ပြဿနာရပ်များအတွက်အဖြေများ
နည်းပညာဆိုင်ရာ ပြဿနာအခက်အခဲများကို ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် အောက်ဖော်ပြပါ အချက်အလက်များကို ဖန်တီးထားပါသည်။
Esri Myanmar Technical Support team သို့ မဆက်သွယ်မီ အောက်ဖော်ပြပါ အဆင့်များကို ကျေးဇူးပြု၍ လိုက်နာဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
⇒ Esri software error message ဖြစ်လျှင် ပြဿနာ၏ အရင်းအမြစ်ကို အသေအချာ အတည်ပြုပေးပါ။ အခြား ရောင်းချသူထံမှဖြစ်သော database၊ hardware၊ network software ၏ ပြဿနာဖြစ်ပါက၊ Esri Myanmar သည် သင်နှင့် အခြားရောင်းချသူများနှင့် အတူ ဖြေရှင်းပေးပါမည်။
⇒ နည်းပညာဆိုင်ရာ အခြေအနေသည် လုပ်ဆောင်ပုံအဆင့်မှားယွင်းခြင်း (သို့) လူသားအမှားကြောင့် မဟုတ်ကြောင်း သေချာစေရန် လုပ်ငန်းစဉ် ဂရုစိုက်၍ ပြန်လည်လုပ်ဆောင်ရန်။
⇒ အလုပ်ဌာန/ဆာဗာ တစ်ခု၊ တစ်ခုထက်ပိုသော (သို့မဟုတ်) မိမိ၏ အလုပ်ဌာနများ/ဆာဗာများအားလုံးတွင် ပြဿနာဖြစ်ပွားခြင်း ရှိ/မရှိ သေချာရန်လိုအပ်သည်။
⇒ ပြဿနာသည် Datasetတစ်ခု၊ တစ်ခုထက်ပိုသော၊ (သို့မဟုတ်) Dataset အားလုံးတွင် သီးသန့်ဖြစ်ပေါ်ခြင်း ရှိ/မရှိကို စစ်ဆေးရန်။
⇒ ပြဿနာသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်ခြင်း (သို့မဟုတ်) ပုံစံတစ်မျိုးတည်း ဖြစ်၍နေခြင်း ဟုတ်/မဟုတ် စစ်ဆေးရန်။
⇒ ပြဿနာဖြစ်နိုင်ချေရှိသော မိမိကွန်ပျူတာရှိ လက်တလော ပြောင်းလဲမှု အခြေအနေများကို စစ်ဆေးပေးရန်။ အောက်ပါ အခြေအနေများကို ကျေးဇူးပြု၍ စဉ်းစားထည့်တွက်ပေးရန်။
→ product, database, operating system နှင့် network softwareတို့၏ version
→ Client (သို့မဟုတ်) server components
→ Server configuration
→ Security settings
Contact Us
for Information- info@esrimm.com
for Technical Support & Licensing - support@esrimm.com
Hot Line:
+95 9 886366874