဲများအတွက် ArcGIS Hubကို အသုံးပြုနိုင်ပါသည်။ ပါဝင်မည့် အကြောင်းအရာအချက်အလက်များစုစည်းခြင်း၊ တက်ရောက်မည့်သူများ၊ မိမိ ချိတ်ဆက်ထားသော အသိုင်းအဝန်းများကို ဆက်သွယ်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။

Sign Up for Events

Community members များသည် စာရင်းပေးသွင်း တက်ရောက်နိုင်ပြီး၊ ထပ်မံကျင်းပမည့် event များနှင့်လည်း ချိတ်ဆက်နေစေသည်။

Keep Records

တက်ရောက်လာသူများနှင့် ပွဲအခမ်းအနားတိုင်းအတွက် မှတ်တမ်းများ ပြုစုနိုင်ပါသည်။

Stay in Touch

လုပ်ဆောင်မှုအခြေအနေများ၊ လုပ်ငန်းတိုးတက်မှုများနှင့် နောက်လာမည့်ပွဲများအတွက် eventတက်ရောက်လာသူများနှင့် အမြဲမပြတ် ချိတ်ဆက်နိုင်ပါသည်။

Community Participants and Collaborators

မိမိ ချိတ်ဆက်ထားသော အသိုင်းအဝန်းများ၌ ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးသည်။ ArcGIS Hub ၌ ပရောဂျက်ပေါ်တွင် အဖွဲ့အစည်းအသိုင်းအဝန်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန်နှင့် စတင်ဖန်တီးရန် ဟူသည့် လမ်းစဉ် ၂ခုရှိသည်။

Easy to Join

Community members များသည် personal email (သို့မဟုတ်) social media loginsကို အသုံးပြု၍ account ဖန်တီးပြီး၊ မိမိ၏ hub ကို ဝင်ရောက်နိုင်ပါသည်။

Stay up-to-Date

သတင်းအသစ်များ၊ ဒေတာများ၊ ပွဲများ၊ ပူးပေါင်းပါဝင်နိုင်ရန် အခွင့်အရေးများကို ကြိုတင်သိရှိရန်အတွက် Community members များသည် initiativesများကို “follow” လုပ်ထားနိုင်ပါသည်။

Sustained Collaboration

ArcGIS Hub သည် မိမိစတင် အကောင်အထည်ဖော်သည့် ရည်မှန်းချက်အတွက် အလုပ်ပြီးစီးမှုအခြေအနေအဆင့်ဆင့်ကို ဖော်ညွှန်းပြသရန် ကူညီပေးသည်။ ArcGIS Hub အသိုင်းအဝန်းအတွင်း နှစ်ဦးနှစ်ဖတ် ပိုမိုအကျိုးဖြစ်ထွန်းစေရန် အတူတကွ ဖန်တီးနိုင်ပါသည်။

Initiative Team Management

အဖွဲ့များဖွဲ့စည်းပြီး မိမိ၏ လုပ်ဆောင်ချက်များကို ကူညီနိုင်သူများ (သို့မဟုတ်) ဆန်းစစ်လေ့လာနိုင်သူများကို စီမံခန့်ခွဲနိုင်သည်။

Internal Staff

မိမိအဖွဲ့အစည်းအတွင်း၌ ဒေတာများကို ချိတ်ဆက် အသုံးပြုပီး ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နိုင်ပါသည်။

Discover Contributors

အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများသည် initiativesများကို ကြည့်ရှုပြီး စိတ်ဝင်စားမှုအခြေအနေကို မိမိအဖွဲ့ထံသို့ ပြန်လည်တင်ပြနိုင်ပါသည်။

Bring Them All Together

ArcGIS Hub တွင် မိမိအဖွဲ့နှင့် ပြင်ပရှိအဖွဲ့များပူးပေါင်း၍ အလုပ်ပြီးမြောက်အောင်မြင်မှုကို အများပြည်သူသို့ ချပြပေးပါသည်။

Community Engagement Dashboards

အသုံးပြုလျက်ရှိသည့် dashboardများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ လေ့လာဆန်းစစ်မှုများသည် မိမိ ဝင်ရောက်ထားသော အသိုင်းအဝန်း အဖွဲ့အစည်းများအကြား မိမိရောက်ရှိနေသည့် အခြေအနေနှင့် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော အခြေအနေများကို တိုင်းတာပေးသည်။

Track Engagement

ကြိုတင်ပြင်ဆင်ထားသော dashboardများသည် Hub အသုံးပြုသူ အချင်းချင်း ဆက်သွယ်ထားသည့် အဖွဲ့အစည်း အသိုင်းအဝန်းများထံသို့ မိမိတို့၏ တင်ပြထားမှုများကို အချိန်နှင့်တစ်ပြေးညီ လျင်လျင်မြန်မြန်ရောက်ရှိစေပါသည်။ စတင်ဝင်ရောက်သုံးစွဲသူအရေအတွက်၊ eventsတက်ရောက်သူအရေအတွက်၊ မိမိ၏ initiativesများကို မျှဝေသူအရေအတွက် စသည်ဖြင့် key metrics ပုံစံနှင့် ချိတ်ဆက်ပေးပါသည်။

Improve Decision-Making

ArcGIS Hub သည် မိမိတင်ပြချက်များ၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ပိုမိုနားလည်သိရှိစေရန် စွမ်းဆောင်ပေးသည်။ ပိုမိုကောင်းမွန်ပြည့်စုံသော initiative နည်းဗျူဟာများအတွက် လိုအပ်သော စံချိန်စံညွှန်းများဖြစ်ပေါ်စေရန် Initiative managerများနှင့် stakeholderများကို စွမ်းရည်တိုးမြှင့်စေပါသည်။

Drive Adoption and Engagement

ပိုမိုနားလည်သိရှိခြင်းသည် initiative ဦးဆောင်သူများအတွက် မရှိမဖြစ်လိုအပ်သော စွမ်းရည်ကို နည်းဗျူဟာကျသော တိုးတက်မှုအဖြစ် စဉ်ဆက်မပြတ် ဖြစ်ပေါ်စေသည်။