Data and Infographics
—
ArcGIS Business Analysတွင် ကမ္ဘာလုံးဆိုင်ရာဒေတာများနှင့် demographicsများကို ရယူသုံးစွဲပါ။
နိုင်ငံပေါင်း ၁၃၀ကျော်ရှိ ArcGIS Business Analyst ဒေတာပေါင်း ၁၅,၀၀၀ ကျော်ကို ရွေးချယ်ရယူနိုင်ပါသည်။ ထိုဒေတာများထဲတွင် demographicsများ၊ စီပွားရေးတည်နေရာများ၊ စားသုံးသူများ၏သုံးစွဲမှုအခြေအနေများ၊ နေရာဒေသအရပ်ရပ်ရှိ အလားအလာရှိသောဈေးကွက်များ စသည်တို့ ပါဝင်ပါသည်။ အသင့်အသုံးပြုနိုင်ပြီး မိမိစိတ်ကြိုက်ဒေတာထည့်သွင်းနိုင်သော infographic templates များနှင့် reportပေါင်း ၄၀ကျော်ရှိသော Business Analystတွင် မိမိ၏လုပ်ငန်းဆိုင်ရာဒေတာအချက်အလက်များကို ပေါင်းစပ်အသုံးပြု၍ ဝေဖန်လေ့လာဆန်းစစ်မှုများ ပြုလုပ်နိုင်သည်။ ထို့နောက် လှပပြည့်စုံသော Template, reportများအဖြစ် ပြန်လည်မျှဝေနိုင်ပါသည်။
ArcGIS Business Analystရှိ ဒေတာများ
—
ArcGIS Business Analystတွင် စီးပွားရေးလုပ်ငန်း၊ စားသုံးသူများ၏ သုံးစွဲမှုအခြေအနေ နှင့် demographic ဒေတာတို့ကဲ့သို့သော datasetsအမျိုးမျိုးပါရှိသည်။ အောက်ဖော်ပြပါ အမျိုးအစား ၈မျိုးနှင့် ၎င်းတို့နှင့် သက်ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း ထပ်မံ လေ့လာနိုင်ပါသည်။
Demographics
လူဦးရေ၊ အိမ်ထောင်စု၊ ဝင်ငွေ၊ အသက်အရွယ်နှင့် လူမျိုးစု အကြောင်းထည့်သွင်းထားသော ၅နှစ်စာ US demographics များနှင့် ပညာရေးဆိုင်ရာ၊ marital status၊ ဘာသာစကားအသုံးပြုမှုဆိုင်ရာ ဒေတာများကို လေ့လာနိုင်ပါသည်။ ဒေတာအရင်းအမြစ်များ- Esri, US Census Bureau, and American Community Survey (ACS)
စားသုံးသူများ၏သုံးစွဲမှုအခြေအနေ
US ရှိ စားသုံးသူများ၏ ဝယ်ယူသည့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအမျိုးအစားနှင့် နေရာများကို သိရှိစေပါသည်။ အဝတ်အထည်၊ စားသောက်ကုန် နှင့် အဖျော်ယာမကာများ၊ ငွေကြေးသုံးစွဲမှုများစသည့် အမျိုးအစားပေါင်း ၂၀ကျော် ပါဝင်သည့် အိမ်ထောင်စုအသုံးစရိတ် ဒေတာများပါဝင်ပါသည်။ ဒေတာအရင်းအမြစ်များ: Esri, Consumer Expenditure Surveys, and Bureau of Labor Statistics
Tapestry Segmentation
အမေရိကန် လူနေအိမ်ရပ်ကွက်များရှိ ဈေးကွက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို လူမှုစီးပွားရေးနှင့် လူဦးရေဆိုင်ရာ ဒေတာများဖြင့် အခြေခံ၍ အပိုင်း ၆၇ခုဖြင့် ပိုင်းခြားဖော်ပြထားပါသည်။ ထိုဒေတာများသည် customerများ၏ လူနေမှုပုံစံ၊ အပြုအမူများကို အသေးစိတ်သိမြင်စေပါသည်။ ဒေတာအရင်းအမြစ်- Esri
အလားအလာရှိသောဈေးကွက်ဒေတာများ
စားသုံသူများ အသုံးပြုလျက်ရှိပြီး၊ တောင်ဆိုမှုများပြားသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုဒေတာများဖြစ်သည်။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဝယ်ယူသူများ၏ သဘောထား အမြင်၊ ဈေးကွက်ထိုးဖောက်မှုတို့နှင့် ပတ်သက်၍ မျှော်မှန်းထားသော စားသုံးသူအရေအတွက်၊ ဈေးကွက်အလားအလာ ဒေတာညွှန်းကိန်းများကို မြင်တွေ့နိုင်ပါသည်။ ဒေတာအရင်းအမြစ်များ- Esri and GfK MRI
စီးပွားလုပ်ငန်းတည်နေရာများနှင့်အနှစ်ချုပ်ဖော်ပြထားသောဒေတာများ
စီးပွားရေးလုပ်ငန်းအမည်နှင့်တည်နေရာ၊ လုပ်ငန်းဆိုင်ရာကုဒ်နံပါတ်၊ ဝန်ထမ်းဦးရေနှင့် ရောင်းအားတို့ ထည့်သွင်းထားသော စီးပွားရေးလုပ်ငန်းပေါင်း ၁၃သန်းကျော်ပါဝင်သည့် ဒေတာများကို လေ့လာနိုင်ပါသည်။ ဒေတာအရင်းအမြစ်များ- Esri, Infogroup, and SafeGraph
Esri basemaps
streets, imageryနှင့် topographic basemapsများ ပါရှိပီး reference နှင့် contextများကို ပံ့ပိုးပေးသော အရည်အသွေးမြင့်ပြီး၊ အမြင်အားဖြင့် ဆွဲဆောင်မှုရှိသော basemaps အစုအဝေးတစ်ခုဖြစ်သည်။ ဒေတာအရင်းအမြစ်- commercial and community contributors
သွားလာရေးဆိုင်ရာဒေတာ*
သယ်ယူပို့ဆောင်ရေးဆိုင်ရာ လေ့လာဆန်းစစ်မှုများ၊ လမ်းကြောင်းများ နှင့် လမ်းကြောင်းပုံစံတွက်ချက်စီမံခြင်းများအတွက် US traffic dataများကို ကျယ်ပြန့်စွာ ကြည့်ရှုနိုင်ပါသည်။ ဒေတာများသည် အဓိကပွိုင့်နှင့် လမ်းကြောင်း တည်နေရာများပေါ်ရှိ ယာဉ်အမျိုးမျိုး၏ အရေအတွက်ကို ဖော်ပြထားပါသည်။ ဒေတာအရင်းအမြစ်- Kalibrate
ပြစ်မှုညွှန်ပြသောဒေတာများ*
ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ပိုင်ဆိုင်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ (ဓားပြမှု၊ ဖောက်ထွင်းမှု၊ တိုက်ခိုက်မှုများ)နှင့် သက်ဆိုင်သော အရေးကြီးသည့် ဒေတာ စာရင်းဇယားများကို ရရှိနိုင်ပါသည်။ ဒေတာအရင်းအမြစ်များ- Applied Geographic Solutions
*ArcGIS Business Analyst Enterprise အသုံးပြုရန်အတွက် ထပ်မံပေးချေရပါမည်။
ArcGIS Business Analyst Web Appရှိ နိုင်ငံပေါင်း ၁၃၀ကျော်မှ အကြောင်းအရာပေါင်း ၁၅,၀၀၀ကျော်ကို ကြည့်ရှိုနိုင်ပါသည်။