အမြင့်မားဆုံးသော အောင်မြင်မှုများဆီသို့
ထိပ်ဆုံးအဆင့်များဆီသို့တက်လှမ်းနိုင်ခြင်း
—
အချိန်နှင့်အမျှ လေ့လာဆန်းစစ်မှုများဖြင့် လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ပါသည်။
ပရောဂျက်များနှင့် လုပ်ဆောင်မှုအဆင့်ဆင့်တိုင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ခြင်း
—
စီးပွားရေးလုပ်ငန်းနှင့် အစိုးရပိုင်းဆိုင်ရာ ခေါင်းဆောင်တို့သည် ပိုမိုအကျိုးရှိ ထိရောက်ပြီး၊ အဆင်ပြေချောမွေ့သော လုပ်ငန်းများလည်ပတ်မှု ပေါ်ပေါက်လာရေးအတွက် နေ့စဉ်နှင့်အမျှ စိတ်ဖိစီးမှုဒါဏ်ကို ခံစားနေရလျက်ရှိသည်။ တီထွင်ဆန်းသစ်မှုကို လိုလားသော ခေါင်းဆောင်များသည် အဓိကကျသော လုပ်ငန်းအခြေအနေညွှန်ပြမှုများကို စောင့်ကြည့်ရန်၊ စီမံခန့်ခွဲရန်နှင့် ပိုင်းခြားလေ့လာဆန်းစစ်ရန် location intelligence ကို အသုံးပြုကြသည်။
တစ်မူထူးခြားသောလုပ်ငန်းပိုင်းရလဒ်များကိုတွေ့မြင်နိုင်ခြင်း
—
မျှဝေဖော်ပြထားသော မြေပုံလုပ်ဆောင်မှုများသည် အချိန်နှင့်တစ်ပြေးညီ ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်သော စီမံခန့်ခွဲမှုများကို စွမ်းဆောင်ပေးနိုင်ပြီး၊ ပြဿနာရပ်များ၏ အဖြေများကိုလည်း အတူတကွ အဖြေထုတ်ပေးနိုင်သည်။
- အချိန်နှင့်အမျှ ကြည့်ရှုနိုင်သော လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များ၊ ဝန်ဆောင်မှုများ၊ ပိုင်ဆိုင်မှုဆိုင်ရာလုပ်ငန်းများ နှင့် အကြောင်းအရာမျိုးမျိုးတို့အတွက် အချိုးအစားကျနပြည့်စုံသောမြေပုံများ၊ ဆန်းစစ်လေ့လာမှုများနှင့် Dashboardများကို လှပသေသပ်စွာဖန်တီးပေးသည်။
- တည်နေရာပါအချက်အလက်များရှိ စံသတ်မှတ်မှုများကို ကြည့်ရှုခြင်းအားဖြင့် ဧရိယာအခြေအနေများကို ဝေဖန်သုံးသပ်ပေးသည်။
- မြေပုံများ၊ appsများနှင့် dashboard တို့ဖြင့် အပြန်အလှန်ချိတ်ဆက်၍ ဒေတာများကို လုံခြုံစိတ်ချစွာ အကျိုးရှိရှိ မျှဝေပေးခြင်းနှင့် စုစည်းတင်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
- စီးပွားရေးလုပ်ငန်းစဉ်များ၏ အရည်အသွေးထိန်းသိမ်းမှုများအတွက် အားသာချက်များစွာပါရှိသည်။
- ပြဿနာရပ်များ၊ ဖြေရှင်းချက်များအတွက် အချိန်ကုန်သက်သာစေသည်။
စွမ်းဆောင်ရည်များ
—
Esri မှ Location Intelligence နည်းပညာကို အသုံးပြု၍ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို စောင့်ကြည့် တုံ့ပြန်ပေးခြင်း
မြေပုံရေးဆွဲခြင်းလုပ်ငန်း
အဓိက အရေးပါသော စီးပွားရေးစီမံကိန်း တိုးတက်မှုများကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ လူဦးရေဆိုင်ရာ အချက်အလက်များ၊ နေရာဒေသများ နှင့် ပိုင်ဆိုင်မှုများကို ပုံဖော်ပြသပေးပါသည်။ အသိုင်းအဝန်းအဖွဲ့အစည်းများအကြား ဖြစ်ပျတ်မှုအခြေအနေအရပ်ရပ်ကို သိရှိစေရန်၊ နည်းဗျူဟာပုံစံရေးဆွဲရန် နှင့် ရင်နှီးမြှုပ်နှံသင့်သည့် နေရာဒေသများကို သိသာ ထင်ရှားစေပါသည်။
အချိန်နှင့်အမျှ ပြောင်းလဲနေမှုများကို ဖော်ပြခြင်းနှင့် ဆန်းစစ်လေ့လာခြင်း
customer များတည်ရှိရာ ပထဝီမြေအနေအထားနှင့် အစုအဖွဲ့အတွင်းရှိ ဖွံ့ဖြိုးရေးအစီအစဉ်များကို နားလည်သိရှိစေရန်နှင့် ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရန် ဖြစ်သည်။ နောက်ဆုံးဖြစ်ပျတ်မှု သတင်းအချက်အလက်များကို အခြေခံ၍ လျင်မြန်စွာဖြင့် ဆုံးဖြတ်ချက်များ ထုတ်ပြန်ရန် ကြီးမားသော ဒေတာအစုနှင့် Internet of Things (IoT) နည်းပညာကို အသုံးပြုထားပါသည်။
Spatial Analysis and Data Science
ဖုံးကွယ်လျက်ရှိသော ပုံစံများနှင့် လမ်းကြောင်းများကို ဖော်ထုတ်ရန် ဆက်သွယ်ချက်များအဖြစ် တည်နေရာကို အသုံးပြုပါသည်။ Machine learningပုံစံများနှင့် artificial intelligence များအဖြစ် တည်နေရာများကို စုစည်းခြင်းအားဖြင့် ပြိုင်ဆိုင်မှုအားကောင်းသော စွမ်းရည်ကို ဖန်တီးပေးပါသည်။