WHAT IS GIS?

ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ်, Geographic Information System (GIS)
လုပ်ငန်းဆုံးဖြတ်ချက်များကို တွန်းအားဖြစ်စေသည့်၊ အုပ်ချုပ်ရေးယန္တရားကို ပံ့ပိုးပေးသည့်၊ အကျိုးရှိသော ပြောင်းလဲမှုများကို ဖော်ဆောင်ပေးမည့် မြေပုံနှင့် ဒေတာများကို ခွဲခြမ်းစိတ်ဖြာလေ့လာဆန်းစစ်နိုင်သော နည်းပညာရပ်ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းရှိ များပြားလှသော ဒေတာများကို မျက်မြင်တွေ့မြင်နိုင်ရန် ထိုဒေတာများကို မြေပုံရေးဆွဲနိုင်သည်။
မြေပုံပေါ်တွင် ဒေတာများကို ပုံဖော်ခြင်းနှင့် လေ့လာဆန်းစစ်ချက်များကို ပြုလုပ်သောအခါ ဖုံးကွယ်နေသော ချိတ်ဆက်မှုများနှင့် အသေးစိတ် နားလည်သဘောပေါက်မှုများကို ပေါ်ထွက်လာစေသည်။

GISသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုများစွာနှင့်အတူ  ပြဿနာရပ်များကို ဖြေရှင်းပေးနိုင်သည့် သူမတူသော နည်းပညာရပ် တစ်ခုဖြစ်သည်။ ခေါင်းဆောင်များ၊ နည်းပညာ ကျွမ်းကျင်ပညာရှင်များ၏ GISအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ လုပ်ဆောင်ပုံနှင့် အရေးကြီးပုံများကို ဗီဒီယိုဖိုင်တွင် လေ့လာတွေ့မြင်နိုင်သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ်, GIS

GISသည် ဒေတာအမျိုးမျိုးကို ဖန်တီးရန်၊ စီမံခန့်ခွဲရန်၊ လေ့လာဆန်းစစ်ရန် နှင့် မြေပုံရေးဆွဲရန် အသုံးပြုသည့် နည်းပညာတစ်ခုဖြစ်သည်။

GISသည် မိမိပါဝင်ဖော်ပြလိုသည့် သတင်းအချက်အလက်‌ အမျိုးမျိုးအတွက် မြေပုံပေါ်တွင် ဒေတာများကို ချိတ်ဆက်ပေးသည်၊ မိမိရည်ရွယ်သိရှိလိုသည့် တည်နေရာဒေတာများအတွက် ပေါင်းစပ်ပေးသည်။ GISသည် သိပ္ပံနှင့် လုပ်ငန်းနယ်ပယ်အားလုံးနီးပါးတွင် အသုံးပြုသည့် မြေပုံရေးဆွဲခြင်းနှင့် လေ့လာဆန်းစစ်မှုများအတွက် အခြေခံအုတ်မြစ်တစ်ခုကို ပံ့ပိုးသည်။ GISသည် အသုံးပြုသူများကို ပုံစံများ၊ ဆက်သွယ်ချက်များနှင့် ပထဝီဝင်ဆိုင်ရာ အကြောင်းအရာ သဘောတရားတို့ကို နားလည်ရန် ကူညီပေးသည်။ အကျိုးရလာဒ်များအတွက် ပိုမိုများပြားသည့် ဆက်သွယ်ချက်များ၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်ချခြင်းတို့ ပါဝင်လာပါသည်။

GIS၏လုပ်ဆောင်ပုံများ

GISတွင် မြေပုံရေးဆွဲခြင်းသည် အခြေခံတစ်ခုဖြစ်ပြီး အခြားသော လုပ်ဆောင်နိုင်စွမ်းများစွာ ပါဝင်သည်။

ဒေတာစီမံခန့်ခွဲမှု

GISသည် မှတ်တမ်းများ၏ အခြေခံ စနစ်တစ်ခုဖြစ်သည်။ လုပ်ငန်းနယ်ပယ်၏ စနစ်များနှင့် မှန်ကန်တိကျသော အရင်းအမြစ်တို့မှ သတင်းအချက်အလက်ဒေတာများကို သိုလှောင် ပေါင်းစပ်နိုင်သည်၊ ဒေတာ၏ အသုံးဝင်မှုကို ဖြန့်ကျက်လုပ်ဆောင်နိုင်သည်။

မြေပုံရေးဆွဲခြင်းနှင့်ပုံဖော်ပြသခြင်း

ဒီဂျစ်တယ်မြေပုံများနှင့် dashboardများမှ အစပြု၍ satellite imagery, 3D နှင့် real timeအထိ GISသည် ဒေတာများကို အသက်သွေးကြောအဖြစ် ယူဆောင်၍ ပြဿနာရပ်များနှင့် ဖြေရှင်းနည်းများကို နားလည်သဘောပေါက်ရန် ကူညီဆောင်ရွက်ပေးသည်။

Spatial analysis
ဆက်သွယ်ချက်

Maps နှင့် dashboardsတို့သည် ပုံစံအမျိုးမျိုးဖြင့် လျင်မြန်စွာ ချိတ်ဆက် ဆက်သွယ်လျက်ရှိသည်။ သိပ္ပံပညာနှင့် ဒေတာတည်ဆောက်မှု သဘောတရာကို နားလည်စေသည်၊ ပူပေါင်းလုပ်ဆောင်မှုနှင့် ပြဿနာဖြေရှင်းနည်းများကို ပံ့ပိုးပေးသည်။

GISအသုံးဝင်မှု

GISသည် လုပ်ငန်းနယ်ပယ်တို့၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်လျက်ရှိသည်။ applicationများစွာ အနက်မှ အနည်းကို ဖော်ပြလိုက်ပါသည်။

မှန်ကန်သောတည်နေရာရွေးချယ်ခြင်း

စီးပွားရေးလုပ်ငန်းများ (သို့) ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ မှန်ကန်သော ဆုံးဖြတ်ချက်များသည် အရေးပါလာသည်။ မိမိ customerများ၏ တည်နေရာများနှင့် အလားအလာရှိသော နေရာများကို ရှာဖွေသိရှိရန် လိုအပ်လာသည်။

စတိုးဆိုင်၊ ဖြန့်ချီရေးလုပ်ငန်း၊ မီးသတ်ဌာန စသည်တို့အတွက် စိတ်ကူးထားသည့် နေရာအသစ်တစ်ခုကို ရွေးချယ်သည့်အခါ GISသည် မိမိဆုံးဖြတ်ချက်အတွက် အရေးပါသည့် သက်ဆိုင်ရာ သတင်းအချက်အလက်အားလုံးကို ယူဆောင်ပေးသည်။ အနီးနားဝန်းကျင်၊ သွားရမည့် ကြာချိန်များ၊ လူဦးရေ၊ နယ်မြေ၏ မြေမျက်နှာသွင်ပြင်၊ တည်နေရာ အခြေအနေနှင့် ယှဉ်ပြိုင်ရမည့် တည်နေရာ အနေအထားတို့ကို ထည့်သွင်းစဉ်းစားနိုင်သည်။

လမ်းကြောင်းရှာဖွေခြင်း

သယ်ယူပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းစဉ်များကို ပိုမိုအကျိုးရှိ အဆင်ပြေလွယ်ကူစေသည်။ ကုန်ကျစရိတ်နှင့် အလေအလွင့်ကို လျော့ချပေးသည်။ ယာဉ်မောင်းနှင်မှုကို လုံခြုံစိတ်ချရမှုရှိစေပြီး customerများကို စိတ်ချမ်းသာစေသည်။

GISနည်းပညာသည် သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် လမ်းကြောင်းများ စီစဉ်ညှိနှိုင်းခြင်းနှင့် global supply chainကို အချိန်နှင့် တပြေးညီ စီးမံခန့်ခွဲခြင်းကဲ့သို့သော အမျိုးမျိုးသော လမ်းကြောင်းများနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ထိန်းချုပ်နိုင်သည်။ 

လုပ်ငန်းရပ်ဝန်းကိုသိမ်းဆည်းခြင်း

စီမံခန့်ခွဲမှုတိုင်းအတွက် ပိုမိုကောင်းမွန်သော နားလည်သဘောပေါက်မှုကို ရရှိသည်။ ကိစ္စရပ်များအတွက် လျင်မြန်စွာ တုံ့ပြန်သည်။ ပျက်စီးဆုံးရှုံးမှုများ မရှိမီ ကြိုတင် ထိန်းသိမ်းစောင့်ကြည့်ခြင်းကို အစီအစဉ်ချမှတ်သည်။ 

လမ်းများ၊ ရေပိုက်များ၊ လမ်းမီးများ၊ ကုမ္ပဏီယာဉ်များ- GISသည် ထိုအရာအားလုံး၏ လုပ်ငန်းစက်ဝန်းကို ဆောင်ရွက်ပေးနိုင်သည်။ GISသည် တည်ရှိရာ နေရာများနှင့် အခြေအနေအရပ်ရပ်ကို ဖော်ထုတ်ပေးသည်။

အနာဂတ်အတွက်အစီအစဉ်ရေးဆွဲခြင်း

လူသားနဲ့ ကမ္ဘာမြေအတွက် အကျိုးရှိမည့် ကြိုတင်ခန့်မှန်း တွက်ချက်မှုများနှင့် သတင်းအချက်အလက်ပါ ဆုံးဖြတ်ချက်တို့ကို ပြုလုပ်ပေးသည်။ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကဲ့သို့သော ရှုပ်ထွေးသည့် စိန်ခေါ်မှုများကို ချိန်ဆရန်အတွက် ဖြစ်နိုင်ချေရှိသော အခြေအနေတို့ကို ပုံဖော်နိုင်သည်။ 

အပူချိန်မြင့်မားမှုကို လျော့ချပေးရန် အကျိုးရှိဆုံးဖြစ်မည့် အစိမ်းရောင်နယ်မြေ တိုးမြှင့်ရန်နေရာအတွက် (သို့မဟုတ်) စီးပွားရေးလုပ်ငန်း တိုးချဲ့ရန်အတွက် လူဦးရေဖွံ့ဖြိုးမှုနေရာကို ခန့်မှန်းခြင်းတွက် GIS analysisသည် သတ်မှတ်ပေးနိုင်သည်။ 

အရေးပေါ်အခြေအနေများအတွက်တုံ့ပြန်ခြင်း

မုန်တိုင်း၊ မီးဘေးနှင့် မြေငလျင်ကဲ့သို့သော အရေးပေါ်အခြေနေ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးချိန်တို့အတွက် အသက်နှင့် ဘဝများကို ကာကွယ်ပေးနိုင်သည်။ 

GISသည် လက်ရှိဖြစ်ပေါ်နေသော အခြေနေ၊ နေရာတို့ကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးခြင်းဖြင့် လိုအပ်မှုအမြင့်ဆုံးနေရာများကို သိရှိစေသည်။ အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့အစည်းများသည် အရေးပေါ်အခြေနေ မဖြစ်ပွားမီးနှင့် ဖြစ်ပြီးကာတွင် အစီအစဉ်ရေးဆွဲခြင်းနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် GISကို အသုံးပြုကြသည်။ 

အစဉ်အမြဲအရေးပါလျက်ရှိသောGISနည်းပညာ

ကျွန်ုပ်တို့ ရင်ဆိုင်တွေ့ကြုံလျက်ရှိသော အကြီးမားဆုံးသော စိန်ခေါ်ချက်များသည် ပထဝီဝင် အနေအထားနှင့် ဆက်စပ်နေကြသည်။ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ၊ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများကဲ့သို့သော ရှုပ်ထွေးသော ပြဿနာရပ်များကို GISနည်းပညာဖြင့် ဖြေလျော့နိုင်သည်။ အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည့် နေရာများကိုလည်း ရှာဖွေနိုင်သည်။ 

ကျွန်ုပ်တို့ မြင်တွေ့ချင်သော အနာဂတ်ကို ပုံဖော်ဖန်တီးရန် GISကို လိုအပ်သည်။ 
GIS နှင့် Esri

Esriသည် အအောင်မြင်ဆုံးသော GIS softwareဖြစ်သည့် ArcGISကို တည်ထောင်သည်။  1969ခုနှစ်မှ စတင်၍ Esri သည် GISလောကတွင် ပထမဦးဆုံး ဦးဆောင်လျက်ရှိပြီး ရှုပ်ထွေးလှသော ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် GISအသုံးပြုသူ အဖွဲ့အစည်းများကို စဉ်ဆက်မပြတ် ပါဝင်ထောက်ပံ့လျက်ရှိသည်။

စတင်ရန်

မိမိလုပ်ငန်းနယ်ပယ်တွင် အသုံးချနိုင်မည့် GISနည်းပညာကို ရှာဖွေလေ့လာနိုင်သည်။ အောင်မြင်ခဲ့သော အကြောင်းအရာ ဇာတ်လမ်းများကို ဖတ်ရှုနိုင်သည်၊ GIS productများနှင့် အသုံးပြုပုံများကို ရှာဖွေနိုင်သည်။

Contact Us

Untitled6

 

for Information- info@esrimm.com

for Technical Support & Licensing  - support@esrimm.com

Untitled5

 

Hot Line:

+95 9 886366874

Untitled4

 

Social Media:

https://www.facebook.com/EsriMM

Youtube: EsriMyanmar