ArcGIS Experience Builder
—
web appsဖန်တီးခြင်းအတွက် နည်းလမ်းသစ်တစ်ခု

မိမိတွင်ရှိသော စိတ်ကူး၊အကြံအဉာဏ်များအတိုင်း ဖန်တီးတည်ဆောက်ခြင်း
—
မိမိ၏ ဒေတာ, မြေပုံများနှင့် appsများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ထားရှိခြင်းဖြင့် လုပ်ဆောင်ချက်များကို ချဲ့ထွင်အသုံးပြုနိုင်သည်။
ArcGIS Experience Builder၏လုပ်ဆောင်ပုံများ
ဒီဇိုင်နာဖန်တီးထားသည့် templateကို အခြေခံ၍ မိမိ appကို တည်ဆောက်နိုင်သကဲ့သို့ ကိုယ်တိုင်ဖန်တီး ရေးဆွဲခြင်းဖြင့်လည်း စတင်နိုင်သည်။
မြေပုံများနှင့် feature layersများကို ခေါ်ယူ အသုံးပြုနိုင်သည်။ ပေါင်းစပ်ထားသည့် အမြင်တစ်ခုရရှိရန် 2D, 3Dဒေတာများကို ပေါင်းထည့်နိုင်သည်။
မြေပုံများ၊ ရုပ်ပုံများ၊ စာသားများနှင့် စာရင်းဇယားတို့ ကဲ့သို့သော widgetsများကို ရွေးချယ်၍ appတွင် ပါဝင်စေသည်။ pageတစ်ခုပေါ်တွင် (သို့) pageများပေါ်မှတစ်ဆင့် widgetsများကို ဆက်စပ် ပေါင်းစည်းစေသည်။
themesများဖြင့် မိမိ၏ appကို လှပပြည့်စုံသည့် အသွင်ပုံစံအဖြစ် စိတ်ကြိုက် ပုံဖော်နိုင်သည်။ မိမိ ဒေတာများကို သိသာထင်ရှားမှုရှိစေပြီး၊ မိမိ ကိုယ်ပိုင် brand တစ်ခုအဖြစ် ပုံဖော်ရန် colors များကို သတ်မှတ်နိုင်သည်။
တိုက်ရိုက်ကြည့်ရှုနိုင်သည့် မြင်ကွင်းကို အသုံးပြုသော ပြီးပြည့်စုံသည့် app ဖြင့် ကြည့်ရှု အကဲဖြတ်နိုင်သည်။ App တစ်ခုကို ဖန်တီးပြီးသောအခါ မိမိနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များထံသို့ မျှဝေနိုင်သည်။
ArcGISတွင် အပြည့်အဝပါဝင်ပေါင်းစပ်ထားခြင်း
—
ArcGIS Experience Builderကို ArcGIS Online နှင့် ArcGIS Enterprise တွင် အသုံးပြုနိုင်သည်။ ထို့ကြောင့် မိမိ၌ ရှိနှင့်ပြီးသော ဒေတာများကို ပါဝင်အသုံးချနိုင်ပါသည်။ မိမိလိုအပ်ချက်များနှင့် ကိုက်ညီရန် software as a service (SaaS) (သို့) on-premises deployment ကို ရွေးချယ်နိုင်သည်။ ထို့အပြင် ArcGIS Experience Builderကို ထပ်တိုးလုပ်ဆောင်နိုင်သော framework ပုံစံဖြင့် တည်ဆောက်ထားသည့်အတွက် အဖွဲ့အစည်းအတွင်းရှိ developers များသည် မိမိတို့ကိုယ်ပိုင် widgets နှင့် templates များကို တည်ဆောက် ဖန်တီးပုံဖော်နိုင်သည်။ အဆိုပါ ရလာဒ်များသည် Projectများစွာအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မြန်ဆန်စွာ ကူညီပံ့ပိုးပေးသည့် web apps များ ဖြစ်စေသည်။
ArcGIS Experience Builder Developer Edition
မိမိ၏ apps များကို မိမိစိတ်ကြိုက် ပုံဖော်ရန် အတွက်ဖြစ်သည်။ developerသမားများအတွက် Experience Builder၏ developer editionပိုင်းကို ထည့်သွင်းထားပါသည်။
Contact Us


Hot Line:
+95 9 886366874

Social Media:
https://www.facebook.com/EsriMM