ဘဏ်လုပ်ငန်း
ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပထဝီဝင်တည်နေရာအရ ရွေးချယ်ခြင်းဖြစ်သည်။ ထိုသို့ ဘဏ်နေရာ ဒေသများ သိရှိခြင်းသည် ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စရပ်များကို နားလည်သဘောပေါက်စေပါသည်။
SUCCESS STORIES
ANZသည် ၎င်းနှင့် ပူးပေါင်းထားသောအမျိုးသားဘဏ်နှင့်အတူ မြေပုံရေးဆွဲခြင်းကို အသုံးပြုခဲ့သည်
အမျိုးသားဘဏ်နှင့် အဖွဲ့အစည်း တစ်ခုတည်း အဖြစ် ပေါင်းစည်းပြီးချိန်တွင် နယူးဇီလန် နိုင်ငံ၏ ANZဘဏ်သည် သုံးစွဲသူ (customers)များ ရေရှည်ထိန်းသိမ်းထားရန်နှင့် စွဲဆောင်နိုင်ရန် ArcGIS softwareကို အသုံးပြုခဲ့သည်။ နာမည်တစ်ခု စတင် တည်ဆောက်ချိန်မှစ၍ တိုးတက်အောင်မြင်သည် အထိ ကြိုးပမ်းအားထုတ်မှုများ ၊ ဝန် ဆောင်မှုများကို တိုးချဲ့နေစဉ်အတွင်း ဘဏ်ဘက်မှ မသိရှိနိုင်သေးသော သုံးစွဲသူများ(customers) ၏ မေးခွန်းများကို ဖြေဆိုရန် မြေပုံဒေတာများရေးဆွဲခြင်းနှင့် စမ်းစစ်လေ့လာမှုများက ရရှိနိုင်မည်ဖြစ်သည်။
မတူညီသောသတင်းအချက်အလက်များကိုခွဲခြမ်းလေ့လာခြင်း
ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများသည် သုံးစွဲသူဖောက်သည်များ၏ လိုအပ်ချက်များကို လေ့လာသိရှိစေခြင်းဖြင့် များစွာသော အကျိုးကျေးဇူးအထောက်အပံ့များ ရရှိစေပါသည်။ အထွေထွေလိုအပ်ချက်များနှင့် သုံးစွဲသူဖောက်သည်များ၏ တုံ့ပြန်မှုများသည် ဘဏ်လုပ်ငန်းဆိုင်ရာ စီးပွားရေးကို ကြီးမားစွာ အကျိုးသက်ရောက်စေပါသည်။ ဒစ်ဂျစ်တယ်မြေပုံများ (Digital Maps)နှင့် Spatial Analysis Toolsများသည် လုပ်ငန်း၏ Sales and Marketingအခြေအနေများကို ကြိုတင်ခန့်မှန်းသိရှိနိုင်ရန်၊ ရှုပ်ထွေးများမြောင်သော မေးခွန်းများအတွက် အဖြေများနှင့် ဆုံးဖြတ်ချက်ချမှုများတွင် အထောက်အပံ့ကောင်းရစေရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်ဆက်စပ်လျက် ရှင်းလင်းနက်နဲစွာ လုပ်ဆောင်ပေးပါသည်။
ဆုံးဖြတ်ချက်တစ်ခုမချမီခြုံငုံလေ့လာရန်
ငွေကြေးဆိုင်ရာဒေတာများကို မြေပုံပေါ်တွင် ပုံစံရေးဆွဲ၍ ဆန်းစစ်လေ့လာခြင်း၊ ခန့်မှန်းတွက်ချက်ခြင်း၊နှိုင်းယှဉ်လေ့လာခြင်းများ လုပ်ဆောင်ခြင်းဖြင့် ရလဒ်များထွက်ပေါ်စေပြီး၊ ပြိုင်ဘက်လုပ်ငန်းများထက် ဦးစွာ နည်းဗျူဟာများရေးဆွဲ ဆုံဖြတ်ချက်ချနိုင်သည်။
ဈေးကွက်အသစ်များနှင့် အခွင့်အလမ်းအသစ်များရှာဖွေပါ
အသုံးပြုသူဖောက်သည်များ၏ လိုအပ်ချက်များကို လေ့လာသုသေတနပြုလုပ်၍ ပိုမိုခိုင်မာသော ရင်းနှီးမတည်ငွေများ မြှုပ်နှံရန် ဈေးကွက်စီမံကိန်းအသစ်များ ရေးဆွဲခြင်း။
ဝန်ဆောင်မှု(Customer Service)အရည်အသွေးထိန်းသိမ်းခြင်း
အသုံးပြုသူဖောက်သည်များအတွက်ဝန်ဆောင်မှုတန်ဖိုးကိုတိုးမြှင့်ခြင်းနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အရည်အသွေးခိုင်ခိုင်မာမာဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်း။
အခွင့်အရေးများနှင့်ဖြစ်နိုင်ချေရှိသောအန္တရာယ်များကိုကြိုတင်သိရှိခြင်း
.စာရင်းဒေတာများမှ ပထဝီဝင်မြေအနေအထားတည်နေရာအဖြစ်ပြောင်းလဲ၍ Customer Serviceတိုးမြှင့်ရန်နှင့် ဘဏ်ဝန်ဆောင်မှုအရည်အသွေးများ တိုးတက်ရန်။
စီမံခန့်ခွဲမှုအလုပ်အမှုဆောင်
ဈေးကွက်ရေးစီးကြောင်းကိုပုံဖော်ခြင်းနှင့် အခွင့်အလမ်းများကို ဦးဆောင်ရယူပိုင်ဆိုင်နိုင်ရန်။
ပိုင်ဆိုင်မှုဆိုင်ရာစီမံခန့်ခွဲခြင်း
Customerဝန်ဆောင်မှုအရည်အသွေးတိုးတက်လာစေရန်နှင့် ပြန်လည်ရင်နှီးမြှုပ်နှံမှုများတိုးတက်မြင့်မားလာစေရန်။
ခွဲခြမ်းလေ့လာခြင်းနှင့် စီးပွားရေးအမြင်ရှိမှု
ဈေးကွက်ရေစီးကြောင်းကို သတ်မှတ်လေ့လာခြင်း။
ပွဲအခမ်းအနားသတင်း

Esri User Conference