ပါတနာများအတွက်ဈေးကွက်

——

 

overview-banner
overview-parntering-esri

Esriနှင့်လက်တွဲမည့်ပါတနာများ

——

Esriနှင့်လက်တွဲ၍ သင့်ရဲ့ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်သည်။ GISနယ်ပယ်, မြေပုံရေးဆွဲထုတ်လုပ်ခြင်းနှင့် Location intelligence ဈေးကွက်များရှိ သန်းပေါင်းများစွာသော Customerများထံသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အဆက်မပြတ် တိုးတက်လျက်ရှိသော နည်းပညာကောက်ကြောင်းတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေစေရန်၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးနှင့် ကမ္ဘာ့ဈေးကွက်များအတွင်း အသေးစိတ်ကျကျ ပါဝင်နိုင်ပါသည်။ Customerများ၊ ပါတနာများနှင့် Developer သမားများအတွက် ပိုမိုပြည့်စုံကောင်းမွန်သော မြေပုံရေးဆွဲခြင်းနှင့် တည်နေရာဒေတာအချက်အလက်များကို လေ့လာဆန်းစစ်ခြင်းနည်းပညာတို့ကို Esri Geospatial Cloudဖြင့် တည်ဆောက်နိုင်ပါသည်။

စီးပွားရေးအခွင့်အလမ်းများကိုရှာဖွေဖော်ထုတ်လိုက်ပါ→

စီးပွားရေးဈေးကွက်အခြေအနေများ

——

customersများဆီသို့ ရောက်ရှိမည့်လျင်မြန်သောနှုန်း

အတူတကွလက်တွဲကြပါစို့

——

Esriပါတနာများအနေဖြင့် မိမိCustomerများဆီသို့ အရောက်သွားရန်နှင့် Customerများ၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းပေါင်း မြောက်များစွာရှိပါသည်။ မိမိရောင်းချလိုသည့်ပုံစံ၊ အဆင်ပြေနှစ်သက်သော လိုင်စင်ပုံစံနှင့် မိမိသွားရောက်လိုသော Customersအမျိုးအစားအပေါ် အခြေခံ၍ လမ်းကြောင်းတစ်ခုရွေးချယ်နိုင်ပါသည်။

esri-market-intro
esri-market-01

Esriအဖွဲ့သားများနှင့်အတူ ဈေးကွက်ရှာဖွေခြင်းနှင့် ရောင်းချခြင်း

ကျွန်ုပ်တို့၏ဈေးကွက်ရှာဖွေရေးနှင့်အရောင်းအဖွဲ့ဝင်များသည် သင်နှင့်လက်တွဲကာ အခွင့်အရေးများကို အတူတကွ ရှာဖွေချင်ပါသည်။ Esri Customersများ၏ စီးပွားရေးလုပ်ငန်းတွင် လိုအပ်လျက်ရှိသော အဖြေများနှင့် ပြဿနာရပ်များကို ဖြေရှင်းရန်နည်လမ်းကောင်းများကို သင့်အတွက် ကူညီဆောင်ရွက်ပေးသွားပါမည်။

  • သင့်စီးပွားရေးလုပ်ငန်းကိုကူညီတိုးချဲ့၍ ရေရှည်ခိုင်မာသော၊ ယုံကြည်စိတ်ချရသော ဆက်ဆံရေးတစ်ခုဖြစ်စေရန်၊
  • အခက်အခဲ ပြဿနာရပ်များအတွက် အကောင်းဆုံး နည်းလမ်းများပေး၍ Esriအရောင်းအဖွဲ့မှ အတူတကွ ကူညီရောင်းချပေးရန်၊
  • ဈေးကွက်အခြေအနေနှင့် Customerလိုအပ်ချက်များ နားလည်ရန်
esri-market-02

ဖြေရှင်းရန်နည်းလမ်းများပို့ဆောင်ခြင်း

Esri Geospatial Cloudကို အသုံးပြု၍ ပြဿနာရပ်များ အခက်အခဲများအတွက် အဖြေများကို Licensing modelကို အသုံးပြု၍ ရယူနိုင်ပါသည်။ လုပ်ဆောင်ချက်များကို သင့်ရဲ့ Solutionများအတွက် ထည့်သွင်း၍ Customerများထံသို့ တိုက်ရိုက်ရောင်းချနိုင်ပါသည်။

  • Solutionsများအတွက် ဈေးကွက်အတွင်းသို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိခြင်း၊
  • Customer အသစ်များဆီသို့ လွယ်ကူစွာ ရောက်ရှိခြင်း၊
  • မိမိလုပ်ငန်းနှင့် ကိုက်ညီသော ပါတနာလိုင်စင်အမျိုးအစားများကိုရွေးချယ်နိုင်ခြင်း
esri-market-03

Partner Bundle

ArcGIS ဆော့ဖ်ဝဲလ်ကို အပြည့်အဝ အသုံးပြုထားသော ခိုင်လုံသော ဖြေရှင်းနည်းများပါဝင်သော နည်းလမ်းများကို ရောင်းချရန် တရားဝင်လုပ်ငန်းအဖြစ် ရပ်တည်လိုက်ပါ။

  • လိုအပ်သော ကမ်းလှမ်းချက်များထက်ပိုမိုသော Esri productများရရှိစေပြီး၊ ဈေးကွက်အတွင်းသို့ လျင်မြန်စွာရောက်ရှိစေခြင်း၊
  • Customerအသစ်များအတွက် ရိုးရှင်းလွယ်ကူစွာ ဈေးကွက်ထိုးဖောက်နိုင်ပြီး၊ ရှိရင်းစွဲ Esri Customerများအတွက် ဖြေရှင်းနည်းလမ်းများကိုလည်း ပံ့ပိုးကူညီနိုင်ခြင်း၊
  • Customer၏ လုပ်ငန်းလိုအပ်ချက်များအတွက် အကောင်းဆုံး ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို ဦးတည်၍ သင့်ကမ်းလှမ်းမှုများကို အကောင်အထည်ဖော်ဆောင်ခြင်း

စီးပွားရေးအခွင့်အလမ်းများ

Esri Customerများရရှိရန်၊ တိုးတက်လျက်ရှိသောနည်းပညာရေစီးကြောင်းများအပေါ် ရင်းနှီးမြှုပ်နှံရန်နှင့် လုပ်ငန်းနယ်ပယ်များနှင် ကမ္ဘာ့ဈေးကွက်အတွင်းသို့ အသေအချာဝင်ရောက်နိုင်ရန်ဖြစ်သည်။

စီးပွားရေးအခွင့်အလမ်းများကိုရှာဖွေဖော်ထုတ်လိုက်ပါ→

ကျွန်ုပ်တို့၏ပါတနာများအတွက်

သင်၏ နည်းပညာဆိုင်ရာအမြင်များ ချဲ့ထွင်အသုံးချခြင်း၊ ရောင်းအားနှုန်းတိုးပွားအောင်စွမ်းဆောင်ခြင်းနှင့် ပထဝီဝင်အခြေအနေနှင့် GISနည်းပညာများနှင့်အတူ သင်၏ Clientများအတွက် အံဩဖွယ်ကောင်းသော လုပ်ငန်းအခြေအနေများအဖြစ် စွမ်းဆောင်လိုက်ပါ။

ပါတနာတစ်ဦးအဖြစ်ရပ်တည်ရန်→